အရမ်းကို မိုက်လွန်းတဲ့ အကြမ်းစားပုံရိပ်တွေနဲ့ အထာကျနေတဲ့ နေခြည်ဦး

အရမ်းကို မိုက်လွန်းတဲ့ အကြမ်းစားပုံရိပ်တွေနဲ့ အထာကျနေတဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ်သာမက မော်ဒယ်၊မင်းသမီးတစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ နေခြည်ဦးကတော့ လတ်တလောမှာလည်း Moda မဂ္ဂဇင်းအတွက် ကာဗာမော်ဒယ်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ Moda မဂ္ဂဇင်းက နေခြည်ဦးရဲ့ ပုံရိပ်တွေကတော့ တမူထူးခြားတဲ့ ပိုစ့်တွေနဲ့ အရမ်းကို မိုက်နေတာကြောင့် ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာဖြစ်ပါတယ်။

ဆံပင်စတိုင်အသစ်နဲ့ အရမ်းကို ယောကျာ်းလေးဆန်ပြီး မိုက်နေတဲ့ နေခြည်ဦးကတော့ အကြမ်းစားပိုစ့်တွေပေးပြီး ခပ်မိုက်မိုက် ဓါတ်ပုံတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ဓါတ်ပုံတွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတဲ့ နေခြည်ဦးကတော့ လက်ရှိမှာလည်း ဖေစ်ဘုတ်ပေါ်မှာ follower ရှစ်သိန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ နေခြည်ဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်ပြီးတော့ အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ

Source: nay Chi oo,moda

Comments are closed.