ယောက်ျားစစ်လို့ ခင်ပွန်းဖြစ်သူကို ရွေးချယ်ဖြစ်တာဆိုတဲ့ ဆန်းသစ်လ

ယောက်ျားစစ်လို့ ခင်ပွန်းဖြစ်သူကို ရွေးချယ်ဖြစ်တာဆိုတဲ့ ဆန်းသစ်လ

 ​မော်​ဒယ်​အဆို​တော်​ ဆန်းသစ်​လဟာ သူမရဲ့ ခင်​ပွန်း ကို ဝင်းမြတ်​နဲ့အတူ မင်းကွန်း တိပိဋက ​ရွှေရတု​ကျောင်း​တော်​မှာ မင်္ဂလာဦးဆွမ်း​ကျွေးပွဲ​အလှူ ပြုလုပ်​ခဲ့ပါတယ်​။

ဆန်းသစ်​လအ​နေနဲ့ သူမခင်​ပွန်းဖြစ်​သူ ကိုဝင်းမြတ်​ကို လက်​တွဲ​ဖော်​အဖြစ်​ ​ရွေးချယ်​ခဲ့ရတဲ့အ​ပေါ် သူမအ​နေနဲ့ “ဒီ​ခေတ်​မှာ​တော့ အဓိကက ​ယောက်ျားစစ်​ဖို့​ပေါ့​နော်​ ပြီးတဲ့ခါကျ ကိုယ့်​အ​ပေါ်တကယ်​ချစ်​မချစ်​ ပြီး​တော့ သစ္စာရှိမရှိ​ပေါ့ အခုက စနှိုက်​​ကြော်​​တွေလည်း အရမ်းများ​တော့ ​ကြောက်​ရတယ်​​လေ သူကကိုယ့်​အ​ပေါ်မှာ အရာအားလုံး perfectဖြစ်​တယ်​ ​ရွှေလအ​ပေါ် သစ္စာလည်းရှိတယ်​ အရမ်းလည်းချစ်​​ပေးတယ်​ ​ယောက်ျားလည်း စစ်​တယ်​ တကယ်​ကို သူငယ်​ချင်းလိုလည်း​ပေါင်းလို့ရတယ်​ ရင်းနှီးတဲ့သူတစ်​​ယောက်​လို ခံစားရတယ်​ အဲ့ဒါ​ကြောင့်​ ​ရွေးချယ်​ဖြစ်​တာပါ “လို့ ​ပြောပြသွားပါတယ်

တစ်​​ယောက်​ထဲကိုပဲ ချစ်​ပြီး တစ်​​ယောက်​ထဲကိုပဲ ယူဖြစ်​တဲ့ အ​ပေါ်မှာ “​ရွှေလအရမ်းကံ​ကောင်းတာပါ အရင်​အ​ရှေ့မှာလည်း ရည်းစား​တွေ မထားခဲ့ဖူးတာလည်း ကိုယ့်​ကိုယ်​ကိုယ်​ ဝမ်းသာမိတယ်​ ​ကျေနပ်​မိတယ်​ အဲ့ဒါ​ကြောင့်​ ဒီလိုလူ​ကောင်းနဲ့​တွေ့ရတာလည်း ဖြစ်​ပါတယ်​”လို့ သူမရဲ့ relationshipအ​ကြောင်းကို​ပြောပြဖြစ်​ခဲ့ပါတယ်

ဆက်​လက်​ပြီး ကိုဝင်းမြတ်​အ​နေနဲ့လည်း “​ရွှေလလို ​ကောင်​မ​လေးရှားသွားပြီဖြစ်​လို့ ​ရွှေလကို ရတဲ့အတွက်​လည်း ကျွန်​​တော်​ အရမ်းကံ​ကောင်းပါတယ်​”လို့ ​ဖြေခဲ့ပါတယ်​။သူတို့နှစ်​​ယောက်​ ​တွေ့ဆုံခဲ့တဲ့​နေ့က “​ရွှေလ ​မွေး​နေ့ပြီး​တော့ သူငယ်​ချင်း​တွေအကုန်​ အိမ်​မှာ မုန့်​လုပ်​စားမယ်​ဆိုပြီး သူငယ်​ချင်းအသစ်​စက်​စက်​ လင်​မယားအိမ်​မှာ​ပေါ့ သူတို့မင်္ဂလာ​ဆောင်​မှာ ​ရွှေလတို့စ​တွေ့ခဲ့ကြတာဆို​တော့ ဟိုဘက်​ ဒီဘက်​က ခင်​​နေကြတာ​ပေါ့ အဲ့​နေ့က သူက​ လိုက်​​တော့ ကပ်​​နေတာပဲ ဘာလို့လဲ​တော့ မသိဘူး ​လှေကား​ပေါ်ကဆင်းပြီး ကိုယ့်​ကား​ပေါ်ကိုတက်​ပြီး ပြန်​​တော့မယ်​ဆို​တော့ မဟုတ်​ဘူးတဲ့ သူ​ပြောစရာရှိတယ်​ ဆိုပြီး လက်​ထဲမှာ အထုပ်​တစ်​ထုပ်​ပါတယ်​​ အဲ့ဒါဘာလဲ ဆို​တော့ ​ရွှေလကို ချစ်​တယ်​လို့ ဖွင့်​​ပြောတယ်​ ဒါ​လေးဖတ်​​ပေးပါဆိုပြီး စာအုပ်​​လေးနဲ့ အထုပ်​​လေး ပြီး​တော့ ကား​နောက်​ဖုံးထဲမှာ အရုပ်​​တွေဘာ​တွေ အတင်းထည့်​လိုက်​တယ်​ ဟာ…ဘာလို့​ပေးတာလဲဆို​တော့ ​မွေး​နေ့လက်​​ဆောင်​မ​ပေးရ​သေးလို့ ပြီး​တော့ ဒါ​လေးလည်း​ပြောချင်​လို့​ပေါ့ ဆိုပြီး အဲ့ဒါနဲ့ ကား​ပေါ်​ရောက်​​တော့ သူငယ်​ချင်း သုံး​ယောက်​ ဟဲ့ ငါ့ကိုစာအုပ်​​ပေးလိုက်​တယ်​ ဖတ်​ပြရမလား ဆိုပြီး သူ​ပေးတဲ့ ရည်းစားစာကို သုံး​ယောက်​တူတူဖတ်​ကြတာ​ပေါ့​နော်​ အဲ့ဒါ​လေးက​တော့ အဲ့​နေ့အတွက်​ အမှတ်​တရပါ”လို့ ​ပြောကြားခဲ့ပါတယ်

ကိုဝင်းမြတ်​အ​နေနဲ့က​ရော ​ရွှေလနဲ့ လက်​တွဲပြီး​နောက်​ သူ့အ​နေနဲ့ “စိတ်​တအားရှည်​လာတယ်​ ပြီး​တော့ ကျွန်​​တော်​ နူးညံ့လာတယ်​ ကျွန်​​တော်​ ​ဒေါသလည်းမကြီး​တော့ဘူး ပြီး​တော့ တစ်​ခုခုဆို ကိုယ့်​အတွက်​ကို အရင်​မစဉ်းစားဘူး သူ့အတွက်​ကို အရင်​ ကြိုကြိုပြီး​တော့ စဉ်းစား​ပေးတယ်​ ကိုယ့်​​ပျော်​ရွှင်​မှုကို ​မေ့ပြီး သူ​ပျော်​တာကို ကြည့်​ပြီး ကို​ယ်​​ပျော်​ရွှင်​ရတာမျိုး​ဖြစ်​တာ​ပေါ့”ဆိုပြီး သူရဲ့စိတ်​ထား​ပြောင်းလဲမှု​တွေကို ​ပြောပြ​ပေးသွားပါတယ်​။ဆက်​လက်​ပြီး​ရွှေလက “သူ့သူငယ်​ချင်း​တွေက ​ပြောတယ်​ သူကအရမ်းစိတ်​ကြီးတယ်​တဲ့ အဲ့လိုမျိုး​ပေါ့​နော်​ ​တော်​ရုံတန်​ရုံလည်း စိတ်​မရှည်​တတ်​ဘူးတဲ့ အရမ်းစိတ်​မြန်​တယ်​တဲ့ ကိုယ်​နဲ့​တွေ့တဲ့ အခါကျ​တော့ အဲ့လို မဟုတ်​​တော့ ပြန်​​တောင်​စဉ်းစား​နေရ​သေးတယ်​ ဟုတ်​လို့လား​ပေါ့ ကိုယ့်​ကျ အရမ်းစိတ်​ရှည်​တယ်​ နူးညံ့တယ်​”လို့ သူမခင်​ပွန်းအ​ကြောင်းကို ​ပြောပြ​ပေးသွားပါတယ်

အနာဂတ်​အစီစဉ်​အ​နေနဲ့က​တော့ “နှစ်​​ယောက်​ တိုင်​ပင်​ထားတာ​လေး​တွေ ရှိတယ်​ စီးပွား​ရေး​လေး​တွေ လုပ်​ဖို့ရှိတယ်​ ​ရွှေလကိုလည်း အနုပညာအလုပ်​​လေး​တွေ သူကဆက်​လုပ်​ခိုင်းပါတယ်​ အဲ့ဒါ​ကြောင့်​မို့ အခါအခွင့်​သင့်​ရင်​​တော့ လုပ်​သွားမယ်​ ကိုဝင်းမြတ်​က ​ကျောက်​လုပ်​ငန်းလုပ်​တဲ့အခါကျ​တော့​ သူ့ရဲ့​ကျောက်​ဆိုင်​​လေး ဖွင့်​ရင်​ ​ရွှေလ သွားထိုင်​​​ပေးဖို့ရှိတယ်​ ​နောက်​ထပ်​လုပ်​ငန်းခွဲ​လေး​တွေလည်း လုပ်​ဖို့ တိုင်​ပင်​ထားပါတယ်​” ​ပြောပြသွားပါတယ်​”ဟန်းနီးမွန်းက​တော့ မတိုင်​ပင်​ရ​သေးဘူး ဒါ​ပေမယ့်​ အခုပွဲပြီးရင်​​တော့ ကျွန်​​တော်​တို့ မိသားစုအကုန်​ ငပလီကို စုသွားမယ်​လို့ တိုင်​ပင်​ထားပါတယ်​ နှစ်​​ယောက်​ထဲ​တော့ သွားဖြစ်​မှာ မဟုတ်​​လောက်​ဘူး သူငယ်​ချင်း​တွေနဲ့ အတူစုသွားဖြစ်​မယ်​ထင်​တယ်​လို့” ​ပြောကြားသွားပါတယ်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.