သီချင်း MTV တစ်ခုရိုက်ဖို့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေး

သီချင်း MTV တစ်ခုရိုက်ဖို့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေး

Myanmar Idol Season 3 ကို ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ခြိမ့်ကေကိုကတော့ တစ်မူထူးတဲ့ အပြုအမူတွေ၊ အသံအနေအထားတွေကြောင့် ဒိုင်တွေသာမက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ ဒိုင်တွေရဲ့ရွေးခြယ်မှုကို မခံရပေမယ့်လည်း လက်ရှိမှာ အနုပညာအလုပ်တွေလုပ်ရင်း ရှေ့ဆက်နေတဲ့ ခြိမ့်ကေကိုကတော့ လတ်တလောမှာ အနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးနဲ့ သီချင်း MV တစ်ပုဒ်အတွက် အတူတွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ နှစ်ယောက်လုံးကလည်း နာမည်ကြီးဆယ်လီတွေမို့ ပရိသတ်တွေအားလုံးက ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးတို့ရဲ့သီချင်းဗီဒီယိုကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတာပါ။

ချစ်ပရိသတ်တွေအတွက် သီချင်း MV အတွက် တွေ့ဆုံဆွေးနွေးနေတဲ့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးတို့နှစ်ယောက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြိမ့်ကေကိုကတော့ “သီချင်းmtvအတွက်တွေ့ဆုံဆွေးနွေး😁😁😘😘😘” ဆိုပြီး ဖြူဖြူထွေးနဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ဖြူဖြူထွေးနဲ့ ခြိမ့်ကေကိုတို့ အနုပညာမောင်နှမနှစ်ဦးကတော့ မကြာခဏဆိုသလို Show ပွဲတွေမှာလည်း အတူဆုံတွေ့လေ့ရှိပါတယ်။ အမြဲလိုလို ထူးခြားတဲ့ တင်ဆက်မှုတွေကို ပြုလုပ်လေ့ရှိတဲ့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးတို့နှစ်ယောက်ရဲ့သီချင်းဗီဒီယိုကိုတော့ ပရိသတ်တွေအားလုံးကလည်း စိတ်ဝင်စားနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖြူဖြူထွေးနဲ့ ခြိမ့်ကေကိုတို့ရဲ့သီချင်း ဗီဒီယိုလေးထွက်လာရင်လည်း အားပေးကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.