ဆန်းသစ်လရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးပစ်တဲ့ မင်္ဂလာပန်းစည်းရရှိခဲ့တဲ့ ပွင့်

ဆန်းသစ်လရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးပစ်တဲ့ မင်္ဂလာပန်းစည်းရရှိခဲ့တဲ့ ပွင့်

ပရိသတ် အချစ်တော် အဆိုတော် မေရွက်ဝါရဲ့ သမီးလေး အဆိုတော် ဆန်းသစ်လရဲ့ မင်္ဂလာဧည်ခံပွဲကို ပြီးခဲ့တဲ့ မတ်လ(၃) ရက်နေ့က ရန်ကုန်မြို့ Western Park Ruby(ပြည်သူ့ရင်ပြင်) မြက်ခင်းပြင်မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ဆန်းသစ်လရဲ့ မင်္ဂလာ ညစာစားပွဲကို ချစ်ရတဲ့ မိတ်ဆွေတွေနဲ့အတူ အနုပညာအသိုင်းအဝိုင်းကပါ တက်ရောက် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြပါတယ်။ ဆန်းသစ်လရဲ့ မင်္ဂလာညစာစားပွဲကြီးကို အနုပညာရှင်တွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ပွင့်ကလဲ ဆန်းသစ်လရဲ့ မင်္ဂလာညစာစားပွဲကို တက်ရောက်ဂုဏ်ပြုပေးရင်း သတို့သမီးပစ်တဲ့ ပန်းစည်းလေးကို ရရှိခဲ့ကြောင်း ဝမ်းသာစွာနဲ့ မျှဝေထားပါတယ်။

“ချစ်ညီမလေး ဆန်းသစ်လ မင်္ဂလာညစာစားပွဲမှာ သတို့သမီးပစ်တဲ့ လက်ကိုင်ပန်းလေးရခဲ့တယ်💐💐💐 ဒန်တန့်တန်…တကယ်တော့ ညီမလေး ရွှေလ ပစ်လိုက်တုန်းက ပန်းစီးကို ဖမ်းမိတာ ပွင့်နဲ့ခုဓာတ်ပုံထဲတွဲရိုက်ထားတဲ့ အကိုကြီးပါ။ ယောက်ျားလေးဆိုမရဘူးဆိုပြီး ဝိုင်းခွီကြပြီး အဲ့အကိုကြီးကို ပြန်ပစ်ခိုင်းကြတော့မှ ပွင့်က ပန်စီးလေးကိုဖမ်းမိတာပါ ဟိဟိ😂😂!!! အရမ်းပျော်တဲ့ Wedding dinnerလေးပါရှင့်။ ကိုဝင်းမြတ် နဲ့ ရွှေလတို့👭💍💍💍ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ …” ဆိုပြီး ပရိသတ်တွေကို မျှဝေထားပါတယ်။

လက်ကိုင်ပန်းလေးတော့ရပြီ ပွင့်တစ်ယောက် ယောကျာ်းရဖို့ပဲ ကျန်တော့တယ်နော် 😛

ပွင့်တစ်ယောက်ကတော့ ပန်းစည်းလေးရလို့ တော်တော်လေး ပျော်နေတဲ့ ပုံပါပဲ။ ဆန်းသစ်လနဲ့ ကိုဝင်းမြတ်တို့ ကြင်စဦး ဇနီးမောင်နှံလဲ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.