အိန္ဒိယ ချပြတဲ့ F16 လေယာဉ် ဒုံးကျည်နဲ့ ပတ်သက်ပြီး ပါကစ္စတန်က လိမ်လည်နေတယ်လို့ ထိုင်ဝမ် ပြော

အိန္ဒိယ ချပြတဲ့ F16 လေယာဉ် ဒုံးကျည်နဲ့ ပတ်သက်ပြီး ပါကစ္စတန်က လိမ်လည်နေတယ်လို့ ထိုင်ဝမ် ပြော

ပါကစ္စတန်နိုင်ငံဟာ လိမ်လည်ညာဖြီးနေတယ်လို့ ထိုင်ဝမ်က ပြောရင်း မိမိတို့နိုင်ငံအနေနဲ့ အိန္ဒိယကို အမေရိကန်လုပ် ဒုံးကျည်တွေ ပေးပို့ဖူးကြောင်း လုံးဝမရှိဘူးလို့ ယတိပြတ်ပြောဆိုပါတယ်။

ပါကစ္စတန်က F16 တိုက်လေယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဆိုပြီး အိန္ဒိယအစိုးရက ပြသခဲ့တဲ့ ဒုံးကျည်အစိတ်အပိုင်းဟာ အမှန်တကယ်က ထိုင်ဝမ်ပိုင် ဒုံးကျည်ဖြစ်တယ်လို့ ပါကစ္စတန်မီဒီယာတွေက ဖော်ပြတာကို ထိုင်ဝမ်ဖက်က ချေပတာပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်လေတပ်က F16 မှာ အသုံးပြုတဲ့ ဒုံးကျည်များစွာကို ပိုင်ဆိုင်ကြောင်း ပြောပြီး အိန္ဒိယပြသတဲ့ ဒုံးကျည်မျိုးကတော့ ၎င်းတို့ ပိုင်မဟုတ်ဘူးလို့ ငြင်းထားကြောင်း ထိုင်ဝမ်စစ်တပ်နဲ့ နီးစပ်သူတွေရဲ့ အပြောအရ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိန္ဒိယအစိုးရဟာ F16 တိုက်လေယာဉ်က ပစ်ခတ်တာဖြစ်နိုင်တဲ့ အမေရိကန်လုပ် ဒုံးကျည်အစိတ်အပိုင်း ဓာတ်ပုံတွေကို ပြသလိုက်ပါတယ်။

အမေရိကန်ဟာ F16 တိုက်လေယာဉ်တွေကို ပါကစ္စတန်ကို ပေးပို့တာဟာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက်ပဲ ဖြစ်ပြီး အခြားနိုင်ငံတွေကို တိုက်ခိုက်ရမှာ အသုံးမပြုဖို့ သဘောတူညီချက်ကြောင့် ပေးပို့ထားတာ ဖြစ်တာကြောင့် ခုလို ပါကစ္စတန်ဖက်က F16 ကနေ ပစ်တဲ့ဆိုတဲ့ ဒုံးကျည်ကို အိန္ဒိယက ချပြတာဟာ ပါကစ္စတန်အတွက် အထိမခံတဲ့ ကိစ္စရပ် ဖြစ်နေတာပါ။

ဒီ အိန္ဒိယချပြတဲ့ ဒုံးကျည်အစိတ်အပိုင်းဟာ အမေရိကန်က ထိုင်ဝမ်ကို ရောင်းချထားတဲ့ ဒုံးကျည်တွေ ဖြစ်နိုင်တယ်ဆိုပြီး ပါကစ္စတန်ရဲ့ အင်္ဂလိပ်လို ထုတ်ဝေတဲ့ The Express Tribune သတင်းစာက ဖော်ပြပါတယ်။

AIM120C-5AMRAAM ဒုံးကျည်ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃၈ သန်းဖိုး လက်နက်အရောင်းအ၀ယ်နဲ့ ထိုင်ဝမ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ရောင်းချထားတဲ့ စာရင်းပါ ဒုံးကျည်ဖြစ်တယ်ဆိုပြီး ယင်းသတင်းစာက ဖော်ပြခဲ့တာပါ။

ဒီသတင်းပါ ဖော်ပြချက်ကြောင့် ချက်ချင်း စာရင်းကို စစ်ဆေးခဲ့ရာမှာ ဒီဒုံးကျည်နဲ့ တူညီတာကို မတွေ့ရကြောင်း ထိုင်ဝမ်လေတပ်က ချက်ချင်းပဲ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ထိုင်ဝမ်အနေနဲ့ အမေရိကန်ဆီက ရရှိထားတဲ့ လက်နက်စနစ်ဟာ ထိုင်ဝမ်တစ်နိုင်ငံတည်း သုံးဖို့ဖြစ်ပြီး ဘယ်အခြားနိုင်ငံကိုမှ မရောင်းချနိုင်ကြောင်းလည်း ချေပပြောဆိုခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Rf; The Economic Times

Writer- မောင်သံဆင့်(Daily Hot News)

Comments are closed.