ထိုင်းနိုင်ငံမှ မီလီယံနာသူဌေးကြီးက သူ့ သမီးကို လက်ထပ်မည့်သူအား ပေါင် £240,000 မြန်မာငွေ ကျပ်သိန်း ( ၅၀၀ ) နီးပါး ပေးမည်ဟု ကြေညာ

ထိုင်းနိုင်ငံမှ မီလီယံနာသူဌေးကြီးက သူ့ သမီးကို လက်ထပ်မည့်သူအား ပေါင် £240,000 မြန်မာငွေ ကျပ်သိန်း ( ၅၀၀ ) နီးပါး ပေးမည်ဟု ကြေညာ

ထိုင်းနိုင်ငံမှ မီလီယံနာလယ်ပိုင်ရှင်သူဌေးကြီးဟာ သူ၏သမီးပျိုကိုလက်ထပ်မည့်သတို့သားအား စတာလင်ပေါင် ၂၄၀၀၀၀ အပြင် သူ၏ခြံမြေတစ်ခုလုံးကိုပါပေးအပ်မည်လို့ပြောဆိုခဲ့ပါတယ်။  ထိုင်းနိုင်ငံတောင်ပိုင်း၊ ချမ်ဖွန်ပြည်နယ်မှာနေထိုင်တဲ့ ဒူးရင်းခြံပိုင်ရှင်ဖြစ်သူ အာနွန် ရော့ဒ်သွန် (၅၈ နှစ်) က သူ့သမီးဖြစ်သူ ခန်စီတာရဲ့အနာဂတ်နဲ့ပတ်သတ်လို့ သူကိုယ်တိုင်ဖြေရှင်းသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာချမ်ဖွန်ရဲ့ကမ်းလှမ်းစာထဲမှာသူ့သမီးဟာအခုလက်ရှိမိသားစုစီးပွားရေးကိုကူညီလုပ်ကိုင်နေပီး အင်္ဂလိပ်စာနဲ့တရုတ်စာကိုလဲကောင်းကောင်းပြောဆိုနိုင်ပီး အပျိုဖြစ်ပါတယ်ဆိုတဲ့ အကြောင်းအရာတွေကိုအထူးပြုရေးသားထားပါတယ်။

ထိုင်းနိုင်ငံရဲ့တချို့ဒေသတွေမှာ သတို့သားဘက်ကသတို့သမီးကိုတင်တောင်းရတာတွေရှိပေမဲ့ သူကတော့ သူ့သမီးကိုယူဖို့အဲ့ဒါတွေမလိုဘူးလို့ဆိုပါတယ်။ အဲ့အစားသူဟာ သူ့ရဲ့သမက်လောင်ကို စတာလင်ပေါင် ၂၄၀၀၀၀ နဲ့ သူပိုင်တဲ့ဒူးရင်းခြံကြီးကိုလဲပေးမှာဖြစ်ပါတယ်။ အဆိုပါဒူးရင်းခြံမြေကြီးဟာလဲ မီလီယံချီပီးတန်ဖိုးရှိပါတယ်။

အဲ့အပြင် သူ့ရဲ့သမက်လောင်းနဲ့ပတ်သတ်ပီး ဘာနိုင်ငံသားပဲဖြစ်ဖြစ် ကန့်သတ်မှုမရှိကြောင်း၊ သမက်လောင်းရော သမီးရော နှစ်ယောက်လုံးအလုပ်ကြိုးစားပီး သူ့သမီးကိုပျော်အောင်ထားနိုင်ရင် ရပီဆိုတဲ့အကြောင်းကိုလဲပြောကြားခဲ့ပါသေးတယ်။ “တစ်ယောက်ယောက်ကိုကျွန်တော့စီးပွားရေးကိုလက်လွှဲယူစေချင်ပီး အဲ့စီးပွားရေးကိုအဓွန့်ရှည်အောင်လုပ်ပေးစေချင်ပါတယ်။ ဘာဘွဲ့ရတို့ မာစတာဘွဲ့ရတို့ ဘာတို့စတဲ့ဘွဲ့ရထားတဲ့သူမှမဟုတ်ပါဘူး။ ကျွန်တော်ကတော့လုံ့လဝီရိယရှိတဲ့သမက်မျိုး အလုပ်ကြိုးစားတဲ့သမက်မျိုးကိုလိုချင်ပါတယ်။ ဒါပါပဲ။”

မစ္စတာချမ်ဖွန်မှာ သူ၏စီးပွားရေးကိုဆက်ခံနိုင်မယ့်သားတွေလဲရှိပါတယ်။ ဒါမဲ့ သူ့မှာသမက်သာရလာရင် သမက်ကိုပဲ စည်းစိမ်ဥစ္စာတွေအကုန်ပေးသွားမှာပါလို့ဆိုပါတယ်။ မစ္စတာရော့ဒ်သွန်ရဲ့ဒူးရင်းခြံဟာ နေ့စဉ် အသီးပေါင်း ၅၀ တန်ထုတ်လုပ်ပီးအဲ့ဒေသမှာတော့အကြီးဆုံးလုပ်ငန်းဖြစ်ပါတယ်။ ချမ်းသာတဲ့ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ရွှေရောင်အဆောင်တွေကိုလဲသဘောကျပီး သူ့ဒေသတစ်ဝိုက်က နယ်မြေတွေအတော်များများကိုလဲပိုင်ဆိုင်ပါတယ်။ သူ့သမီးနဲ့ပတ်သတ်လို့ကမ်းလှမ်းချက်ဟာ အင်တာနက်မှာပေါ်ထွက်လာပီးတဲ့နောက်မှာ မစ္စတာရော့ဒ်သွန်နဲ့ သူ့သမီးတို့ဟာ အမျိုးမျိုးသောတုံ့ပြန်မှုတွေရှိလာပါတယ်။

မစ္စရော့ဒ်သွန် ကလဲသူ့အဖေရဲ့ကမ်းလှမ်းချက်ကြောင့် လူအများအာရုံစိုက်ခံခဲ့ရလို့စိတ်ပင်ပန်းခဲ့တယ်လို့ဆိုပါတယ်။ အဲ့နောက်မှာ သူမဟာ အပျိုတစ်ယောက်ဖြစ်တယ်ဆိုတာကိုလဲဝန်ခံခဲ့ပါတယ်။ ဒါမဲ့ သူမရဲ့ချစ်သူလောင်းဟာဆိုရင် သူ့အဖေဆီကပိုက်ဆံကိုစုဖို့တော်တော်ပင်ပန်းရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ပိုက်ဆံတွေကိုသူဟာ ကိုရီးယားကိုသွားပီးပလတ်စတစ်ဆာဂျီရီလုပ်တဲ့နေရာမှာ သုံးချင်တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။

“အဖေ့တင်ထားတဲ့ပို့စ်ကိုသူငယ်ချင်းကပြတော့မှသိလိုက်ရတာပါ။ အံ့လည်းအံ့သြသွားတယ်။ ပီးတော့ရယ်ရတယ်လို့လဲထင်ပါတယ်။ ကျွန်မကလူလွတ်ဆိုတာဟုတ်ပါတယ်။ ကျွန်မရဲ့အနာဂတ်ချစ်သူလောင်းလေးကိုတော့ လုံ့လဝီရိယရှိပီး သူ့မိသားစုကိုချစ်မြတ်နိုးတဲ့လူကောင်းတစ်ယောက် ဖြစ်စေချင်ပါတယ်။ အဲ့လိုလူနဲ့လက်ထပ်ချင်ပါတယ်” လို့ဆိုထားပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Writer – Min Thu (Daily Hot News)

Comments are closed.