အလန်းစားမိန်းမပျိုလေးတွေနဲ့ ခပ်မိုက်မိုက်လေးရိုက်ကူးထားတဲ့ ဖြိုးလေးရဲ့အကြမ်းစားသီချင်းဗီဒီယို

အလန်းစားမိန်းမပျိုလေးတွေနဲ့ ခပ်မိုက်မိုက်လေးရိုက်ကူးထားတဲ့ ဖြိုးလေးရဲ့အကြမ်းစားသီချင်းဗီဒီယို

Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးလေးကတော့ ထိမိလွန်းတဲ့ စာသားတွေနဲ့ အမိုက်စားသီချင်းတွေကို ဖန်တီးလေ့ရှိသူတစ်ဦးမို့ လူငယ်ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးလေးက သူအကောင်းဆုံးကြိုးစားထားတဲ့ “ဘာတွေဖြစ်” အခွေလေးကို ပရိသတ်တွေရဲ့လက်ထဲကို ထည့်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ဖြိုးလေးက “ဘာတွေဖြစ်” အခွေထဲက “Dancing Car” သီချင်းဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ အလန်းစားမိန်းမပျိုလေးတွေနဲ့ ခပ်မိုက်မိုက်လေးရိုက်ကူးထားတဲ့ ဖြိုးလေးရဲ့သီချင်းဗီဒီယိုကတော့ အရမ်းကို နားထောင်လို့ကောင်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ကြည့်လို့လည်းကောင်း နားထောင်လို့လည်းကောင်းတဲ့ ဖြိုးလေးရဲ့သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးလေးကတော့ “ကျနော် ဖြိုးလေး ရဲ့ ဘာတွေဖြစ် Album ထဲက Dancing Car ( Music Video ) အမြည်းရပြီဗျို့ 🔥🔥🔥” ဆိုပြီး အမိုက်စားဗီဒီယိုလေးကို ပရိသတ်တွေအတွက် လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ခပ်မိုက်မိုက်လေးရိုက်ကူးထားတဲ့ ဖြိုးလေးရဲ့”Dancing Car” သီချင်းဗီဒီယို

ဖြိုးလေးကတော့ သူ့ရဲ့”ဘာတွေဖြစ်” အခွေကို လာမယ့် မတ်လ ၉ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချီတော့မှာပဲ ဖြစ်ပြီး Promotion Show ကိုတော့ လှည်းတန်းစင်တာမှာ ၃နာရီကနေ ၆နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဖြိုးလေးရဲ့”ဘာတွေဖြစ်” အခွေထဲက “Dancing Car”သီချင်းလေးကလည်း အရမ်းကို နားထောင်လို့ကောင်းတာမို့ ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေကလည်း အရမ်းကိုမိုက်တဲ့ ဖြိုးလေးရဲ့သီချင်းအသစ်လေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.