ကိုယ်ဝန်လွယ်ထားရတာတောင် အလှမပျက်ဘဲ လွတ် လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ကြွေချင်စရာကောင်း လွန်း နေတဲ့ အောန်ဆိုင်

ကိုယ်ဝန်လွယ်ထားရတာတောင် အလှမပျက်ဘဲ လွတ် လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ကြွေချင်စရာကောင်း လွန်း နေတဲ့ အောန်ဆိုင်

နိုင်ငံကျော် စူပါမော်ဒယ် ကချင်တိုင်းရင်းသူလေး အောန်ဆိုင်းကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့သူလေးပါ ။ သူမကတော့ သူမချစ် ရတဲ့ချစ်သူနဲ့ လက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ မကြာခင်မှာပဲ အောန်ဆိုင်း မိခင်ဘဝကိုရောက် ရှိ ပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ။ ဒါကြောင့် အောန်ဆိုင်းက လူ့လောကထဲကို ရောက်ရှိလာတော့မယ့် ရင်သွေးလေးအတွက် ရင်ခုန်ပျော် ရွှင် နေရတာလည်း ဖြစ်ပါတယ် ။

မော်ဒယ်အောန်ဆိုင်းကတော့ လူထုလှုပ်ရှားမှုတွေပြုလုပ်တဲ့ အချိန်ကတည်းက တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ခဲ့သူဖြစ်ပြီး လမ်း ပေါ်မှာရှိတဲ့ အမှိုက်တွေကိုပါ ရှင်းလင်းပေးခဲ့တာ ဖြစ်ပါတယ် ။ ယခုလက်ရှိမှာ လုံခြုံအေးချမ်းတဲ့နေရာတစ်ခုကို ရောက်ရှိနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ် ။ တဖြည်းဖြည်းနဲ့ ကိုယ်ဝန်ရင့်လာပြီဖြစ်တဲ့အတွက် သူမရဲ့ခင်ပွန်းကိုယ်တိုင် လိုလေ သေးမရှိ ဂရုစိုက်ပေးနေတာဖြစ်ပါတယ် ။

လတ်တလောမှာတော့ အောန်ဆိုင်းက သူမရဲ့လှုပ်ရှားမှုလေးတွေကို အမှတ်တရအနေနဲ့ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ မျှဝေပေးလေ့ ရှိတာ တွေ့ရပါတယ်။ အခုဆိုရင်လည်း အောန်ဆိုင်းက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ ကြွေချင်စရာကောင်းလွန်းနေတဲ့ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။

ကိုယ်ဝန်လွယ်ထားရချိန်မှာတောင် နုပျိုနေတဲ့အပြင် အရင်ကထက်တောင် ပိုလှလာပါသေးတယ်။ မကြာခင်မှာပဲ ကလေးမေမေဖြစ်တော့ မယ့် စူပါမော်ဒယ်အောန်ဆိုင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Comments are closed.