ဘောလိဝုဒ်မှာ လတ်တလောပေါ်ပြူလာအဖြစ်ဆုံး ရူတိုင်းယဉ်လေး Urvashi Rautela

ဘောလိဝုဒ်မှာ လတ်တလောပေါ်ပြူလာအဖြစ်ဆုံး ရူတိုင်းယဉ်လေး Urvashi Rautela

Uravashi Rautela ဟာ လက်ရှိ ဘောလိဝုဒ် ရုပ်ရှင်လောကမှာ အသက်ငယ်ဆုံးနဲ့ အောင်မြင်ဆုံး မင်းသမီးငယ်တစ်ယောက်ပါ။ Singh Saab The Great, Sanam Re, Great Grand Masti စတဲ့ ရုပ်ရှင်တွေနဲ့ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ တည်ဆောက်ထားနိုင်တယ်။

instagram
hdnicewallpapers.com

စူပါမော်ဒယ်လည်းဟုတ် မင်းသမီးလည်းဟုတ်တဲ့ Urvashi က အသက်အရွယ်အားဖြင့် (၂၄) နှစ်သာရှိပါသေးတယ်။ (၂၀၁၅) ခုနှစ် Miss Universe ရွေးချယ်ပွဲမှာ အိန္ဒိယနိုင်ငံ ကိုယ်စားပြုအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူလည်းဖြစ်တယ်။

တကယ်ပြီး ပြည့်စုံတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မာလည်း သိပ်ကို ပေါ်ပြူလာဖြစ်တဲ့ သူပါ။ အမြဲ နောက်ဆုံးရိုက် ဓာတ်ပုံတွေ၊ ဆယ်ဖီပုံတွေ၊ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို တင်ပြီး ပရိသတ်နဲ့ အဆက်မပြတ်ရှိနေတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာဆိုလည်း ပရိတ်သတ် (၁၁) သန်းကျော်အထိရှိနေတာကို တွေ့ရတယ်။ အင်တာနက်ပေါ်မှာ အခုဆို သူမကို လူကြိုက်အများဆုံး ဘောလီဝုဒ် ကြယ်ပွင့်ထဲမှာ တခြားသော အနုပညာရှင်တွေနဲ့ အတူ ယှဉ်တွဲဖော်ပြထားကြတယ်။

သူမ ဘာလို့ အခုလို လူတွေရဲ့ အသည်းစွဲဖြစ်နေရလဲဆိုတာကို အခုဖော်ပြပေးမယ့် သူမရဲ့ အလှဓာတ်ပုံတွေက အဖြေပေးပါလိမ့်မယ်။

instagram


instagram

3.

instagram

4.

instagram

5.

instagram

6.

instagram

7.

instagram

8.

instagram

9.

instagram

10.

instagram

Source: RVCJ

Matthew (ShweMOM)
Comments are closed.