ထိခြင်းငါးဖျာနဲ့ ရိုသေစွာ ဘုရားဝတ်ပြုနေခဲ့တဲ့ မေမေ မယ်လိုဒီ သားလေး သိဒ္ဓိစစ်

ထိခြင်းငါးဖျာနဲ့ ရိုသေစွာ ဘုရားဝတ်ပြုနေခဲ့တဲ့ မေမေ မယ်လိုဒီ သားလေး သိဒ္ဓိစစ်

ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီ ကတော့ နေ့ရက်တိုင်းကို ချစ်ရတဲ့ မိသားစုတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေထိုင်ခဲ့တဲ့အတွက် စိတ်ချမ်းသာမှုတွေနဲ့အတူ အရွယ်တင်နုပျိုနေတာကို ပရိသတ်တွေ မျက်မြင်ကိုယ်တွေ့ တွေ့ရှိထားခဲ့ပြီးပါပြီနော်။ အိမ်ထောင်သက် ၄ နှစ်ကျော် ကြာသည့်တိုင်အောင် ပျော်ရွှင်စရာ မိသားစုလေးနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေထိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရှိခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် အေးချမ်းလှတဲ့ မိသားစုဘဝလေးမှာ အရာရာဟာ ပြည့်စုံနေခဲ့ရပါပြီနော်။

အရမ်းကို ချစ်စရာကောင်းတဲ့ သားသားလေး သိဒ္ဓစစ်ကတော့ ဖေဖေ မေမေတို့ရဲ့ သွန်သင်ဆုံးမ လမ်းညွှန်မှုအောက်မှာ အရမ်းကို လိမ္မာပါးနပ်လှတဲ့ ကလေးလေးတစ်ယောက် ဖြစ်တာကြောင့် အများရဲ့ ချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ အများရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သားသားလေးကတော့ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်မှာလည်း အရမ်းကို သိတတ်လှတဲ့ ကလေးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရတနာသုံးပါးကို ရိုသေပြီး ထိခြင်းငါးဖျာနဲ့ နဖူးတိုက်ဦးတိုက် ရှစ်ခိုးကန်တော့နေတဲ့ သားသားလေး သိဒ္ဓိစစ်ကိုကြည့်ပြီး မေမေ မယ်လိုဒီကတော့ အရမ်းကို ကြည်နူးနေခဲ့ရတာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထိခြင်းငါးဖျာနဲ့ ဘုရားဝတ်ပြုနေခဲ့တဲ့ မယ်လိုဒီရဲ့ သားငယ်လေး သိဒ္ဓိစစ်ရဲ့ ချစ်စရာကောင်းတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။ အသက် ၃ နှစ် ၁၀ လ အရွယ်လေးနဲ့တင် အရမ်းကို သိတတ်နားလည်ပြီး ချစ်စရာကောငလွန်းနေတဲ့ မယ်လိုဒီရဲ့ သားငယ်လေး သိဒ္ဓိစစ်ရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

သားလိမ်မာလေးကိုကြည့်ရင်း အရမ်းကို ပီတိတွေ ဖြစ်နေခဲ့ရတဲ့ မေမေ မယ်လိုဒီကတော့ ” 💞ရင်ထဲကရတနာတစ်ပါး မေမေ့ရင်မှာ ပီတိဖြာ ကျေနပ်မူ့အပေါင်း သရဖူဆောင်း ပိုကြိုးစားဖို့အားဖြစ်သည် မေမေ့သားလေး ကြောင့်ဖြစ်သည်💞 ၇ရက်သားသမီးအားလုးံ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင် 🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အရမ်းကို လိမ်မာပြီး ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့အတူ ထိုင်းနိုင်ငံ ချင်းမိုင်ကို အလည်ရောက်ရှိနေခဲ့ကြတဲ့ မယ်လိုဒီတို့ သားအမိနှစ်ယောက်ရဲ့ ချစ်စရာ မြင်ကွင်းပုံရိပ်

အသက်ငယ်ငယ် ရွယ်ရွယ်လေးမှာတင် အရမ်းကို သိတတ်နားလည်လွန်းတဲ့ သားသားလေး သိဒ္ဓိစစ်ရဲ့ ကြည်နူးစရာကောင်းတဲ့ ချစ်စရာ ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်ကြီးလည်း သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ အရမ်းကို ချစ်စရာကောင်းပြီး ဘုရားတရား သိတတ်နားလည်လွန်းတဲ့ သားသားလေးကို ကြည့်ရင်း အရမ်းကို ကြည်နူးရပြီး ပီတိဖြစ်ရတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.