ပေါင် ၂ ဘီလီယံအသုံးပြုထားတဲ့ ရုရှားရဲ့ ကိုယ်ပျောက်စစ်တပ်

ပေါင် ၂ ဘီလီယံအသုံးပြုထားတဲ့ ရုရှားရဲ့ ကိုယ်ပျောက်စစ်တပ်

ရုရှားက သူတို့ရဲ့မကြာခင်ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ စစ်သုံးဦးထုတ်ဟာ တောတောင်တွေထဲမှာ သူတို့စစ်သားတွေကို ရုတ်တရက်ဘယ်လိုမှသတိထားမိစေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အဓိကကတော့ ဦးထုတ်မှာအသုံးပြုထားတဲ့ Mimics Material ကြောင့်ဖြစ်ပါတယ်။

ရုရှားစစ်မှုအင်ဂျင်နီယာများဥက္ကဌ Sergey Chemezov က “ ကျွန်တော်တို့အဓိက ကြိုးစားတီထွင်ရမှာက ဦးထုတ်အပေါ်ကာဗာမှာအသုံးပြုမယ့် သဘာဝပတ်ဝန်းကျင်အလိုက်အရောင်ပြောင်းလဲမယ့် Mimics Material ပဲဖြစ်တယ်။

ါကိုလည်းမကြာခင်မှာ ထုတ်ဖော်ပြသနိုင်မှာပါ။ စမ်းသပ်မှုကလည်းတော်တော်ခရီးရောက်နေပါပီ။ အကယ်၍ အောင်မြင်ခဲ့ပါက ရုရှားစစ်တပ်ရဲ့ အနာဂတ်ကိုယ်ပျောက်နည်းပညာဖြစ်လာမှာပါ။ ဒီနည်းပညာကို တင့်ကားတွေနဲ့ အခြားစစ်ဘက်သုံးယာဉ်တွေမှာပါ တွင်ကျယ်စွာအသုံးပြုသွားမှာပါ။” လို့ပြောပါတယ်။

ဒီ Project ကိုအကောင်အထည်ဖော်ဖို့ ရုရှားအစိုးရက ပေါင် ၂ဘီလီယံအသုံးပြုထားပီးနောက်လာမယ့် ခုနှစ်နှစ်မှာ တွင်ကျယ်စွာအသုံးပြုနိုင်မယ်လို့ ရည်မှန်းထားပါတယ်။ ဒါ့အပြင် ဗြိတိန်က သူတို့ရဲ့ စွမ်းရည်မြင့် Typhoon Fighter Jet ကို ၂၀၃၅ မှာ ထုတ်ဖော်ပြသမယ့်လို့လွန်ခဲ့တဲ့ ရက်အနည်းငယ်ကဆိုထားတာဖြစ်တဲ့အတွက် ရုရှားနဲ့ ဗြိတိန်တို့ရဲ့ နည်းပညာ ဘယ်သူဦးမလဲစောင့်ကြည့်ရမှာပါ။

Typhoon ရဲ့နည်းပညာကို BAE System, Engine ကို Rolls-Royce, တပ်ဆင်မယ့် Missiles တွေကို MBDA က ပံ့ပိုးပေးသွားမယ်လို့ သတင်းရထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

ရေးသားသူ – စပွန့်
Daily Hot News

Comments are closed.