ဗဟိုဘဏ်နှင့်ဘဏ်အရာရှိအမည်များကို အလွဲသုံးစားလုပ်ပြီး ကျပ်သိန်းပေါင်း သိန်းနဲ့ချီပြီး လိမ်လည်သွားတဲ့ လိမ်လည်မှုကြီးကို ဖွင့်ချ

ဗဟိုဘဏ်နှင့်ဘဏ်အရာရှိအမည်များကို အလွဲသုံးစားလုပ်ပြီး ကျပ်သိန်းပေါင်း သိန်းနဲ့ချီပြီး လိမ်လည်သွားတဲ့ လိမ်လည်မှုကြီးကို ဖွင့်ချ

စီးပွားရေးလုပ်ငန်းသုံးခု ပြောင်း၍ သုံးနှစ်အတွင်းလူပေါင်း များစွာထံမှ ကျပ်သိန်းပေါင်းသိန်း နှင့်ချီ လိမ်လည်ခဲ့သည့်အမျိုးသမီးအကြောင်းကို ၎င်းနှင့် လုပ်ငန်း အတူလုပ်ကိုင်ခဲ့သူများက ဖေ ဖော်ဝါရီလကုန်တွင် သတင်း စာရှင်းလင်းပွဲပြုလုပ်၍ ဖွင့်ချ လိုက်ကြသည်။ ဗဟိုဘဏ်နှင့် ဗဟိုဘဏ် အရာရှိများ၏ အမည်ကိုအလွဲသုံး စားလုပ်ကာ ကိုယ်ပိုင်ဒစ်ဂျစ် တယ်ငွေကြေးယူနစ်တစ်ခုဖန်တီး ခဲ့သူအဆိုပါအမျိုးသမီးသည် လက်ရှိတွင် အကျဉ်းထောင်အ တွင်းရောက်ရှိနေပြီး အမှုရင်ဆိုင် နေရပြီဖြစ်သည်။

ငွေလိမ်ခံရသူစုစုပေါင်း ၁၅ ဦးက ထိုအကြောင်းအရာကို သ တင်းစာရှင်းလင်းပွဲပြုလုပ်ဖွင့်ချ ခဲ့ခြင်းဖြစ်ပြီး ငွေကြေးလိမ်လည်ခံ ရသူများထဲတွင် အငြိမ်းစားတရား သူကြီးများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာအငြိမ်းစားများနှင့် စီး ပွားရေးလုပ်ငန်းရှင်များ ပါဝင် သည်။ လိမ်လည်ခံရသူစုစုပေါင်း သုံးထောင်ကျော်ရှိပြီး ကျပ်သိန်း ပေါင်းသိန်းနှင့်ချီဆုံးရှုံးခဲ့သည်ဟု နစ်နာသူများက ခန့်မှန်းတွက်ချက်၍ပြောသည်။လန်ဒန်အခြေစိုက် Mike Scott ဆိုသော အမျိုးသားတည် ထောင်သည့် M Globally ဟု အ မည်ရသည့်အစုရှယ်ယာလုပ်ငန်း ကို ၂၀၁၇ ဇန်န၀ါရီတွင် ဒေါ်နန်းစန္ဒာလင်းဆိုသောအမျိုးသမီးက အစပျိုးကာ ရှယ်ယာရှင်များစွာ ဖိတ်ခေါ်ခဲ့ရာမှ စတင်ခဲ့သည်။

ဖျော်ဖြေရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဂိမ်းစက်လုပ်ငန်းများလုပ်ကိုင် မည်ဆိုပြီး ရှယ်ယာများကို အမေ ရိကန်ဒေါ်လာဖြင့် စတင်ရောင်းချ ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများက ပြောသည်။ ငွေ ကြေးအမြတ်ပေးသည့်ပုံစံမှာ ကန်ဒေါ်လာတစ်သောင်းထည့် ၀င်ပါက တစ်နေ့လျှင် ဒေါ်လာ ၉၀ အမြတ်ရရှိပြီး သတ်မှတ်ရက် တွင် ပြန်လည်ထုတ်ပေးသည့် စနစ်ဖြစ်သည်ဟု ၎င်းတို့က ဆက် လက်ပြောသည်။အစုရှယ်ယာဝယ်ယူသူများ ကို ဒူဘိုင်းခရီးစဉ်၊ အမေရိကန် နိုင်ငံ လာ့စ်ဗီးဂတ်စ်ခရီးစဉ်များ ပို့ပေးမည်ဟု ဆွဲဆောင်ကာ အမှန်တကယ်လည်း ဒူဘိုင်းသို့ ပို့ ခဲ့သည်ဟု ထိုစဉ်ကငွေကြေး ထည့်ဝင်ခဲ့သူဒေါ်ဝင်းမာက ပြော သည်။

‘‘အဲဒီမတိုင်ခင် ကျွန်မတို့က MLM (ဆင့်ပွားဈေးကွက်ရှာဖွေ ရေး)လုပ်တယ်။ နောက်ပိုင်းသိပ် အဆင်မပြေတော့ဘူးဆိုပြီး ဒီ လုပ်ငန်းဘက်ကို ပြောင်းကြည့် တာ။ အဲဒီတုန်းက သူကရုံးခန်း တွေ ဘာတွေကြီးကြီးကျယ်ကျယ် မဖွင့်ရသေးဘူး’’ ဟု ဒေါ်လာသုံး သောင်းခန့်ဆုံးရှုံးခဲ့သည်ဆိုသော ဒေါ်ဝင်းမာက ပြောသည်။၂၀၁၇ ဧပြီတွင် ဒေါ်နန်းစန္ဒာ လင်းက အဆိုပါလုပ်ငန်းကိုရွှေဂုံ တိုင်တာဝါ၌ ရုံးခန်းတစ်ခု ဖွင့်လှစ်ပြီး ရှယ်ယာထည့်ဝင်သူ များကို ထပ်မံဖိတ်ခေါ်ခဲ့သည်ဟု လည်း သတင်းစာရှင်းလင်းပွဲပြု လုပ်သူများကဆိုသည်။

‘‘အဲဒီအချိန်ထိ ရှယ်ယာ ထည့်နေတဲ့ဘယ်သူကမှ လန်ဒန် က Mike Scott ဆိုတဲ့လူနဲ့လည်း မတွေ့ဖူးဘူး။ ရုပ်လည်း မမြင်ဖူး ခဲ့ဘူး။ သူကတော့ နိုင်ငံခြားကို သွားရင် Mike Scott ဆိုတဲ့လူနဲ့ တွေ့ပြီး ပြန်လာတာဆိုတာကို လည်း ကျွန်မတို့ယုံခဲ့မိတယ်’’ ဟု ကန်ဒေါ်လာနှစ်သောင်းခွဲခန့်ဆုံး ရှုံးခဲ့သည်ဆိုသော အမျိုးသမီး တစ်ဦးက ပြောသည်။၂၀၁၇ မေတွင် ရှယ်ယာနှင့် ပတ်သက်သည့်ငွေကြေးများကို ပြန်မအမ်းနိုင်ခြင်း၊ အတိုးပုံမှန် မပေးနိုင်ခြင်းစသည့်ပြဿနာများ ဖြစ်လာကြောင်း ငွေကြေးဆုံးရှုံး သူများက ရှင်းပြသည်။ထို့နောက် နောက်တစ်လ ကြာသည့်အခါ ဒေါ်နန်းစန္ဒာလင်း က ငွေများကိုပြန်မအမ်းဘဲ AOR (အင်းဝအာယု)ဆိုသည့် ဒစ်ဂျစ် တယ်စီးပွားရေးလုပ်ငန်းတစ်ခုနှင့် ရှယ်ယာရှင်များကို ထပ်မံမိတ် ဆက်ခဲ့သည်ဟု ၎င်းတို့ကဆို သည်။

‘‘အရင်လုပ်ငန်းကလည်း ဆာဗာ (အချက်အလက်သို လှောင်စနစ်)ပဲပျက်သလိုလို၊ သူ ဌေးပဲပြောင်းသလိုလိုနဲ့ဆိုတော့ ပြဿနာတွေ တက်ကြသေး တယ်။ အဲဒီမှာ သူက ရှယ်ယာရှင် တွေထည့်ဝင်ထားတဲ့ငွေက ရှိပါ တယ်။ လုပ်ငန်းပဲပြောင်းတာပါ။ ရှင်တို့ငွေတွေ စိတ်ချရပါတယ် ပေါ့’’ဟု ဒေါ်ဝင်းမာကပြောသည်။AOR (အင်းဝအာယု)ဆို သည့်လုပ်ငန်းသည် ဒစ်ဂျစ်တယ် ငွေကြေးယူနစ်ဖြင့်အသုံးပြုသည့် လုပ်ငန်းသဘောမျိုးဖြစ်သည်။ ဥပမာ ဒေါ်လာတစ်ထောင်ထည့် ၀င်လျှင် ကိုးလအတွင်းပွိုင့်၁,၆၀၀ ရရှိမည်ဖြစ်သည်။ သို့သော် ထို ပွိုင့် ၁,၆၀၀ ဆိုသည်မှာ ငွေသား မဟုတ်ဘဲ AOR လုပ်ငန်းဝက်ဘ် ဆိုက်တွင် အမှတ်များသာရရှိခြင်း ဖြစ်သည်။ လက်ငင်းငွေသား မဟုတ်ပေ။

ထိုပွိုင့်ကို RP ဆိုသည့်၎င်း ဖန်တီးထားသည့်ဒစ်ဂျစ်တယ်ငွေ ကြေးယူနစ်တစ်ခုအဖြစ် ပြန် လည်ပြောင်းလဲခဲ့ပြန်သည်ဟု လည်း သတင်းစာရှင်းလင်းပွဲပြု လုပ်သူများကဆိုသည်။ဒေါ်လာတစ်ထောင်ထည့် ပါက ဖန်တီးထားသည့် ဒစ်ဂျစ် တယ်ငွေကြေး 891 RP ရရှိပြီး 1 RP လျှင် မြန်မာငွေကျပ်၁,၅၀၀ တန်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။အဆိုပါဒစ်ဂျစ်တယ်ငွေ ကြေးစနစ်များကို အမှုရင်ဆိုင်နေ ရသူ ဒေါ်နန်းစန္ဒာလင်းက ထူ ထောင်ခြင်းဖြစ်ပြီး ယင်းငွေကြေး ဖြင့် ဂိမ်းစက်များ၊ လုပ်ငန်းများ ဖန်တီးမည့် AOR.Shop.com.mm အမည်ရ Online ဈေးကွက် ကြီးတစ်ခုတွင်လည်း RP Unit ဖြင့် ဈေးဝယ်ယူနိုင်မည်ဟုပြော ခဲ့ကြောင်း ငွေကြေးဆုံးရှုံးသူအချို့ ကဆိုသည်။

‘‘အဲဒီတုန်းက ကျွန်မတို့က သိပ်သေချာနားမလည်ဘူး။ ဒါပေ မဲ့ အလားအလာကောင်းမယ့်စီး ပွားရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ဆိုပြီး အဆွယ်အရမ်းကောင်းခဲ့ တာပေါ့။ ကျွန်မတို့လည်း ဘာလို့ ဒီအဓိပ္ပာယ်မရှိတဲ့ဟာကို ယုံခဲ့မှန်း မသိပါဘူးရှင်’’ ဟု ဒေါ်ဝင်းမာက ပြောသည်။ဒေါ်နန်းစန္ဒာလင်းက AOR စီးပွားရေးလုပ်ငန်းသည် ဗဟို ဘဏ်၏အကူအညီဖြင့် လုပ်ကိုင် ခြင်းဟုပြောပြီး ဗဟိုဘဏ်မှအရာ ရှိကြီးများ၏အမည်ကိုလည်း အ သုံးပြုခဲ့သည်ဟု ငွေကြေးနစ်နာ သူများကဆိုသည်။ ထို့အပြင် ၂၀၁၇ နိုဝင်ဘာတွင် အထက်ပါ လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၌ ကုမ္ပဏီမှတ်ပုံတင်ပြီး ၎င်း၏ ကုမ္ပဏီလက်ခွဲများဖြစ်သည့် အင်းဝကောင်းကင်၊ အင်းဝထိပ် ခေါင်၊ အင်းဝသရဖူ၊ အင်းဝမင်း သမီးစသည့်လုပ်ငန်းများဖွင့်လှစ် စေခဲ့ကြောင်း ၎င်းတို့ကဆက် လက်ပြောပြသည်။

ထို့အတူပင် AOR Pay ကို ဗဟိုဘဏ်က ခွင့်ပြုလိုက်သည်နှင့် ၎င်း၏ငွေကြေးယူနစ် RP များကို ဘဏ်မလိုဘဲ ဖုန်းအသုံးပြု၍ ထုတ်ယူနိုင်မည်ဟုလည်းကောင်း၊ အဆိုပါစီးပွားရေးအရှိန်ကောင်း လာချိန်တွင် ရှယ်ယာထည့်သူ များသည် ဒစ်ဂျစ်တယ်စွန့်ဦးလုပ် ငန်းရှင်များဖြစ်လာမည်ဟုလည်း ကောင်း ဆွဲဆောင်ပြောကြားခဲ့ သည်ဟု ဒေါ်လာသောင်းနှင့်ချီ နစ်နာခဲ့သည်ဆိုသော ဒေါ်နီနီဝင်း က ပြောသည်။သို့သော် လက်တွေ့တွင်မူ မည်သည့်လုပ်ငန်းများကိုမျှ အ ကောင်အထည်မပြနိုင်ခဲ့ချေ။‘‘ဘာဆိုဘာမှမရှိတာပါ။ ဘာဆိုဘာမှကိုလက်ဆုပ်မပြနိုင် ခဲ့တာပါ။ လူသစ်တွေကလည်း သူ့အပြောမှာ ယုံကြတယ်။ အရင် လူဟောင်းတွေကလည်း ကိုယ့် ငွေလေး ဆုံးမှာစိုးလို့ သူ့နောက် လိုက်လိုက်၊ ရေငုံနှုတ်ပိတ်နေ လိုက်၊ ဒီလိုပဲဖြစ်ကြတာပေါ့’’ ဟု ဒေါ်လာလေးသောင်းကျော်ဆုံး ရှုံးခဲ့သည်ဆိုသောအမျိုးသားတစ် ဦးကဆိုသည်။

နစ်နာသူများ၏အဆိုအရ ဒေါ်နန်းစန္ဒာလင်းလက်ထဲတွင်ရှိ သောငွေကြေးပမာဏကို မည်သူ မျှမသိနိုင်ဟုသိရသည်။‘‘အတိအကျကို မပြောနိုင် ဘူး။ သိန်းကို သိန်းပေါင်းချီတယ်။ ဘာကြောင့်လဲဆို အစ်မတို့ဦး ဆောင်ပါဝင်ပြီး မြစ်ကြီးနားမှာ ပွဲ တစ်ပွဲလုပ်တယ်။ ပွဲတစ်ပွဲလုပ်ရင် သိန်းသုံးသောင်း၊ လေးသောင်း အဲဒီလောက်အထိ သူရတယ်’’ ဟု ဒေါ်ဝင်းမာကပြောသည်။AOR လုပ်ငန်းသည် ၂၀၁၇ နှစ်ကုန်တွင် အကောင်အထည် မပြနိုင်သောအခါ ငွေကြေးအ ကျပ်အတည်းပြဿနာများ ဖြစ် ပွားခဲ့သည်။ ထိုအခါ ဒေါ်နန်းစန္ဒာ လင်းက ၂၀၁၈ နှစ်စတွင် Orium Coin ဆိုသည့်ငွေကြေးယူနစ်ကို ထပ်မံမိတ်ဆက်ပြန်သည်ဟု သ တင်းစာရှင်းလင်းပွဲမှ သိရသည်။ထို Orium Coin ဆိုသည့် ဒစ်ဂျစ်တယ်ငွေကြေးသည် 1 Coin လျှင် အမေရိကန်နှစ်ဒေါ်လာ တန်ကြေးရှိသည်ဟု ဒေါ်နန်းစန္ဒာ လင်းက သတ်မှတ်ခဲ့ကြောင်း၊ ယခင် AOR လုပ်ငန်းမှ RP ပွိုင့်များကိုလည်း Orium Coinဖြင့် ပြန် လည်လဲလှယ်ပေးကြောင်း၊ ယင်းလုပ်ငန်းတွင်လည်း ထည့်ဝင်သူ များစွာရှိကြောင်း ငွေကြေးနစ်နာ သူ ကိုဆူနီးက ပြောသည်။

‘‘ငွေကြေးဘယ်လောက်ပါ သွားလဲ ကျွန်တော်တို့မခန့်မှန်း တတ်ဘူး။ တော်တော်များတယ်။ ရန်ကုန်မှာတင် မဟုတ်ဘူး။ မန္တ လေး၊ တောင်ကြီးတို့မှာ ပွဲတွေ လုပ်ပြီး ကျွန်တော်တို့ကိုယ်တိုင် စီစဉ်ပေးခဲ့တာ’’ ဟု ငွေကြေးဆုံး ရှုံးခဲ့သည်ဆိုသောအမျိုးသားတစ် ဦးက ပြောသည်။ ထည့်ဝင်သူများ ၏ ငွေကြေးပမာဏသည် ကျပ် ၁၀ သိန်းမှ ဒေါ်လာလေးသောင်း အထိ ထည့်ဝင်သူများရှိပြီး လူဦး ရေသုံးထောင်ခန့်ရှိသည်ဟု သ တင်းစာရှင်းလင်းပွဲပြုလုပ်သူများ က ပြောသည်။ထို့နောက် ၂၀၁၈ မတ်လ တွင် ဒေါ်နန်းစန္ဒာလင်းတိမ်းရှောင် သွားသည်ဟုလည်း ၎င်းတို့က ဆို သည်။ ထို့နောက် ဒေါ်နန်းစန္ဒာ လင်းက ၎င်းကို လူမှုကွန်ရက်ပေါ် တွင် ဝေဖန်ရေးသားသူသုံးဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခြင်း၊ နစ်နာ သူများကလည်း ငွေကြေးလိမ် လည်မှုများဖြင့် အမှုပြန်ဖွင့်ခြင်း များပေါ်ပေါက်ခဲ့သည်ဟု သတင်း စာရှင်းလင်းသူများက ပြော သည်။

ယခုနှစ် ဇန်န၀ါရီအရောက် တွင် ဒေါ်နန်းစန္ဒာလင်းကို ရဲတပ် ဖွဲ့က ဖမ်းဆီးမိပြီး အလုံမြို့နယ် တရားရုံး၌ ဆက်သွယ်ရေးကွန် ရက်အသုံးပြု၍ ငွေကြေးလိမ် လည်သည့်ဥပဒေပုဒ်မ ၆၆(ဂ) ဖြင့် စတင်စစ်ဆေးနေသည်။ဗဟိုဘဏ်တာဝန်ရှိသူများ က ယခုကိစ္စနှင့်ပတ်သက်၍ မှတ် ချက်မပေးလိုသေးကြောင်း 7Day Daily သတင်းစာအားဖြေကြား သည်။ သို့သော် ယခုကိစ္စကို ကြီး ကြပ်ဆောင်ရွက်မည်ဟူ၍ ၎င်းတို့ ကဆိုသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-Seven Day

Comments are closed.