အဖေနဲ့အမေကိုပါမချန်Tiktok ထဲဆွဲထည့်ကာ ချစ်စ ရာ ကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ဗီဒီယိုလေး တစ်ပုဒ်ဆော့ ပြလိုက်တဲ့ စံထိပ်ထားဦး

အဖေနဲ့အမေကိုပါမချန်Tiktok ထဲဆွဲထည့်ကာ ချစ်စ ရာ ကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ဗီဒီယိုလေး တစ်ပုဒ်ဆော့ ပြလိုက်တဲ့ စံထိပ်ထားဦး

မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိဘဲ ရပ်တည်လာခဲ့တဲ့မင်းသမီးချော တစ်ယော က်ပဲဖြစ်ပါတယ်။ သူမကိုချစ်တဲ့ပရိသတ်တွေကလည်း သူမရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်သူ စံထပ်ထားဦးကိုလည်း သူမနည်းတူချစ်ပေး ကြ တာဖြစ်ပါတယ်။ မေမေခိုင်သင်းကြည်ကလည်း အသက်ကြီးလာတာနဲ့အမျှ သမီးလေးနဲ့အတူ ညီအစ်မတွေလို့ ထင်ရက်ရအောင် လှပ လွန်းနေသူဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက ပရိသတ်တွေနဲ့မစိမ်းတဲ့ သူမရဲ့သမီးလေးကတော့ ခုဆိုရင် ဆယ်ကျော်သက်အရွယ်လေးဖြစ်လို့ လှသွေးကြွယ်နေပါပြီ နော .်…ထိပ်ထိပ်လေးက လိမ္မာယဉ်ကျေးမှုရှိပြီး ပညာရေးမှာလည်း ထူးချွန်သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်နဲ့ ဖေဖေခန့်နိုင်တို့က ဂုဏ်ယူနေရတာဖြစ်ပါတယ်။ ခုရက်ပိုင်းမှာလည်း ထိပ်ထိပ်လေးက မေမေနဲ့အတူ တစ်တော့တွေလည်း တွဲဆော့နေတာကြောင့် သူမရဲ့ပရိ သတ်တွေက ပိုပြီးများပြားလာနေပြီဖြစ်ပါတယ်။

ထိပ်ထိပ်လေးကရုပ်ရှင်ရိုက်ကူးမှုတွေ မရှိသေးပေမယ့် အမေ့ရဲ့ သင်ကြားပြသပေးမှု တွေကြောင့် အိုက်တင်ပိုင်းမှာ ကွက်တိကျအောင် သရုပ် ဆောင် တတ်နေပါပြီး မေမေဖြစ်သူနဲ့အတူ အပြိုင်လှပနေတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း ထိပ်ထိပ်လေးက သူ့ရဲ့အဖေနဲ့အမေ ပေါင်းစပ်လို့ သူမဖြစ်လာပုံလေးကို ကလေးစိတ်ကူးဉာဏ်လေးနဲ့Tiktok ဗီဒီယို‌လေးကို တင်ပေးလာတာ ဖြစ်ပါတယ်။

သူမ တင်ထားတဲ့ ဗီဒီယိုအောက်မှာတော့ပရိသတ်တွေက သဘောကျနေကြပြီး းချစ်ကြောင်းလေးတွေရေးသားထားခဲ့ကြပါသေးတယ်။ ခိုင်သင်းကြည်မို့ မိသားစုကိုချစ်ကြတဲ့ပရိသတ်ကြီးလည်းထိပ်ထိပ်လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကိုကြည့်ပြီး တစ်ခုခုပြောပေး သွား ကြပါအုံးနော်…

Source: San Htae Htar Oo

Comments are closed.