သမိုင်းတစ်လျောက် လူသားတွေတီထွင်ခဲ့တဲ့ အမြန်ဆုံး ယာဉ် ( ၁၀ ) ခု အ ကြောင်း

သမိုင်းတစ်လျောက် လူသားတွေတီထွင်ခဲ့တဲ့ အမြန်ဆုံး ယာဉ် ( ၁၀ ) ခု အ ကြောင်း

နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ စွမ်းအားအမြင့်ဆုံး နဲ့ အမြန်ဆုံးယာဉ်တွေ ပေါ်ထွက်လာပါတယ် ။အသံထက်မြန်တဲ့လေယာဉ်တွေ ၊ အသံထက်မြန်တဲ့ကားတွေ အကြောင်းကိုလည်း အားလုံးကြားဖူးလောက်မှာပါ ။အခုပြောပြမှာကတော့ ကမ္ဘာပေါ်မှာရှိနေတဲ့ အမြန်ဆုံးယာဉ်တွေအကြောင်းပဲဖြစ်ပါတယ် ။

မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတဲ့ ယာဉ်တွေက ဘယ်လိုယာဉ်မျိုးတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်လိုက်ကြပါဦး ။

၁- Rocket Sled

Rocket Sleds တွေကတော့ ရော့ကတ်တွေရဲ့ တွန်းကန်အားကို စမ်းသပ်တဲ့အရာတွေပဲဖြစ်ပါတယ် ။အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ၆၄၅၃ မိုင်နှုန်းနဲ့ စံချိန်တင်ထားနိုင်ပြီး ပါတယ် ။Rocket Sleds တွေဟာ အမြင့်ပေ ၁၀ ၀၀၀ အထိတက်နိုင်ပြီး အတွင်းပိုင်းမှာ ချောဆီ နဲ့ ဟီလီယမ် ဓါတ်ငွေ့တွေဖြည့်ထားပါတယ် ။များသောအားဖြင့် ဒုံးကျည်တွေပစ်ခတ်ဖို့နဲ့ လေကြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုကြလေ့ရှိပါတယ် ။

၂ -NASA X-43 A

ဒီလေယာဉ်ကတော့ ပင်မလေယာဉ်ကြီးပေါ်မှတစ်ဆင့် အရှိန်ယူမောင်းနှင်တဲ့ ယာဉ်တစ်စင်းဖြစ်ပါတယ် ။NASA X-43 A ဟာ အလွန်လျင်မြန်တဲ့ လေယာဉ်တစ်စင်းဖြစ်ပြီး တစ်နာရီ ၇၀၀၀ မိုင်နှုန်းနဲ့မောင်းနှင်နိုင်တဲ့အတွက် ၂၀၀၅ ခုနှစ်တုန်းက ကမ္ဘာ့အမြန်ဆုံးလေယာဉ်အဖြစ် ဂင်းနစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။ဒီလေယာဉ်ဟာ အသံထက် ၈.၄ ဆ ပိုမြန်ပါတယ် ။

၃- Space Shuttle Columbia

ကိုလံဘီယာ အာကာသစခန်းမှ အာကာသလွန်းပျံယာဉ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့ အရာတစ်ခုပါ ။၁၉၈၁ ခုနှစ်မှာမစ်ရှင် စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပထမဆုံးမစ်ရှင်အတွင်းမှာ အမြန်နှုန်း တစ်နာရီ ၁၇၀၀၀ မိုင်နှုန်း နဲ့စံချိန်တင်ထားနိုင်ခဲ့ပါတယ် ။၂၀၀၃ ခုနှစ်မှာတော့ အရှိန်များလွန်းတဲ့အတွက် ပျက်ကျခဲ့ရပါတယ် ။

၎ -Discovery Space Shuttle

Discovery ရဲ့ အာကာသလွန်းပျံယာဉ်ဟာ တစ်နာရီ ၁၇၄၀၀ မိုင်နှုန်းနဲ့ ပျံသန်းနိုင်တဲ့အတွက် အမြန်ဆုံး အာကာသလွန်းပျံယာဉ်အဖြစ်မှတ်တမ်းတင်ထားနိုင်ပါတယ်။၁၉၈၄ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အကြိမ်ပေါင်း ၃၀ တိတိ ပျံသန်းခဲ့ပြီးပြီဖြစ်ပါတယ် ။ဒီအာကာသလွန်းပျံယာဉ်ဟာ ကျည်ဆံရဲ့အမြန်နှုန်းထက် ၅ ဆပိုမြန်ပါတယ် ။

၅- Apollo 10 Capsule

Apollo 10 ဟာ လဆင်းသက်မှု အကြိုလုပ်ဆောင်ခဲ့တဲ့ အာကာသယာဉ်တစ်စင်းပါ ။၁၉၆၉ ခုနှစ် မေလ ၂၆ ရက်နေ့ ၊ လမှအပြန်ခရီးမှာ တစ်နာရီမိုင်နှုန်း ၂၄၇၉၁ အထိရှိခဲ့တဲ့အတွက် ကမ္ဘာ့အမြန်ဆုံးလူကိုယ်တိုင်မောင်းနှင်တဲ့ယာဉ်အဖြစ် ဂင်းနစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။Apollo 10 ဟာမစ်ရှင်တစ်ခုလုံးကို ၅၆ နာရီအတွင်း အပြီးသတ်လုပ်ဆောင်နိုင်ခဲ့တဲ့ မစ်ရှင်တစ်ခုလည်းဖြစ်ပါတယ် ။

၆ -Stardust

၁၉၉၉ ခုနှစ်က Wild 2 ဥက္ကာခဲပေါ်မှာ နမူနာသွားယူဖို့အတွက် နာဆာမှလွှတ်တင်ခဲ့တဲ့ အာကာသ စူးစမ်းလေ့လာရေးယာဉ်တစ်စင်းပါ ။အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိပြီး တစ်နာရီမိုင်နှုန်း ၂၈၈၅၆ ၊ ကျည်ဆံထက် ၆ ဆမြန်တဲ့အလျင်နဲ့ မောင်းနှင်ခဲ့တဲ့ ယာဉ်တစ်စင်းပါ ။အလွန်မြန်တဲ့အရှိန်နဲ့မောင်းနှင်ခဲ့တာတောင်မှ မိုင်သန်း ၂၀၀၀ အကွာအဝေးမှာရှိတဲ့ Wild 2 ဥက္ကာခဲဆီကိုရောက်ဖို့အတွက် အချိန် ၇ နှစ်ကျော်ကြာမြင့်ခဲ့ပါတယ် ။

၇- New Horizon

၂၀၀၆ ခုနှစ်တုန်းက နာဆာမှလွှတ်တင်ခဲ့တဲ့ New Horizon အာကာသလေ့လာရေးယာဉ်ရဲ့မစ်ရှင်ကတော့ ပလူတိုဂြိုလ်နဲ့ သူ့ရဲ့ဂြိုလ်ရံလတွေကိုလေ့လာဖို့အတွက်ပဲဖြစ်ပါတယ် ။တစ်နာရီမိုင်နှုန်း ၃၆၃၇၃ နဲ့ ပလူတိုဂြိုလ်ဆီကို ထွက်ခွာခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဂျူလိုင်လ ၁၄ ရက်နေ့မှာတော့ ပလူတိုဂြိုလ်ရဲ့မျက်နှာပြင်အထက် မိုင် ၇၈၀၀ အကွာကိုရောက်ရှိခဲ့ပါတယ် ။New Horizon ဟာ ပလူတိုဂြိုလ်ဆီကိုပထမဆုံးရောက်ရှိခဲ့တဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်တစ်စင်းလည်းဖြစ်ပါတယ် ။

၈- Voyager 1

၁၉၇၇ ခုနှစ်က လွှတ်တင်ခဲ့တဲ့ အာကာသစူးစမ်းလေ့လာရေးယာဉ်ဖြစ်ပြီး နေအဖွဲ့အစည်းအပြင်ဘက်ကိုလေ့လာဖို့အတွက် လွှတ်တင်ခဲ့တာပဲဖြစ်ပါတယ် ။၂၀၁၃ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ဒီစူးစမ်းလေ့လာရေးယာဉ်ဟာ Interstellar Space အတွင်းဝင်ရောက်နိုင်ခဲ့ပါတယ် ။မစ်ရှင်အတွင်းမှာ တစ်နာရီမိုင် ၃၈၆၁၀ နှုန်းနဲ့ မောင်းနှင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကို ကီလိုမီတာ သန်း ၅၂၀ နီးပါးမောင်းနှင်ခဲ့တာပါ ။

ဒီအာကာသစူးစမ်းလေ့လာရေးယာဉ်ဟာ ၂၀၂၅ ခုနှစ်အထိ မစ်ရှင်လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။

၉ -Helios 1

၁၉၇၄ ခုနှစ် ဂျာမန်အာကာအေဂျင်စီမှ လွှတ်တင်ခဲ့တဲ့ Helios 1 ရဲ့မစ်ရှင်ကတော့ နေလုံးကြီးကိုလေ့လာဖို့အတွက်ပဲဖြစ်ပါတယ် ။အာကာသစူးစမ်းလေ့လာရေးယာဉ်ကို နေရဲ့ပတ်လမ်းအတွင်းထည့်သွင်းနိုင်ဖို့အတွက်တော့ နာဆာမှ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ် ။

ယခုချိန်မှာတော့ Helios 1 အာကာသစူးစမ်းလေ့လာရေးယာဉ်ဟာ နေရဲ့မျက်နှာပြင်မှ ၁၄၉၅၉၇၈၇၁ ကီလိုမီတာ(1AU) အကွာကနေပြီး တစ်နာရီ ၁၄၂၀၀၀ မိုင်နှုန်းနဲ့လှည့်ပတ်လျက်ရှိပါတယ် ။ လွှတ်တင်ခဲ့စဉ်အချိန်က နေရဲ့အချက်အလက်တွေကို ကမ္ဘာသို့ပြန်လည်ပို့ဆောင်ပေးခဲ့ပေမယ့် ၁၉၈၂ ခုနှစ်နောက်ပိုင်းမှာတော့အချက်အလက်ပို့ပေးတာ ရပ်တန့်သွားခဲ့ပါတယ် ။

၁၀- Helios 2

လူသားတွေဖန်တီးခဲ့တဲ့ ယာဉ်ထဲမှာ အမြန်ဆုံးယာဉ်တစ်စင်းပါပဲ ။Helios 2 ဟာ နေရဲ့ Helios 1 ထက် နေနဲ့ပိုနီးတဲ့နေရာကနေ 0.29AU အကွာမှ တစ်နာရီ ၁၆၇၀၇၈ မိုင်နှုန်းနဲ့ နေကိုလှည့်ပတ်လျက်ရှိပါတယ် ။ဒီအာကာသစူစမ်းလေ့လာရေးယာဉ်ကိုတော့ ၁၉၇၆ ခုနှစ်ဂျန်နဝါရီလ ၁၅ ရက်နေ့မှာလွှတ်တင်ခဲ့တာဖြစ်ပြီး နေရဲ့ပတ်လမ်းထဲကို ၁၉၇၆ ခုနှစ် အေပရယ်လ ၁၇ ရက်နေ့မှာရောက်ရှိခဲ့ပါတယ် ။

၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ Solar Plasma , Solar Dust , Cosmic Rays နဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့အချက်အလက်တွေအကြောင်း ကမ္ဘာကိုပို့ဆောင်ပေးခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ အချက်အလက်ပို့ဆောင်မှုရပ်ဆိုင်းသွားခဲ့ပါတယ်။ Helios 1 ရော 2 ရောဟာ ကမ္ဘာမြေနဲ့အဆက်အသွယ်ပြတ်နေပေမယ့် အခုချိန်ထိ နေကိုလှည့်ပတ်နေဆဲ ရှိနေတုန်းပါပဲ ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Writer -Min Thu (Daily Hot News )

Comments are closed.