ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကြောင့် ကိုယ်တိုင်ကြုံ တွေ့ခဲ့ရတဲ့ ထူးခြားမှုတွေအား ထုတ်ဖော်ပြောပြလာတဲ့ သဉ္ဇာနွယ်ဝင်း

ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကြောင့် ကိုယ်တိုင်ကြုံ တွေ့ခဲ့ရတဲ့ ထူးခြားမှုတွေအား ထုတ်ဖော်ပြောပြလာတဲ့ သဉ္ဇာနွယ်ဝင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ဝေဖန်မှုတွေများစွာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်နော်။ အခြေအ နေမှန်တွေကို ရှင်းပြခဲ့သော်လည်း ဘယ်သူကမှ မယုံခဲ့ကြပါဘူးနော်။ အခုမှာလည်း သဉ္ဇာနွယ်ဝင်းကတော့ ပဌာန်းရွတ်ရင်း ကြုံတွေ့ခဲ့ရ တာတွေကို ပြောပြလာခဲ့ပါပြီနော်။

” ပဌာန်းရွတ်ဖတ်ပြီးထူးခြားမူ့လေးတွေမျှဝေကြမယ်ဆိုတာလေးတွေ့လိုက်တော့ ကိုယ့်ရဲ့ထူးခြားမူ့လေးကိုလည်းမျှဝေပေးချင်မိတယ်။ အစ က ပဌာန်းရွတ်ရင်ခိုက်တက်တယ် အနှာက်အယှက်များတယ် တစ်ခါရွတ်ရင်မိနစ်၃၀လောက်ကြာတယ်ဆိုတော့ ကိုယ်ကလည်းပျင်းတာနဲ့ တစ်နှစ်နှစ်နှစ်လောက်ကို ရွတ်မယ်ကြံလိုက်မရွတ်လိုက်နဲ့ ဟေတုပစ္စယောတောင်အစမချီမိဘူးပေါ့။

တစ်ရက်တော့ ရှူတင်မှာ အမတစ် ယောက်က ပဌာန်းစာအုပ်လေးလက်ဆောင်ပေးပြီးရွတ်ဖို့တိုက်တွန်းတယ် သူပဌာန်းရွတ်တာကံကောင်း လာတယ်ဆိုတော့ ကိုယ်လည်းအဲ့က စရွတ်လိုက်တာ နေ့တိုင်းပဲ။ အသေအချာလေးရွတ်တာမျိုး ဘုရားစင်​ေရှ့မှာရွတ်တာမျိုးမဟုတ်ပဲ ကြုံ သလိုရွတ်တာကားပေါ်မှာလည်းရွတ် ထမင်းစားရင်းလည်းမေ့မှာစိုးလို့ရွတ် ခရီးသွားနေရင်းလည်းရွတ်တာပေါ့ တစ်ရက်ကိုတစ်ခါပဲ ရွတ် တာနော်။

၂နှစ်လောက်ကြာတဲ့အထိ ဘာမှထွေထွေထူးထူးမထူးပေမဲ့ တစ်နေ့ကြတော့ ကိုယ့်ရဲ့နားနားကို နင့်ကိုမကောင်းကြံနေတယ်လို့လာပြောတယ် ဘယ်သူမှလည်းမရှိဘူးနော် ကိုယ်လည်းကြောင်သွားတာ စိတ်ထင်တာနေမှာပါလေဆိုပြီးနေနေတာကို နောက်တစ်ခါထပ်ပြောတယ် နင့်ကို မကောင်းကြံနေတယ်ဆိုပြီး အဲ့ကထဲက ပဌာန်းရွတ်တာကိုအရမ်းယုံသွားပြီးအံ့လည်းဩသွားတာ တစ်ခြားသူသာဒီလိုအတွေ့အကြုံကို လာ ပြောရင် ရီရတယ်လျှောက်ပြောနေတယ်ဆိုပြီးထင်မိမှာ။

ပဌာန်းကရွတ်တာကြာရင်၁၀ မိနစ်လောက်ပဲကြာတော့တယ် အခုဆိုသဉ္ဇာရွတ် တာ၈နှစ်လောက်ရှိပြီပေါ့ အခုထိလည်း ကံအရမ်းကောင်း တာမျိုး လူချစ်လူခင်ပေါတာမျိုးသိပ်မရှိပေမဲ့ ကိုယ့်ကိုယ်လုံခြုံစေ တယ် လို့ခံစား ရတယ်။ပဌာန်းသာမရွတ်ရင်ဒီလောက်တောင်ကံမကောင်း လောက်ဘူးလည်းထင်မိတယ်။ သေချာတာတော့ ပဌာန်းရွတ်ရင်ကိုယ့်အပေါ်မ ကောင်းတဲ့သူတွေအနားကပ်လို့မရဘူး။ ဒါကြောင့်ပဌာန်း ရွတ်ဖို့ တိုက်တွန်းချင်တာပါ။ ကိုယ့်ရဲ့ထူးခြားချက်လေးတွေရှိရင်လည်းပြောပြပေး သွား နော်။ ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

Comments are closed.