လွတ်မြောက်နယ်မြေ တစ်နေရာရောက်နေချိန်မှာ ဒါရိုက်တာကိုပေါက်ရေးသားထားတဲ့ “ဘာမှမလိုပါဘူး အမေ

လွတ်မြောက်နယ်မြေ တစ်နေရာရောက်နေချိန်မှာ ဒါရိုက်တာကိုပေါက်ရေးသားထားတဲ့ “ဘာမှမလိုပါဘူး အမေ

ဒါရိုက်တာကိုပေါက်ကတော့ အနုပညာနယ်ပယ်မှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပေမယ့် ယခုအချိန်မှာတော့ အနုပညာအလုပ်တွေ နဲ့ ဝေးကွာ နေ တာပဲဖြစ်ပါတယ်။ ကိုပေါက်က တော်လှန်ရေးကြီးမှာ ပြည်သူနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

အင်တိုက်အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါ တယ်။ ဘေးကင်းရာကို ရှောင်တိမ်းပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက်ကတော့ ရောက်ရာနေရာကနေ တော် လှန်ရေးတိုက်ပွဲ ဆင်နွှဲနေသူဖြစ်ပါတယ်။

ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေရောက်နေချိန်မှာလည်း အခွင့်အရေးမယူဘဲ ချီးကျူးစရာ ကောင်းလောက်အောင် ကျရာတာဝန်ကို အများနည်းတူ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာလည်း စားသောက်စရာတွေကို ကိုယ်တိုင် ချက်ပြုတ်ပေးတာဖြစ်ပါတ ယ်။ ဒါ့အပြင် လွတ်မြောက်နယ်မြေက တိုင်းရင်းသားလူမျိုးတွေနဲ့ ကလေးငယ်တွေအတွက် အဝတ်အထည်တွေ၊မုန့်တွေကို တတပ်တအား လှူဒါန်းနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင် ကိုပေါက်က လွတ်မြောက်နယ်မြေတစ်နေရာကနေ အမေနဲ့ ပတ်သက်ပြီး ခံစားချက်လေး ဖွင့်ဟလာတာပဲဖြစ်ပါတယ်။ သူကတော့ ” ဘာမှမလိုပါဘူး အမေ…”လို့ဆိုပြီး တော်လှန်ရေးမှာ ပါဝင်တဲ့ ရဲဘော် ညီ/ညီမများတွေအတွက် ခံစားဂုဏ်ပြုပြီး ရေး သား ထားတာဖြစ်ပါတယ်။ တောထဲရောက်နေချိန်မှာ ရေးသားထားတဲ့ ကိုပေါက်ရဲ့စာလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်။

Comments are closed.