ပါကစ္စတန်က F-16 ကို တစ်လွဲသုံးခဲ့သလားဆိုတာအပေါ် အမေရိကန် စုံစမ်း

ပါကစ္စတန်က F-16 ကို တစ်လွဲသုံးခဲ့သလားဆိုတာအပေါ် အမေရိကန် စုံစမ်း

ါကစ္စတန်နိုင်ငံဟာ အိန္ဒိယကို တိုက်ခိုက်ချိန်မှာ သဘောတူညီချက်ကို ချိုးဖောက်ပြီး အမေရိကန်လုပ် F16 တိုက်လေယာဉ်ကို တစ်လွဲသုံးခဲ့သလားဆိုတဲ့အပေါ် သတင်းအချက်အလက် ပိုမိုရရှိဖို့ အမေရိကန်က စုံစမ်းလျက်ရှိနေပါတယ်။

ကက်ရှ်မီးယားက အိန္ဒိယစစ်စခန်းတွေကို ပါကစ္စတန်က လေကြောင်းစစ်ဆင်ချိန်မှာ အမေရိကန်လုပ် F16 တိုက်လေယာဉ်ကို ဖြန့််ကြက်ခဲ့တာကို သက်သေပြနိုင်တာအဖြစ် AMRAAM ဒုံးကျည်အပိုင်းအစကို အိန္ဒိယလေတပ်က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

ပါကစ္စတန်ကတော့ ဒီတိုက်ခိုက်မှုတွေမှာ F16 တိုက်လေယာဉ်ကို အသုံးမပြုကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြတ်ပြတ်သားသား ငြင်းထားပြီး ပါကစ္စတန်စစ်လေယာဉ်တစ်စီးကို အိန္ဒိယလေတပ်က ပစ်ချခဲ့တယ်ဆိုတာကိုလည်း ငြင်းဆန်ထားပါတယ်။

“ဒီသတင်းကို ကြားသိပါတယ်။ ပိုမိုပြီး သတင်းအချက်အလက်ရဖို့ ကြိုးစားနေပါတယ်။”လို့ အိန္ဒိယနဲ့ နယ်စပ်ထိပ်တိုက်တွေ့မှုမှာ ပါကစ္စတန်ဟာ အမေရိကန်နဲ့ သဘောတူညီချက်ကို ချိုးဖောက်လားလို့ မေးခွန်းထုတ်တာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဖြေခဲ့တာ ဖြစ်ပါတယ်။

“ပြည်ပစစ်လက်နက်ရောင်းချမှု စာချုပ်မှာ အများမသိအောင် မဖော်ပြရဆိုတာအတွက် ဒီ F16 အရောင်းအ၀ယ်မှာ ဘာတွေသဘောတူထားတယ်ဆိုတာကိုတော့ မပြောနိုင်ပါဘူး။”လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး ကိုနီဖော့ကနာက ပြောပါတယ်။

တစ်ကမ္ဘာလုံးမှာ နည်းပညာမြင့်စစ်လက်နက် အများဆုံးရောင်းချတဲ့ အမေရိကန်ဟာ လက်နက်ရောင်းချမှု သဘောတူညီအပေါ် အစဉ်စောင့်ကြည့်လျက်ရှိပြီး တစ်လွဲသုံးတနဲ့ ပတ်သက်ပြီးလည်း အရေးယူမှုတွေ ရှိပါတယ်။

နောက်ဆုံး ဆုံးဖြတ်ချက် မလုပ်ခင်တော့ မြေပြင်အချက်အလက်တွေ ခိုငမာဖို့ လိုအပ်ပါတယ်။ တကယ်လို့ ပါကစ္စတန်ဟာ F16 သဘောတူညီချက်ကို အမေရိကန် လက်မှတ်ထိုးတဲ့အပေါ် ချိုးဖောက်မှုရှိလာရင်တော့ မြေပြင်အချက်အလက်တွေ တည်ဆောက်ပြီး ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Rf; India Today
Writer_မောင်သံဆင့် ( Daily Hot News )

Comments are closed.