မှော်ဘီ ဂျပန်ဘုရားသို့ အလည်တစ်ခေါက် ငရဲရောက်

မှော်ဘီ ဂျပန်ဘုရားသို့ အလည်တစ်ခေါက် ငရဲရောက်

ဂျပန်ကြီးလှူခဲ့တဲ့ ၃၀၁ ဆူသော ရှေးဟောင်းဘုရားတွေ ဂျပန်ပြည်ကို ပြန်ကြွသွားရင် မဖူးမြှော်လိုက်ရမည်ကို စိုးရိမ်နေကြသော မြန်မာတစ်ချို့ ရဲ့အလုအယှက် တိုးကြိတ်တန်းစီတဲ့ ဒါဏ်ကို မိနစ် ၄၀ ခန့်ရှေးဦးစွာ ခံစားရပါမည်။

ဝင်ပေါက်ရောက်တော့ ဘောင်းဘီတို ဝတ်သွားမိခဲ့တဲ့ ကျွန်တော့်ကို သူတို့အတွက်တော့ ”ဂျင်းတစ်ကောင်” လာပြီဟေ့ဆိုတဲ့အထာမျိုးနဲ့ ဟိုဖက်မှာ ယောဂီ ပုဆိုးလေးသွားပတ်လိုက်ပါတဲ့။ (သွားပတ်ခိုင်းတာနော်.. သွားဝတ်ခိုင်းတာမဟုတ်ဘူး) ဘောင်းဘီတိုလေးနဲ့ လျှောက်လာတဲ့ ဒီဂျင်းကောင်ကို လက်ကလေး ၂ချောင်းထောင်ပြပြီး ၂၀၀၀ ပါတဲ့။ ခင်ဗျားတို့က အပေါင်ယူတာလား ဆိုတော့ မဟုတ်ဘူးတဲ့ အပြီးရောင်းတာတဲ့။ ဒါဆို ၂၀၀၀ မပေးရင် ဘုရားဝင်ဖူးလို့ မရတော့ဘူးလားဆိုတော့ ဟုတ်တယ် မရဘူးတဲ့။ ခင်ဗျားတို့က အတင်းကြီးကို ဓားပြတိုက်နေတာနဲ့ တူမနေဘူးလားလို့ မေးလိုက်တော့ ပြေရာပြေကြောင်းပြန်ပြောမယ်ထင်နေလား။ ဟုတ်တယ် ငါတို့က ဒီအတိုင်းပဲတဲ့။ (ဘောင်းဘီတိုနဲ့ အမြင်မသင့်တော်လို့ဆိုပြီး ၂၀၀၀ ပေးပြီး ယူလာခဲ့ရတဲ့ ၁ကိုက်ခွဲ သာသာရှိတဲ့ ယောဂီပိတ်စ(ပုဆိုးကွင်း မဟုတ်ပါ)ပတ်ပြီးတော့လည်း အရှေ့ကဟောင်းလောင်းပါပဲ။)

အဲ့ဒါနဲ့ ကျောင်းဆောင်တော်ကြီးထဲကို စဝင်လိုက်တာနဲ့ နာမည်ကြီးတဲ့ ၃၀၁ဆူသော ဆင်းတုတော်တွေကိုဖူးမြှော်ဖို့ မစဉ်းစားနဲ့အုံး။ ခန့်မှန်းချေ လူ၂၅၀/၃၀၀ ဝန်းကျင်ခန့်ရှိတဲ့ ဘုရားဖူးလာ (ဂျင်း)ဧည့်ပရိတ်သတ် အပေါင်းကို ခန်းမဆောင်ရဲ့အလည်မှာ တန်းစီပြီးကပ်နိုင်သမျှကပ်ပြီး ထိုင်ခိုင်းပါတယ်။ လူအုပ်ကြီးရဲ့ ပတ်ပတ်လည်မှာတော့ ငွေဖလား ကိုယ်စီကိုင်ထားတဲ့ အင်္ကျီအဖြူ ယောဂီလုံခြည် ဆင်တူဝတ်ဆင်ထားတဲ့ လူ ၁၀/၁၅ ယောက်ဝန်းကျင်ခန့်က အသင့်အနေအထား စောင့်စိုင်းနေပါတယ်။ ထိုလူတွေအားလုံးမှာ နောက်ထပ်တူညီတဲ့ တာဝန်တစ်ခု ရှိခဲ့တယ်ဆိုတာ မကြာခင်အချိန်အတွင်းမှာသိလိုက်ရပါတယ်။ အဲ့ဒီ တာဝန်က ဘာလဲဆိုတော့ ဓာတ်ပုံ/ဗီဒီယို ရိုက်ကူနေခြင်းများကို လိုက်လံ ပိတ်ပင် တားစီးရခြင်းပဲဖြစ်ပါတယ်။

မကြာမှီအချိန်အတွင်းမှာပဲ ဧည့်ပရိတ်သတ်အပေါင်းရဲ့ရှေ့မှောက်က အပြောအဆိုကောင်းကောင်းနဲ့ လူတစ်ယောက်က စပြီး သြဝါဒတရား တွေစပြီး မိန်ကြားပါတော့တယ်။ သူရဲ့သြဝါဒတရား အဖွင့်စကားကတော့ ယနေ့ကြွရောက်လာကြတဲ့ သူတော်စင် သူတော်ကောင်းအပေါင်းတို့ ယခုအချိန်မှစ၍ ဂျပန်ဘုရားများအတွက် အလှူငွေများစတင် လှူဒါန်း နိုင်ပါပြီ ခင်ဗျာ ဆိုပြီး ကိုကိုမမ ငွေဖလားကိုင်လေးများ စတင်အလုပ်ရှုပ် ကြပါတော့တယ်။

အလှူငွေများ ထည့်ဝင်လို့ပြီးလောက်ချိန်ရောက်တော့ ထိုသူမှပဲ မေးခွန်းလေး တစ်ခုမေးပါတယ်။ ဂျပန်ဘုရားများအား ၂ထပ်ကျောင်းဆောင် ဖြင့်အပူဇော်ခံချိန်တုန်းက လာရောက်ခဲ့ဖူးသူများ ရှိပါသလားတဲ့။ အတို ချုံးပြောရလျှင် လာရောက်ဖူးသူများရှိပါက ထိုအချိန်တွင် အလှူခံခဲ့သော ၃လက်မသာသာ လောက်ရှိတဲ့ ဆင်းတုတော်တစ်ဆူလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် အလှူခံခဲ့သော ဆင်းတုတော်များအား ယခုကျောင်းဆောင်တော်ကြီးရဲ့ အတွင်းနံရံပတ်ပတ်လည်တွင် မြုပ်နှံအပူဇော် ခံထားကြောင်းအသိပေးခြင်းဖြစ်ပါတယ်။ ရည်ရွယ်၍အလှူခံခဲ့သော ဆင်းတုတော် အရေအတွက်မှာ ၉သိန်း(၉၀၀၀၀၀) ဖြစ်သော်လည်း အမှန်တကယ်လက်ခံရရှိခဲ့သော ဆင်းတုတော်အရေအတွက်မှာ ၉သန်း(၉၀၀၀၀၀၀) ဖြစ်ပါတယ်တဲ့။ ယခုပြောနေတဲ့ ဘုရားဆင်းတုတော်တစ်မျိုးထဲက ရရှိ တဲ့ အလှူငွေတစ်မျိုးထဲရဲ့ ငွေပမာဏကို အသိပေးလိုခြင်းသာဖြစ်ပါသည်။ ၉၀၀၀၀၀၀*၅၀၀၀ = ၄၅၀၀၀၀၀၀၀၀၀ ကျပ် သိန်းပေါင်း ၄သိန်း၅သောင်း ပါ။

ငွေဖလားနဲ့ အလှူခံပြီးလို့ ၁၀မိနစ်လောက် သြဝါဒချွေပြီးတော့ နောက်ထပ်အစီစဉ် တစ်ခုကိုကြေငြာပါတော့တယ်။ အဲ့ဒီအစီအစဉ်လေးကတော့ ယခုအချိန်မှစ၍ ဘေးဘက်မှာရှိတဲ့ ရွှေသင်္ကန်းအလှူခံဠာနမှာ ရွှေသင်္ကန်း များစတင်ကပ်လှူပူဇော် နိုင်ပါကြောင်း အသိပေးအပ်ပါတယ်တဲ့။

အဲ့ဒီ ကြေငြာချက်လဲကြားလိုက်ရော ကျွန်တော် ဘယ်လိုမှ ဒီခန်းမထဲမှာ ဆက်နေလို့မဖြစ်တော့ဘူးဆိုပြီး ၂၀၀၀ တောင်းပြီးအတင်းပတ်ခိုင်းထားတဲ့ ဟိုမလုံဒီမလုံ ယောဂီပိတ်စလေးကိုဆွဲချွတ်ပြီး ထွက်ပေါက်မှာ ပြန်စွန့်ခဲ့ရင်း ၃၀၁ ဆူဆူသော ရှေးဟောင်းဘုရားများကို ကျောခိုင်း လှည့်ထွက်လာခဲ့မိပါတော့တယ်။

အတွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်များ၏ ပြောပြချက်အရ ရွှေသင်္ကန်း အစီအစဉ်နှင့်အတူ ဓာတ်ပုံနှင့်CDခွေအစီအစဉ်များလည်း ပါဝင်ကြောင်းသိရပါသည်။

အထက်ပါအစီအစဉ်များအား မိနစ်၃၀ကျော်ခန့်ပေးပြီးနောက် အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ၃၀၁ ဆူသော ဂျပန်ဘုရားများအား ၅ မိနစ်ကျော် ခန့်ဖူးမြှော်ပူဇော်နိုင်ခဲ့ကြောင်း ကြားသိခဲ့ရပါသည် ခင်ဗျာ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

မှတ်ချက်။
နေ့စဉ် အလှူငွေ သိန်းပေါင်းများစွာ ရရှိနေတဲ့ ဂျပန်ဘုရားတွင် ငွေ ၁၀၀ ပေး၍ အပေါ့စွန့်ခဲ့ရပါတယ်။

Comments are closed.