ပါးစပ်ထဲကိုငါးကြီးဝင်သွားတဲ့ ခင်လှိုင်

ပါးစပ်ထဲကိုငါးကြီးဝင်သွားတဲ့ ခင်လှိုင်

ခင်လှိုင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်တတ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရာမှာ ပင်ပန်းတဲ့အချိန်တွေများစွာရှိခဲ့ပေမယ့်လည်း ခင်လှိုင်က သရုပ်ဆောင်အလုပ်ကိုမညည်းမညူ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ခင်လှိုင်က ပါးစပ်ထဲကိုငါးအရှင်လတ်လတ်ကြီးဝင်သွားတဲ့အခန်းရိုက်ရတာခက်ခဲကြောင်းပြောပြလာခဲ့ပါတယ်။

ခင်လှိုင်က ပါးစပ်ထဲကိုငါးဝင်သွားတဲ့အခန်းမှာ ပျို့အန်ခဲ့ရကြောင်း “ပါးစပ်ထဲကိုငါးဝင်သွားတဲ့အခန်းလေးရိုက်ရတယ်။ အဲဒီအခန်းဆိုရင်တော်တော်လေးကိုပျို့ပြီးတော့ အန်မိတယ်ပေါ့နော်။ ငါးအညှီနံ့ကိုဘယ်လိုမှမရဘူး။ ရိုက်ပြီးတော့ ငုံဆေးတွေငုံ ပလုတ်တွေကျင်း၊ဘယ်လိုမှမရဘူး”လို့ ပြောပြထားပါတယ်။ အဲဒီအခန်းက လှုပ်နေတဲ့ငါးအရှင်ကြီးဟာ မျိုးမျိုးခိုင်ရဲ့ လက်ထဲကနေ ပလွတ်ဆိုလွတ်ထွက်သွားပြီး ခင်လှိုင်ရဲ့ပါးစပ်ထဲမှာ အံဝင်ဂွင်ကျသွားတပ်မိနေခဲ့တာပါ။ နောက်မှ မျိုးမျိုးခိုင်က ငါးအရှင်ကြီးကိုပြန်ဆွဲထုတ်ပေးရတဲ့အခန်းဖြစ်ပါတယ်။

အဲဒီအခန်းမှာ ဒါရိုက်တာက ငါးအရှင်ကြီးကို ပါးစပ်မှာတပ်ထားလို့ရအောင် တိပ်တွေနဲ့ပတ်ပေးထားကြောင်း “ဒါရိုက်တာကတော့ ငါးရဲ့ထိပ်မှာ ငါးရဲ့ခေါင်းနေရာကို တိပ်တွေနဲ့ပတ်ပြီးတော့ ကိုက်လို့ရအောင် ဆူးမစူးအောင်ပေါ့နော်။ ငါးခူကြီးလားမသိပါဘူး။ အဲဒါစူးမှာစိုးလို့ဆိုပြီးပတ်ပေးထားတယ်။ ဒါပေမယ့် ရိုက်လို့ရတာက ချက်ချင်းရတာမဟုတ်ဘူးလေ။ ဖိုက်ဖိုးသရီးတူးဝမ်းအက်ရှင်ဆိုပြီး တပ်ထားပြီးမှရိုက်ရတာဆိုတော့ အဲဒါကြီးက တော်တော်ကြာနေတော့ အဲဒီအနံ့ကတော်တော်ဆိုးဆိုးရွားရွားခံစားရတယ်ပေါ့။အဲဒီနေ့က အိမ်ပြန်ရောက်တော့ ထမင်းတောင်မစားနိုင်ဘူး။ အဲဒီလောက်အထိဖြစ်တယ်”လို့ ရင်ဖွင့်ထားပါတယ်။

ခင်လှိုင်က မျိုးမျိုးခိုင်ကလည်း သရုပ်ဆောင်တာအတော်ပီပြင်ကြောင်းနဲ့ ငါးရောင်းလို့တောင်ရတယ်လို့ “မျိုးမျိုးခိုင် ဒီကားတော်တော်ကောင်းတယ်။ အရင်ကားတွေက ကျွန်တော်သူနဲ့သိပ်မဆုံဖြစ်ဘူးဆိုတော့။ ဒီကားမှာကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ မျိုးမျိုးခိုင် ကာရိုက်တာတော်တော်ဝင်တယ်။ငါးသည်တွေနဲ့ငါးခုတ်တဲ့အခန်းဆိုရင် ငါးသည်တွေနဲ့လိုက်တာပေါ့နော်။ သူက ငါးရောင်းဖို့ကောင်းပါတယ်။ ကျွန်တော့်သူငယ်ချင်းကို ချစ်လို့စတာပါ”လို့ ရယ်မောရင်းပြောပြထားပါတယ်။

ခင်လှိုင်က အနံ့ပြင်းပြင်းတွေကိုမခံနိုင်ကြောင်းလည်း “ကျွန်တော်က အနံ့ဆိုးတွေမရဘူး။ ကျွန်တော့်ကိုယ်ကျွန်တော်တောင်မှ ကျွန်တော် ချိုင်းချွေးထွက်ရင် အနံ့ဆိုးမှာစိုးလို့ Roll On တို့ဘာတို့သုံးတာပေါ့နော်။ အဲဒါမလိမ်းဖြစ်ရင် သရုပ်ဆောင်အချင်းချင်းနားကိုမကပ်ရဲဘူး။ အနံ့ဆိုးထွက်မှာစိတ်ပူတာပေါ့။ ကျွန်တော်က အနံ့ဆိုးရင် sensitive နည်းနည်းဖြစ်တတ်တဲ့လူဆိုတော့”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခင်လှိုင်ကိုချစ်ကြလား။ခင်လှိုင် ပါးစပ်ထဲကိုငါးကြီးဝင်သွားတဲ့အခန်းပါတဲ့ “ဗျစ်ရည်ဆိုင်စောင့်တဲ့ဘီလူး”ရုပ်ရှင်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.