ေဒြးကို မေမ့ေသးတဲ့ ပရိသတ္ေတြကို ေက်းဇူးအမ်ားၾကီးတင္တယ္ဆိုတဲ့ မိုးမိုး

ေဒြးကို မေမ့ေသးတဲ့ ပရိသတ္ေတြကို ေက်းဇူးအမ်ားၾကီးတင္တယ္ဆိုတဲ့ မိုးမိုး

သရုပ္ေဆာင္တစ္ဦးအျပင္ အဆုိေတာ္တစ္ဦးအျဖစ္ပါ ပရိသတ္ေတြအသိအမွတ္ျပဳခဲ့ၾကတဲ့ ေဒြးကို ရန္ကုန္ျမိဳ႕မွာေမြးဖြားခဲ့ျပီး ေမြးခ်င္းမ်ားအနက္ သားဦးေလးျဖစ္ခဲ့ပါတယ္။အမည္ရင္းကေတာ့ ထင္လင္း (ခ) သားၾကီးလို႔ ေခၚၾကျပီးေတာ့ အႏုပညာနာမည္ကေတာ့ ေဒြးဆိုတဲ့နာမည္နဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္လလာခဲ့တာပါ။စက္မွုအင္ဂ်င္နီယာေက်ာင္းသားတစ္ေယာက္ျဖစ္တဲ့ ေဒြးဟာ အဆိုေတာ္သာျဖစ္ခ်င္ခဲ့ေပမယ့္ ဦးေလးျဖစ္သူ ဦးေက်ာ္ဟိန္းေၾကာင့္ ရုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဇနီးျဖစ္သူ မပပဝင္း(ခ) မိုးမိုးနဲ႔ အိမ္ေထာင္က်ျပီးေနာက္မွာေတာ့ သားေလးတစ္ေယာက္ ေမြးဖြားခဲ့တာျဖစ္ပါတယ္။သားေလး ေဝယံမုိးကေတာ့ အႏုပညာအလုပ္ကို ဝါသနာမပါေပမယ့္ သူတတ္တဲ့ပညာရပ္နဲ႔ မိခင္ကို ျပဳစုေစာင့္ေရွာက္သြားမယ္လို႔ ဆိုပါတယ္။သရုပ္ေဆာင္ေဒြးကေတာ့ ၂၀၀၇ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္ေန႔မွာ ရုတ္တရက္ကြယ္လြန္သြားခဲ့တာျဖစ္ျပီး ကြယ္လြန္ခ်ိန္မွာ အသက္ (၄၂) ႏွစ္ရွိျပီျဖစ္ပါတယ္။ဇနီးျဖစ္သူ မုိးမိုးကေတာ့ ယေန႔အခ်ိန္ထိ ကိုသားၾကီးကို မေမ႔ၾကေသးတဲ့ပရိသတ္ေတြကို ေက်းဇူးအမ်ားၾကီးတင္တယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ ပရိသတ္ေတြအတြက္လည္း အျမဲလိုလို ေက်းဇူးဆပ္တဲ့အေနနဲ႔ ေကာင္းမွုကုသိုလ္ေတြလုပ္ေပးေနတယ္လုိ႔ဆိုပါတယ္။“ဒီအခ်ိန္ထိ အန္တီမိုးဆုိျပီး ျပာျပာသလဲနဲ႔ ပရိသတ္ေတြကိုေျပာတာေပါ့ေနာ္ က်န္တဲ့လူေတြကိုမေျပာဘူး အဲ့ပရိသတ္ေတြကိုဘယ္သူနဲ႔မွ မတူေအာင္ ေက်းဇူးတင္တယ္။ဒီထက္မကေတာင္ ေက်းဇူးဆပ္ရဦးမယ္။ ကိုသားၾကီးအတြက္ ရည္ရြယ္ျပီးလုပ္တယ္ဆိုေပမယ့္ မေမ႔ေသးတဲ့သူေတြအတြက္ကို အန္တီမိုးက ေက်းဇူးျပန္ျပန္ဆပ္ေနတာ။

ေသတဲ့လူကေတာ့ ေသသြားျပီ က်န္ခဲ့တဲ့သူ႔ကိုခ်စ္တဲ့ပရိသတ္ေတြက အမ်ားၾကီးက်န္ေသးတယ္။သူတုိ႔ေတြအတြက္ကို ရည္စူးျပီးလုပ္ေပးေနတာ။” လို႔ ဇနီးျဖစ္သူ မုိးမိုးကဆိုပါတယ္။သူမအေနနဲ႔ကေတာ့ ေနာက္ေၾကာင္းေတြျပန္ျပီးအမွတ္မရခ်င္လို႔ ကြယ္လြန္သြားျပီျဖစ္တဲ့ ခင္ပြန္းသည္ရဲ႕ ဘယ္ဇာတ္ကားကိုမွ မၾကည့္ဘူးလို႔ ေပၚျပဴလာဂ်ာနယ္အင္တာဗ်ဴးမွာေျပာသြားခဲ့ပါတယ္။Credit – We Love Cele

Unicode >>>

သရုပ်ဆောင်တစ်ဦးအပြင် အဆိုတော်တစ်ဦးအဖြစ်ပါ ပရိသတ်တွေအသိအမှတ်ပြုခဲ့ကြတဲ့ ဒွေးကို ရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီး မွေးချင်းများအနက် သားဦးလေးဖြစ်ခဲ့ပါတယ်။အမည်ရင်းကတော့ ထင်လင်း (ခ) သားကြီးလို့ ခေါ်ကြပြီးတော့ အနုပညာနာမည်ကတော့ ဒွေးဆိုတဲ့နာမည်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လလာခဲ့တာပါ။စက်မှုအင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဒွေးဟာ အဆိုတော်သာဖြစ်ချင်ခဲ့ပေမယ့် ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဇနီးဖြစ်သူ မပပဝင်း(ခ) မိုးမိုးနဲ့ အိမ်ထောင်ကျပြီးနောက်မှာတော့ သားလေးတစ်ယောက် မွေးဖွားခဲ့တာဖြစ်ပါတယ်။သားလေး ဝေယံမိုးကတော့ အနုပညာအလုပ်ကို ဝါသနာမပါပေမယ့် သူတတ်တဲ့ပညာရပ်နဲ့ မိခင်ကို ပြုစုစောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။သရုပ်ဆောင်ဒွေးကတော့ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၄၂) နှစ်ရှိပြီဖြစ်ပါတယ်။

ဇနီးဖြစ်သူ မိုးမိုးကတော့ ယနေ့အချိန်ထိ ကိုသားကြီးကို မမေ့ကြသေးတဲ့ပရိသတ်တွေကို ကျေးဇူးအများကြီးတင်တယ်လို့ဆိုပါတယ်။ဒါ့အပြင် ပရိသတ်တွေအတွက်လည်း အမြဲလိုလို ကျေးဇူးဆပ်တဲ့အနေနဲ့ ကောင်းမှုကုသိုလ်တွေလုပ်ပေးနေတယ်လို့ဆိုပါတယ်။“ဒီအချိန်ထိ အန်တီမိုးဆိုပြီး ပြာပြာသလဲနဲ့ ပရိသတ်တွေကိုပြောတာပေါ့နော် ကျန်တဲ့လူတွေကိုမပြောဘူး အဲ့ပရိသတ်တွေကိုဘယ်သူနဲ့မှ မတူအောင် ကျေးဇူးတင်တယ်။

ဒီထက်မကတောင် ကျေးဇူးဆပ်ရဦးမယ်။ ကိုသားကြီးအတွက် ရည်ရွယ်ပြီးလုပ်တယ်ဆိုပေမယ့် မမေ့သေးတဲ့သူတွေအတွက်ကို အန်တီမိုးက ကျေးဇူးပြန်ပြန်ဆပ်နေတာ။သေတဲ့လူကတော့ သေသွားပြီ ကျန်ခဲ့တဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေက အများကြီးကျန်သေးတယ်။သူတို့တွေအတွက်ကို ရည်စူးပြီးလုပ်ပေးနေတာ။” လို့ ဇနီးဖြစ်သူ မိုးမိုးကဆိုပါတယ်။

သူမအနေနဲ့ကတော့ နောက်ကြောင်းတွေပြန်ပြီးအမှတ်မရချင်လို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ ဘယ်ဇာတ်ကားကိုမှ မကြည့်ဘူးလို့ ပေါ်ပြူလာဂျာနယ်အင်တာဗျူးမှာပြောသွားခဲ့ပါတယ်။Credit – We Love Cele

Comments are closed.