အမေရိကန်ရောက်စမို့ ဘာမှမသိပါဘူးအထာနဲ့ ငါ့လာ မကြွယ်နဲ့။ ဒီနိုင်ငံရောက်ရောက်ချင်း စလေ့လာတာ ဒီနိုင်ငံရဲ့ ဥပဒေပဲ

အမေရိကန်ရောက်စမို့ ဘာမှမသိပါဘူးအထာနဲ့ ငါ့လာ မကြွယ်နဲ့။ ဒီနိုင်ငံရောက်ရောက်ချင်း စလေ့လာတာ ဒီနိုင်ငံရဲ့ ဥပဒေပဲ

အမေရိကန်ရောက်စမို့ ဘာမှမသိပါဘူးအထာနဲ့ ငါ့လာမကြွယ်နဲ့။ ဒီနိုင်ငံရောက်ရောက်ချင်း စလေ့လာတာ ဒီနိုင်ငံရဲ့ ဥပဒေပဲ

အမေဒိကန်လို ဒီမိုကရေစီဘိုးအေနိုင်ငံမျိုးမှာ အမြင်မတူညီမှုတွေ၊ ပွတ်တိုက်မှုတွေကို ဘယ်အဖွဲ့ကို တိုင်ပြီး ဘယ်လိုဖမ်းခိုင်းမယ်တို့၊ ဘယ် ဥပဒေတို့၊ မေဒိကန်ကနေ နှင်ထုတ်လိုက်ပြီ ဘလာဘလာတို့တွေမြင်ရရင် အဇမ်းရယ်ချင်ပက်ကျိဖြစ်မိတယ် ဂေါင်းသေးတို့ရဲ့။

ဒီနိုင်ငံမှာက မကျေနပ်လို့ သမ္မတကို အိမ်ရှေ့ထွက် ဆိုင်းဘုတ်ထောင်ဆဲလည်း ဘယ်ဥပဒေနဲ့မှ ဖမ်းဆီးလို့မရဘူး။ ဖမ်းလည်း မဖမ်းဘူး။ နိုင် ငံ တော်အကြည်အညိုပျက်စေမှုဆိုပြီး ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော်လို့ အထင်ရောက်နေတဲ့ စောက်ရူးတွေလည်း မရှိဘူး။

လူလူချင်း မကျေနပ်လို့ ပြောကြ ဆဲကြလည်း လက်မပါမချင်း ဘာမှမဖြစ်ဘူး။ အသက်အန္တရာယ်ခြိမ်းခြောက်တာမျိုးကလွဲရင် ဂုဏ်သိက္ခာထိ ခိုက်စေတယ် ဘလာဘလာဆိုပြီး တရားစွဲလို့ရတဲ့ ၆၆ဃ လည်း မရှိဘူး။

မုန်းလွန်းလို့ မင်းအောင်လှိုင်သောက်ခွက် ပစ်မှတ်မှာတပ်ပြီး စက်ပစ်ကွင်းမှာ တဒိန်းဒိန်းပစ်လည်း ဘယ်သူကမှ စိတ်မဝင်စားသလို ဘာပုဒ်မ နဲ့ မှလည်း အရေးယူမရဘူး။

မြန်မာပြည်က ဒီမိုကရေစီတပ်သားတွေကိုကူညီလို့ အကြမ်းဖက်သမားတွေကို ကူညီပါတယ်ဆိုပြီး FBI ကို သွားတိုင်လို့ရအောင် ဒီလူငယ် တွေ ကို ဘယ်နိုင်ငံကမှ အကြမ်းဖက်သမားလို့ မသတ်မှတ်ထားသလို FBI ဆိုတာကလည်း လက်ဖက်ရည်ဖိုးပေး အမှုဖွင့်ခိုင်းလို့ရတဲ့ ကိုလှ ရွှေတို့ မဟုတ်ဘူး။

အဲ့တော့ ဟိုပြောဒီပြော ဟိုခြိမ်းခြောက် ဒီခြိမ်းခြောက်တွေ လုပ်မနေနဲ့။ လူငှါးပြီးဘာလုပ်မယ်ညာလုပ်မယ်တွေလည်း လေကျယ်မနေနဲ့။ ငါ တိုင် ထည့်လိုက်မှ မျိုးကန်းနေမယ်။ ဒီနိုင်ငံမှာ အသက်အန္တရာယ်ခြိမ်းခြောက်တာနဲ့ အမျိုးသမီးတွေကို ထိပါးစော်ကားတာဟာ ဘွာတေး လုပ်လို့မရဘူး ဂေါင်းသေးတို့ရဲ့။

မြန်မာပြည်မှာ မင်းအောင်လှိုင်တို့ အာဏာသိမ်းချိန် အသေရရအရှင်ရရလိုက်ဖမ်း၊ မိရင်ဖမ်းသတ်ဖို့ ၉၀% သေချာနေတဲ့ အခြေအနေကနေ မသေမပျောက်ဘဲ အရပ်ဆယ်ရှစ်မျက်နှာကနေ ဘုတ်ပြရင်း လွတ်လာတာ မေဒိကန်ရောက်မှ သေရမယ်ဆိုလည်း သေပါစေ။ နိုးစောက် ဂရုပဲ။

အမေရိကန်ရောက်စမို့ ဘာမှမသိပါဘူးအထာနဲ့ ငါ့လာမကြွယ်နဲ့။ ဒီနိုင်ငံရောက်ရောက်ချင်း စလေ့လာတာ ဒီနိုင်ငံရဲ့ ဥပဒေပဲ။ ကိုယ်တွေက ဥပဒေဘောင်ထဲမှာ နေထိုင်တယ်။ ဥပဒေမချိုးဖောက်ဘူး။

တရားဝင်နေထိုင်ခွင့်နဲ့ နေတာ။ အမေရိကန်အစိုးရက အရေးပေါ်ဗီဇာနဲ့ ခွင့်ပြုခဲ့တာ။ ကြားဖူးနားဝတွေနဲ့ တောင်ပြောမြောက်ပြောတွေ နားကလောလို့။

အမေရိကန်က ဒီမိုကရေစီနိုင်ငံ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသလို လွတ်လပ်စွာ ယုံကြည်ထောက်ခံခွင့်လည်း ရှိတယ်။ ဘယ်သူ့ကို ထော က်ခံ လို့ ဘာဖြစ်တယ် ညာဖြစ်တယ်လည်း မရှိဘူး။ လူသားတစ်ယောက်အနေနဲ့ အသက်ရှင်နေထိုင်နိုင်မှုကို ထိပါးခြိမ်းခြောက်ခံရရင်၊ မူရင်းနိုင်ငံမှာ

ဆက်လက်နေထိုင်ဖို့ အသက်အန္တရာယ်ရှိတာ သေချာရင် သူ့နိုင်ငံမှာ ခိုလှုံခွင့်ပေးတယ်။ ဘာသာတရား၊ အသားအရောင်၊ ထောက်ခံတဲ့ပါတီ အစိုးရ သူတို့စိတ်မဝင်စားဘူး။ NUG ကို ထောက်ခံလို့ မေဒိကန်ကသာ ပြန်လွှတ်ရကြေးဆို မေဒိကန်က မြန်မာသန်းချီက ဘုတ်ပြနေမယ် ဂေါင်းသေးတို့ရဲ့။

အုန်းစိန်တို့လည်း စွရှက်ကွဲပေါင်းများပြီ။ မြန်မာပြည်က ရေစည်ထဲ ခေါင်းထိုးရှာနေတုန်း၊ ဟိုမှာမိပြီ ဒီမှာမိပြီ ရေးကောင်းနေတုန်း ပန်စိန် လေး က နယူးယောက်မှာ ပေါ်လာလိုက်၊ မေဒိကန်က ပြန်နှင်ထုတ်လို့ တောထဲမှာ ပုန်းနေရတယ်ဘာညာ စဖွမလို့ ရှိသေး ရွှေပန်လေးက ဆန်ဖရန်၊ အယ်လ်အေမှာ စကားတွေ ပြောနေလိုက်နဲ့။

စောက်ရှက်ဆိုတာ ဝယ်ကပ်ထားရင်တောင် အလွှားလိုက်ကွာကျနေမယ်ဟာစားတွေ။ မြန်မာပြည် တစ်ဖက်ကမ်း ရွှေလီဘက်ခြမ်းတောင် မရောက်ဖူးတဲ့ဟာတွေက ကမ္ဘာ့ဟိုဘက်ခြမ်းက မေဒိကန်ကို ပါးစပ်ကမချဘူး။ ကိုယ်တောင် သူတို့လောက် မေဒိကန်အကြောင်း မပြောဘူး။ အံ့ဩပ။

ဘောမတို့က ဒီမိုကရေစီသာ မလိုချင်တာ၊ ဒီမိုကရေစီဘိုးအေနိုင်ငံကျ သိပ်အာတွေ့တာ။

ခွိ
🤣

Comments are closed.