ရွှေဝယ်တိုင်း ဂျင်းထည့်လို့မရတဲ့ ပညာ

ရွှေဝယ်တိုင်း ဂျင်းထည့်လို့မရတဲ့ ပညာ

အလွယ်ကူဆုံး ရွှေဝယ်ရင် တန်မတန် စဉ်းစားဆုံးဖြတ်ပြီး ဝယ်နည်းလေးပြောပြရမလား။ တင်ထားတဲ့ပုံနဲ့ ဘာမှမဆိုင်ဘူးနော်။ ပုံလေးသက်သက်ထည့်ထားတာ …ဒီလိုပါ ရွှေဝယ်ရင် ဂျင်းမထည့်ခံရဖို့ဆိုတာကရွှေမှာ ၁၃ ၁၄ ၁၅ ၁၆ ပဲရည်ဆိုပြီးလာပါတယ်။ .

သူ့အရည်အလိုက် တန်ဖိုးကိုယ်စီ ပေါက်ဈေးရှိပါတယ်။ .အဓိက ကိုယ်ဝယ်မဲ့ရွှေက စိန်ပါတယ်ဆို ၁၃ဲရည်နဲ့ပဲ လုပ်လို့ ရပါတယ်။ ၁၄ ၁၅ ပဲရည်ဆိုတာ ပုံမှန်ရွှေပါ ရွှေကောင်းပါ .၁၆ ပဲရည်ဆိုတာ အခေါက်ရွှေပါ အပျော့ပါ .ကျိုးတယ်ဆိုတာမရှိပါဘူး ကွေးလို့ရတယ်။ .

နောက်တခုက >>> ဒုံး – ဒုံး ဆိုတာ ဘာလည်း

ဒုံးဆိုတာ အပေါင်ဆုံး ရွှေပါ ၁၃ ၁၄ ၁၅ ၁၆ ရောနေတာ အပေါင်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ သူကတော့ သူများဝတ်ပြီးသား ရွှေအဟောင်းပေါ့။ ရွေစုမယ်ဆို ဒုံး နဲ့ အခေါက်က အတန်ဆုံးပါပဲ။အဓိက ပြောချင်တာရွှေဆိုင်ကြီးတွေရော ရွှေဆိုင်လေးတွေပါ ရောင်းနေကြတဲ့ဒုတိယတန်းစား ၁၄ ၁၅ ရွှေတွေကို ကြိုက်လို့ လှလို့ ဝယ်ကြတယ်။စိတ်ထဲမှာ တမျိုးပဲ။ ဒီရွှေ မူရင်းဈေး ဘယ်လောက်တန်တယ် တချို့က မသိကြဘူး။ကြိုက်ဈေးပေးဝယ်တယ် ဆိုင်ကတွက်ပြတယ် အကြောင်းမျိုးမျိုးကြောင့်ပြန်သွင်းတယ် အများကြီးရှုံးနေတယ်ဟာ ဘာကြောင့်လည်း မသိဘူးလေ သူတို့ဘောက်ချာဖွင့်ဈေးနဲ့ ပေါက်ဈေး တွက်ပြီး ပြန်ပေးတာဆိုတော့ပြောမရဘူးလေ .

အင်း ဒါဆို ဘယ်လိုဝယ်မလည်း ???ဘယ်လောက်တန်တယ်ဆိုတာ သိမလည်း ???

No.1

ကိုယ်ဝယ်မဲ့ရွှေက ဘယ်အမျိုးအစားလည်း အခေါက်လားး ? ၁၆ဲရည် လားဒုတိယတန်းစား ရွှေကောင်း ၁၄ဲ ၁၅ဲရည် လား အညံ့စား၁၃ဲ ရည်လား စိန် နဲ့ ဆိုရင်တော့ ၁၃ဲ ရွှေ နဲ့ပဲ ခတ်လို့ရမှာပါ .ရွှေညံ့ ၁၃ ပဲရည် မဝယ်မိဖို့ လိုပါတယ် …

No.2

ရွှေ ၁၄ဲ ၁၅ဲ ရည် ဝယ်မယ်ကွာ ။ ရွှေဆိုင်မှာ ပေါက်ဈေး မေးပါ အပြင်ပေါက်ဈေးလည်း စုံစမ်းပါနမူနာ ရွှေဈေး ၁၅ဲ ရည် 860,000 ပေါက်တယ် ဆိုပါစို့ . ကိုယ်ဝယ်မှာ ၂ ပဲ ၅ ရွေး ဆိုပါစို့ . .၁ကျပ်သားမှာ ၁၆ ပဲ ။

ရွှေတန်ဖိုး သိပြီဆိုတော့ သူတို့မှာ အလျော့တွက် လက်ခ ဆိုတာ ပေးရပါတယ် (.ဒုံး မှာ အလျော့တွက် လက်ခ မရှိပါ )သူတို့ကို မေးပါ ၂ဲ ၅° နမူနာ လက်စွပ်ပေါ့ ., မေးလိုက်ပါ 2သိန်းကျော် ကျမယ် ဆို လုံးမဝယ်ပါနဲ့ ။

၂ဲတန်ဖိုး ရှိတဲ့အထည်ကိုလျော့တွက် + လက်ခ ၅ ° ထိပဲတန်ပါတယ် ,ရွှေတန်ဖိုး ခုန 140000ks ထားပါတော့လျော့တွက်လက်ခ ၇° 47000ks = ထား ၂ခု ပေါင်း =190000ks သာ တန်ပါတယ်။ဒါ အသစ်ရွှေထည် တွက်ပြတာပါ .ဒါကို တချို့က 140000ks ပဲတန်တာကိုလျော့တွက် လက်ခတွေ မတရားပေါင်းပါတယ် 230000ksတို့ ဘာတို့ ကျမယ်ဆို မတန်ပါဘူး .အလျော့တွက်လက်ခ ဆိုတာကပြန်သွင်းရင် ကိုယ်ရှုံးမဲ့ငွေပါ .

ရွှေဈေးအတက်အကျပေါ်မူတည်ပြီး သိပ်မရှုံးဘူး ဆိုပြီး ဂျင်းထည့်ပါတယ် အဲ့တာ အခေါက်မှ သိပ်မရှုံးတာပါ ၂ကျပ်သား ၃ကျပ်သားတို့ဆိုရွှေဈေးတက်ရင် မြတ်ပါတယ်အလှဝတ်တဲ့သူတွေတွက် လုံးဝမတန်ပါဘူး ,တွက်ကြည့်ပါ လက်စွပ်တကွင်းကို 190000ks အလျော့တွက်လက်ခပါပြီး ဒီလောက်ပဲတန်တာကို 230000ks ဆိုတော့ပြန်သွင်းရင် ဘယ်လောက်ရှုံးမှာလည်း ???

ခုနရွှေတန်ဖိုး 140000ks ပဲ ပြန်ရပါမယ် .190000ks ဆို အလျော့တွက်လက်ခ ရှုံးပါတယ် ပြန်မရပါ 50000ks ဆုံးပါမယ်230000ks ဆို 90000ks တောင်ရှုံးပါမယ် .ဘယ်လောက် % ရှုံးသွားမလည်း ?? 190000ks ဝယ်ထားပြီး 50000ks ရှုံးတယ်ဆို 25%တောင် ရှုံးပါတယ် . ,.
‌230000ks ပေးဝယ်ခဲ့တယ်ဆိုရင် =ကိုယ်ပြန်ရမှာ 150000ks ဝန်းကျင်ဆိုတော့= 80000ks ကိုယ့်ပိုက်ဆံရှုံးမှာပါ =အရမ်းများလွန်းသွားပြီ ။

တချို့ကျောက်နဲ့ရွှေနဲ့ဝယ်ရင် သတိထားပါကျောက်တန်ဖိုးနုတ်ပြီး ရွှေချိန် မေးဝယ်ပါ.ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးပါစေနော် .,ဒီpost မှာ အမှားပါလည်း ထောက်ပြပါ မသိတာလည်း ထပ်မေးပေးပါ cmmt မှာ .ဘယ်သူတဦးတယောက်ကိုမှ တိုက်ခိုက်လိုခြင်းမရှိပါ …ကိုယ့် ချွေးနည်းစာကို မတရား အရှုံးမခံရစေချင်တဲ့စေတနာပါ…

အဓိက ရွှေတန်ဖိုး ပေါက်ဈေး အလေးချိန်ကို ချိန်ပြီး တွက်ပြီး သိဖို့ပါ .နောက်မှ အလျော့တွက်လက်ခမေးပါ ဘယ်လာက်ယူသလည်း များရင်မဝယ်ပါနဲ့ ဆစ်ကြည့်ပါ ဆစ်လို့ရရင် ဝယ်ပါ.၂ပဲ တန်လက်စွပ်ဆိုလျော့တွက်လက်ခ ၅ရွေးပဲတန်ပါတယ်…နမူနာ ၁ကျပ်သားတန်ဆို ၂ပဲ ၃ပဲ ပဲတန်ပါတယ်Design တွေ ပေါ်မူတည်ပြီးလက်ခ အလျော့တွက် ပေးရတာများပါတယ်သိသလောက် စေတနာဖြင့် ပြန်မျှဝေပေးကြပါနော်.

လွတ်လပ်စွာshare နိုင်ပါသည်.ထပ်ပြောရင် ပြောမဆုံးပေါင်တောသုံးထောင်မို့အဆုံးထိဖတ်ပေးတာ ကျေးဇူးပါ။နောက်ဆက်တွဲအမေးများသောမေးခွန်းနဲ့အဖြေများ

အလျော့တွက် လက်ခကို ဘယ်လိုယူသလဲ။တကျပ်အထည်ကို တပဲ၆ရွေး ကနေ ၂ပဲ (သို့) ၃ပဲထိယူကြပါတယ်။ ဒီဇိုင်းဆန်းပြီး လက်ဝင်ရင် ပိုယူတဲ့သဘောပေါ့ပြီးတော့ လက်ကောက် ဆွဲကြိုးလိုကွင်းဆက်တွေများရင် ဂဟေသားများတော့ပြန်ရောင်းရင် အာ့တွေက အထည်ပျက်ဆိုပြီး

ဈေးအနှိမ်ခံရပြန်ရော အရှုံးကို %နဲ့ သိချင်တာကို ဘယ်လိုတွက်ရလဲဝယ်တုန်းက ၂သိန်းခွဲပေးထားတာကို ပြန်ရောင်းတော့ ၂သိန်းပဲရတယ်ထား။၅သောင်းရှုံးတယ်။ % သိချင်ရင်အရှုံးကို အရင်းနဲ့စားရလဒ်ကို ၁၀၀နဲ့မြောက်% နဲ့ရမယ်။၅၀၀၀၀/၂၅၀၀၀၀=၀.၂၀.၂x၁၀၀=၂၀%ပေါ့၂၀% ရှုံးတယ်။ ထိုင်းမှာ ရွှေဝယ်ပုံလေးကဒီလိုပါPost ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော် ဖတ်ဖူးတဲ့ English လို ရေးထားတဲ့စာအုပ်တစ်အုပ်မှာ တော့ခုခေတ် မှာ Mold လုပ်ပြီး Mass productionနဲ့ ထုတ်တာကြောင့် အလျော့တွက် လက်ခ က အင်မတန်မှ နည်းပါတယ် တဲ့။

ကိုယ်ဝယ်တဲ့ အထည်တစ် ခု ကို အကြီးအသေးကြည့်ပြီး Baht-400 က နေပြီး Baht-800 ကိုရွှေဖိုးမှာပေါင်းပေး ရင် လုံ လောက် တယ် တဲ့ ။အဲဒီ ပုံ စံ နဲ့ ထိုင်းမှာဈေးဆစ် ဝယ်တာ ရွှေဆိုင် က ၂ဘတ်သား နဂါးပုံ ရွှေအထည် ကို ဝယ် တာနောက် ဆုံးတော့ အလျော့တွက်လက်ခBaht-1,000+ ရွှေ ပေါက် ဈေး နဲ့ ဈေး တည့် ဖူး ပါတယ်။

ဒုံးမှာ အညံ့အလတ်အကောင်း ရောနေတာရပ်ကွက်ထဲက အပေါင်ဆိုင်တွေမှာအညံ့က များတယ်၁၁ပဲရည်လောက်ထိ အညံ့တွေပါတတ်တယ်သာတာတခုကလျော့တွက်လက်ခ မပေးရတာပါ။အခေါက် ရွှေဝယ်ရင်တော့ အလျော့တွက် လက်ခ လုံးဝမပေးရဘဲရွှေတန်ဖိုးဘဲ ပေးရတာလား၁၆ ပဲ အခေါက်တုံးက အကယ်ဒမီ စသဖြင့် အတုံးအခဲပေါ် အသားတံဆိပ်နဲ့ ရတယ်။

၁ဝိသား ကနေ ၅ိသား စသဖြင့်ကတ်ကြေးနဲ့ ကိုက်ညပ်ပြီး ခွဲရောင်းပေးတယ်။ ကိုယ်ဝယ်မဲ့ဆိုင်က စိတ်ချရတဲ့ပင်ရင်းက အာမခံ ရှိဖို့တော့ လိုတယ်။အခေါက်ရွှေတုံး စုပုံစုနည်းအခေါက်ရွှေ ဝယ်မယ်ဆိုရင် တစ်ခွန်းမေးတယ်ဘယ်လောက်ထိ ပိုက်ဆံသုံးနိုင်လည်းတဲ့ အပိုအလို ဘယ်လောက်ဆိုရမလည်းတဲ့

အဲ ပြောတဲ့အတိုင်းဖြတ်ပြီး အတုံးပေးတာပါဘယ်လိုမှ ဝတ်ဆင်ကြွားဝါးလို့မရပါဘူး တစ်ချို့ ဆို ရင် လက်ကောက် အဆက်မပါ ဝတ်ကြတယ် ပျောက်လွယ်ပါတယ် ရွှေတန်ဖိုးအတိအကျဘဲပေးရတယ် ရွှေတုံးကိုဖြတ်ပေးတယ် ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit – #THAN HTIKE AUNG

Comments are closed.