အိမ်ထောင်ပြုဖို့ ရွေးချယ်စဉ်းစားနေပြီဆိုတဲ့ ပပဝင်းခင်

အိမ်ထောင်ပြုဖို့ ရွေးချယ်စဉ်းစားနေပြီဆိုတဲ့ ပပဝင်းခင်

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာလောက်က ဗီဒီယိုဇာတ်လမ်းတွေ ၊ Music Video မှာ တွေ့ရမြင်ရများပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့မြန်မာဆန်တဲ့အလှပိုင်ရှင် သရုပ်ဆောင်ပပဝင်းခင်ဟာဆိုရင်တော့ ပရိသတ်ရှေ့မှာမြင်ရတာနည်သွားနေပါပြီ။ သူထူးစံရဲ့မင်္ဂလာပွဲကိုတက်ရင်း Myanmae Cele7 နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့သူ့အကြောင်းတွေရှိပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင် ပြန်ပြောပြလိုက်ပါတယ်နော်။

သူထူးစံနဲ့သူရဲ့ကြားက အမှတ်တရအဖြစ်ပျက်တွေကို “ အစ်ကိုနဲ့က ၃နာရီ ၃၅ မိနစ် ရဲကားပေါ့နော် ဖြစ်ရပ်မှန်ကားလေးရိုက်ဖြစ်တော့ အဲ့ဒီကားမှာပေါက်သွားတာ အဲ့ဒီတုန်းကတော့ ကိုယ်က ပရိသတ်သိပ်မသိသေးဘူး ။ အဲဒီတုန်းက အဲ့ဒီကားမှာ ပရိသတ်တွေက ကိုသူထူးစံကို အရမ်းကြိုက်သွားတာ။ အစ်မကိုလည်း ပရိသတ်တွေက အဲ့ဒီကျမှာသတိထားမိသွားတာပေါ့နော်။ အဲ့ဒီမတိုင်ခင်တုန်းကတော့ တောက်လျှောက်ရိုက်နေတာပေါ့နော် ဒါပေမယ့်နှစ်ယောက်စလုံးက အဲ့ဒီကားမှာအတွဲလို ဖြစ်သွားတော့ နောက်ပိုင်းမှာလဲတော်တော်များများရိုက်ဖြစ်သွားတာပေါ့။ Lucky 7ကားတွေတော်တော်များများလဲ ပပတို့ရိုက်ဖြစ်သွားတာပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေကိုလည်း “ အခုပိုးထည်ကြောငြာရိုက်ဖို့ရှိတယ်။ Cosmetic လေးတွေအတွက် ဓာတ်ပုံရိုက်ဖို့ရှိပါတယ်”လို့ပြောသွားပြီး

သူတစ်ကိုယ်တည်းအပျိုကြီးလုပ်နေရတဲ့အကြောင်းအရင်းတွေကိုလည်း “ အစ်မကျတော့လေ အစ်မ အဖေ အမေကိုအချိန်ပေးဖြစ်တာများတယ် နောက်ပြီးတော့ အိမ်ကအဖေ့စီးပွားရေးတွေကို ဝိုင်းကူလုပ်ဖြစ်တာများတော့ တစ်ခါတလေကျရင်အချိန်ကကုန်မှန်းမသိကုန်နေတာလေ။ အဓိကက မိသားစုကိုအချိန်ပေးဖြစ်တာပိုများနေတာပေါ့နော်။ အဓိကက အိမ်ထောင်ပြုတာနောက်ကျတာမနောက်ကျတာထက် ကိုယ်ရွေးချယ်တာမှန်ကန်ဖို့ပဲလိုတာလေ။ ငယ်ငယ်တည်းကလည်းကိုယ့်ကိုကမ်းလှမ်းတာတွေရှိတာပဲ ။ ရွေးသင့်တဲ့သူတွေကိုလည်းတွေ့ခဲ့တာပဲ ။ ဒါပေမယ့်ဖူးစာပေါ့။ အဓိကကအစ်မကကံကောင်းတာပေါ့နော်။ အစ်မကို Propose လုပ်တဲ့သူတော်တော်များများက အသောက်အစားကင်းပြီးတော့ရွေးသင့်တဲ့လူတွေများပါတယ်။ အစ်မကိုယ်တိုင်ကလည်း အဓိကက အစ်မချစ်ဖို့လိုတယ်။ ပြီးတော့ အစ်မကိုလည်း သစ္စာရှိရှိချစ်မယ့်လူမျိုးပေါ့။

မြန်မာမိန်းကလေးတစ်ယောက်က ကျတော့ ကိုယ့်အပေါ်သစ္စာရှိမယ် ၊ ကိုယ့်အပေါ်တန်ဖိုးထားရမယ်၊ ကိုယ့်အပေါ်တန်ဖိုးထားရမယ် ။ အဲ့တာက အဓိကပဲလေ။ ကိုယ်တွေ အစ်မတွေအမေတွေက အကုန်လုံးကံကောင်းတော့ ကိုယ့်အလှည့်ကျရင်လည်း ကိုယ်ကအရွေးမမှားဖို့ပဲ အဓိကကလည်း ကိုယ့်ရဲ့ရွေးချယ်မှုက အဓိကကျပါတယ်။”လို့ပြောပြီး အိမ်ထောင်ပြုဖို့ကိုစဉ်းစားနေပြီလားဆိုတော့ စဉ်းစားနေပါတယ်။ စဉ်းစားနေတယ်ဆိုတာက အဲ့ဒီလိုပေါ့နော် ကိုယ်နဲ့အဆင်ပြေမလား ကိုယ်ရေရှည်မှာ ကိုယ်ရောချစ်နိုင်မလားသူရောချစ်နိုင်မလားပေါ့။ အဓိက ကဖူးစာပါလို့ရှိရင်လေ ဘယ်အရာမှရှောင်လွဲလို့မရဘူး ။အဓိကက စိတ်ပျိုကိုယ်နုပေါ့နော့ ။ အသက်တော့ သူဟာသူသွားနေမှာပဲ.။ စိတ်ပျိုကိုယ်နုတော့ အရာအားလုံးကလှနေတယ်လေ နော်။”လို့ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.