လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူလေးရဲ့ ကြာညိုသင်းရဲ့ ဘာသာစကားစွမ်းရည်ပြိုင်ပွဲ ဗီဒီယို

လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသူလေးရဲ့ ကြာညိုသင်းရဲ့ ဘာသာစကားစွမ်းရည်ပြိုင်ပွဲ ဗီဒီယို

ပညာရေးဝန်ကြီးဌာန My Tel နဲ့ Skynet တို့ပူးပေါင်းကျင်းပတဲ့ပထမအကြိမ်တက္ကသိုလ်၊ဒီဂရီကောလိပ် ၊ကောလိပ်ပေါင်းစုံ မြန်မာစကားစွမ်းရည်ပြိုင်ပွဲကိုSkynetရုပ်သံကနေတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာအသင်းတစ်သင်းလျင် ၃ဦးစီပါဝင်ယှဉ်ပြိုင်ရပြီးအသင်းတစ်သင်းကို၅မိနစ်ဖြင့်စုစုပေါင်းမိနစ်၃၀ကြာယှဉ်ပြိုင်ရတာပါ။

အဲဒီပြိုင်ပွဲမှာရန်ကုန်တက္ကသိုလ်က မကြာညိုသင်း ရဲ့ပြိုင်ပွဲဝင်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်စာမျက်နှာမှာ အရမ်းကို နာမည်ကြီးသွားခဲ့ပါတယ် ။ ယှဉ်ပြိုင်တဲ့ခေါင်းစဉ်ကတော့ အိမ်ထောင်ဖက်ကို နှလုံးသားနဲ့ရွေးချယ်မယ် နဲ့အိမ်ထောင်ဖက်ကို ဦးနှောက်နဲ့ရွေးချယ်မယ် ဆိုတဲ့ခေါင်းစဉ်ဖြစ်ပြီး ဒဂုံတက္ကသိုလ်က ကျောင်းသားလေးတွေကတော့ အိမ်ထောင်ဖက်ကို ဦးနှောက်နဲ့ရွေးချယ်မယ်ဆိုတဲ့ ဘက်က နေ ယှဉ်ပြိုင်ခဲ့ကြတာပါ။

မကြာညိုသင်းကတော့အိမ်ထောင်ဖက်ကိုနှလုံးသားနဲ့ကိုယ်ချစ်တဲ့သူကိုရွေးချယ်မယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ မကြာညိုသင်းကအချက်လက်ကျကျကဗျာတွေစာတွေနဲ့ယှဉ်ပြိုင်ပြောဆိုခဲ့တာဖြစ်ပြီးသူမရဲ့အဆိုကိုလက်ခံတဲ့သူတွေအများပြားရှိသလိုလက်မခံတဲ့သူတွေလည်းအများပြားရှိခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် မကြာညိုသင်းရဲ့ပြိုင်ပွဲဝင် ဗီဒီယိုလေးကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…… ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.