ခြိမ့်ကေကိုကို ပညာသားပါပါဝေဖန်လိုက်တဲ့ ကျော်ထက်အောင်

ခြိမ့်ကေကိုကို ပညာသားပါပါဝေဖန်လိုက်တဲ့ ကျော်ထက်အောင်

ကျော်ထက်အောင်ဟာ Myanmar Idol ပွဲကြီးနဲ့ ပရိသတ်မျက်စိရှေ့ကိုရောက်လာခဲ့သူတစ်ဦးဖြစ်ပြီး အခုဆိုရင်တော့ ရုပ်ရှင်ကားတွေတော်တော်များများရိုက်ထားပြီးတဲ့ အတွေ့အကြုံရှိမင်းသားတစ်လက်ဖြစ်လို့နေပါပြီ။ကျော်ထက်အောင် က မီဒီယာတွေနဲ့ အင်တာဗျူးမှာ မြန်မာ Idol ပြိုင်ပွဲကိုဝင်ပြိုင်ရာကနေပြီး ငှက်ပျောသီးအကျွေးခံရပြီး ဟုန်းခနဲထတောက်အောင်မြင်လာတဲ့ ခြိမ့်ကေကိုအပေါ် သူ့ရဲ့အမြင်နဲ့ အကြံပေးမှုတွေကို ဖြေကြားထားပါတယ်။

ကျော်ထက်အောင်က ခြိမ့်ကေကို အောင်မြင်လာတာဝမ်းသာပေမယ့် နှစ်တွေအကြာကြီးကြိုးစားလာတဲ့လူတွေအတွက်နစ်နာမှုတွေဖြစ်ရကြောင်း “Celebrity တန်းကိုဝင်လာတာ Welcome ပါ။ ဒါပေမယ့် နှစ်ပေါင်းများစွာကြိုးစားလာတဲ့လူတွေ နှစ်ပေါင်းများစွာ ရင်းနှီးပြီးတော့မှ ပညာတွေသင်လာတဲ့လူတွေအတွက်နစ်နာတာပေါ့နော်။အဲဒါမျိုးတော့ရှိပါတယ်”လို့ ပြောထားပါတယ်။

ခြိမ့်ကေကိုကို ဘေးကနေ ဆုံးမပြောကြားမယ့်သူလိုအပ်နေကြောင်းကိုလည်း “ဒါပေမယ့် ဒီကလေးကို သူ့ကိုယ်သူသိအောင် ဆုံးမပေးမယ့်သူ ပြောပေးမယ့်သူရှိရင်ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီလိုဒီလိုနေရင်းနဲ့ Kelvin Kate တို့လို ဖြစ်လာမယ်ဆိုရင်တော့ သူ့အတွက် chance တွေအများကြီးပေါ့နော်၊သူ့ future ပိုကောင်းသွားမယ်ပေါ့နော်။အဲဒါလေးတစ်ခုပါပဲ”လို့ ဝေဖန်ထားပါတယ်။

ဒါ့အပြင် ခြိမ့်ကေကိုအနေနဲ့ သူ့ကိုယ်သူအခြေအနေမသိပဲဖြစ်နေတာဟာလည်း ကိုယ်ချင်းစာလို့ရတဲ့ အရာတစ်ခုဖြစ်ကြောင်း “မှန်ပါတယ် သူ့ဘက်ကကြည့်ရင်လည်း ကိုယ်တွေတောင်မှတစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်မသိဘူးလေ။ သူများရဲ့အမြင်နဲ့ကိုယ့်အမြင်က ကွာသေးတာကိုး။ လူတွေအကုန်လုံးက ဒီလိုပါပဲ။ အဖြူလို့ပြလိုက်ပေမယ့် ဆင်စွယ်ရောင်မြင်ချင်မြင်တာပဲ။မာကျူရီရောင်မြင်ချင်မြင်တာပဲ။ ဒါတွေကွာတာပေါ့နော်” လို့ ပြောပြထားပါတယ်။

ကျော်ထက်အောင်က Facebook မှာ ခေတ်စားသမျှတွေကို “ကြည့်ဖြစ်ပါတယ်။အကုန်ကြည့်ဖြစ်ပါတယ်။ ထျန်ပါးလား ထျန်ခေးလား။ ဖက်ရှင်ကင်း အဲဒါတွေလည်းကြည့်ဖြစ်ပါတယ်။ တစ်ခါတစ်လေကျရင်အချို့ကာရိုက်တာတွေအတွက် ဒီလိုလူတွေကလိုပါတယ်”လို့ ပညာသားပါပါလေး ဝေဖန်ထားပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျော်ထက်အောင်နဲ့ ခြိမ့်ကေကိုကို ချစ်ကြလား။ ခြိမ့်ကေကိုဟာ ကျော်ထက်အောင်ပြောသလိုပဲ ဆုံးမပေးမယ့်သူလိုနေတာလား။ ခြိမ့်ကေကိုရဲ့ နောက်ထပ်ထွက်လာမယ့်သီချင်းတွေကိုရောအားပေးကြမှာလား။

Crd – ပြောချင်လွန်းလို

Comments are closed.