နို့သောက်ရင်း အပြန်အလှန် Cheer လုပ်နေကြတဲ့ ခေတ်ခေတ်နဲ့ သစ်သစ်တို့ရဲ့ video

နို့သောက်ရင်း အပြန်အလှန် Cheer လုပ်နေကြတဲ့ ခေတ်ခေတ်နဲ့ သစ်သစ်တို့ရဲ့ video

ပရိသတ်တွေ အချစ်ပိုနေကြတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ချစ်စရာ မိသားစု ဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်တဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ဦးစလုံးက အနုပညာရှင်တွေဖြစ်ပေမယ့် ချစ်စရာကောင်းတဲ့ သမီးလေးတွေအတွက်ကိုတော့ မအားလပ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးပြီး ဂရုစိုက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ပျော်ရွှင်စရာ မိသားစုလေးမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ခင်ခဲ့ကြတဲ့ သူတို့ မိသားစုလေးကတော့ အရမ်းကို ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးဖြစ်ပြီး ယခုအချိန်မှာတော့ အမွှာသမီးလေးတွေ နှစ်ယောက်ရဲ့ တီတီတာတာ ပြောဆိုတတ်မှုတွေကြောင့် ပရိသတ်တွေက အရမ်းကို သဘောကျ နေခဲ့ကြရတာပဲဖြစ်ပါတယ်။

အသက် ၂ နှစ်ကျော်မှာ တီတီတာတာပြောဆိုနေတတ်ပြီဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ ညီအစ်မနှစ်ယောက်ကတော့ ယခု ညပိုင်း ချိန်ခါလေးမှာ နို့သောက်ကြရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်ရယ်မောမော Cheer လုပ်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ချစ်နေကြတဲ့ သမီးလေးနှစ်ယောက်ကိုကြည့်ရင်း မေမေချစ်သုဝေက ” သည်းပလုတ်တုတ် ခေတ်ဟာ အဖျား ၁၀၂ နဲ့ အဲ့လိုတွေမြူးနေတာ ယုံလိုက်ပါ..”

“ဒီအမေမှာသာ နေ့မနား ညမအား..ဘာကြောင့်ဆို နေ့မှာ ဆော့ ညဘက်မှာ ဖျားနေတာပြန်သတိရသွားပုံပဲ အမေ့ လက်ပေါ်က မဆင်းတော့ဘူးလေ.ချောအီစိမ့်လေး သစ်ကတော့ အစ်မကို အမြဲအလျော့ပေးနေ ‘စ’နေရရင်ကို ပျော်နေတာ.. ညီအစ်မ ၂ယောက်က စကားတွေ တီးတိုးပြောလိုက် ဖက်လိုက်ချစ်လိုက် ရန်ဖြစ်လိုက် ငိုလိုက်ယိုလိုက် အမေကိုလုလိုက်(တစ်နေ့ ၃ကြိမ်မှ ၇ ကြိမ်ထိဖြစ်ပွား) “

” ဒီမေလည်း ရောဂါ မည်မည်ရရ ခေါင်းစဉ်တပ်စရာမရှိပေမယ့် တစ်ကိုယ်လုံး မနာကျင်တဲ့နေရာ မရရှိရပါဘူးတော်..ဒါပေမယ့်လည်း အသည်းတွေတုန်အောင် ချစ်နေရတာပါပဲတော်..ဘာလေးတွေမှန်းကိုမသိဘူး…. 😍🥰😘 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

နို့သောက်ရင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Cheer လုပ်နေကြတဲ့ ခေတ်ခေတ်နဲ့ သစ်သစ်တို့ရဲ့ ချစ်စရာ video

နို့သောက်ရင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Cheer လုပ်နေကြတဲ့ ခေတ်ခေတ်နဲ့ သစ်သစ်တို့ ညီအစ်မ နှစ်ယောက်ရဲ့ ချစ်စရာ video file လေးကိုကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်ပြီး အချစ်ပိုမိတယ်ဆိုရင် Shareပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.