ယမန့်နေ့အောက်တိုဘာ(၁၃)ရက်နေ့မှာ (၂၄)နှစ်ပြည့် မွေးနေ့ကျရောက်ခဲ့တဲ့ ပြည်သူ့အချစ်တော် မော်ဒယ် မေ မြတ်နိုး

ယမန့်နေ့အောက်တိုဘာ(၁၃)ရက်နေ့မှာ (၂၄)နှစ်ပြည့် မွေးနေ့ကျရောက်ခဲ့တဲ့ ပြည်သူ့အချစ်တော် မော်ဒယ် မေ မြတ်နိုး

ယမန့်နေ့အောက်တိုဘာ(၁၃)ရက်နေ့မှာ (၂၄)နှစ်ပြည့်မွေးနေ့ကျရောက်ခဲ့တဲ့ ပြည်သူ့အချစ်တော် မော်ဒယ် မေမြတ်နိုး

မေမြတ်နိုး လို့ဆိုလိုက်ရင်တော့ ကျစ်လျစ်လှပတဲ့ အမိုက်စားခန္ဓာကိုယ်နဲ့ မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာအထိပါအောင်မြင်ကျော် ကြား နေတဲ့ အရည်အချင်းရှိ မော်ဒယ်တစ်ယောက်ဆိုပြီး ပရိတ်သတ်အားလုံးက သတ်မှတ်ထားကြတာဖြစ်ပါတယ်။သူမဟာ တကယ်ကို ထူးချွန် ပြီး အရည်အချင်းရှိတဲ့ အတွက်လည်း ပရိတ်သတ်များအားလုံးရဲ့ ချစ်ခင်လေးစားခြင်းကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။

သူမ ရဲ့ ပထမဆုံးအနုပညာခြေလှမ်းကတော့ အိမ်မက်ဆုံရာ အဆိုပြိုင်ပွဲဖြစ်ပြီး သူမဟာ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ အကောင်းဆုံးဝင် ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။အဲ့နောက်မှာတော့ (၂၀၁၄)ခုနှစ်မှာ တော့ Miss Asia Pacific ပြိုင်ပွဲမှာ အလှမယ်တစ်ယောက်အနေနဲ့ စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။(၂၀၁၆)ခုနှစ် မှာတော့ Asia Next Top Model ပြိုင်ပွဲမှာ Top (14) Finalists စာရင်းထဲပါဝင်လာခဲ့တာ ဖြစ် ပါတယ်။ ထိုနောက်ပိုင်းမှာတော့ သူမဟာ International Model တစ်ဦးအဖြစ် ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

လတ်တလောကာလမှာပဲ အမေရိကန်ရုပ်ရှင် တစ်ခုဖြစ်တဲ့ Invicible ရုပ်ရှင်ဇာတ်ကားမှာလည်း သူမအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။အရမ်းကို အရည်အချင်းရှိပြီး ထူးချွန်လွန်းတဲ့ မေမြတ်နိုး ဟာ ယမန့်နေ့ အောက်တိုဘာ(၁၃)ရက်နေ့မှာ အသက်(၂၄) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူနှင့်တသားတည်းရပ်တည်နေတဲ့ မေမြတ်နိုးကို ပရိတ်သတ်များကလည်း မွေးနေ့ဆုတောင်း စကားများပြောကြားခဲ့ကြပါ တ ယ် .သူမကလည်း သူမမွေးနေ့မှာ ဆုတောင်းစကားပြောပေးတဲ့သူတိုင်းကို ကျေးဇူးတင်စကားပြောကြားခဲ့ပါ တယ်။မေမြတ်နိုး တစ်ယော က် အနုပညာနယ်ပယ်မှာ အမြဲတမ်းအောင်မြင်မှုရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Comments are closed.