မိုးကုတ်ဆရာတော်ဘုရား၏ရုပ်ကလာပ်တော်မှ ထူးခြားချက်_၁၅ _ ချက်

မိုးကုတ်ဆရာတော်ဘုရား၏ရုပ်ကလာပ်တော်မှ ထူးခြားချက်_၁၅ _ ချက်

၁။ရုပ်ကလာပ်တော် ဆေးသွင်းရာတွင်သွေးစိမ်းများ အထက်သို့ လေးလက်မခန့်ထောင်၍ ပန်းထွက်ခြင်း နေ့စဉ် (၇)ရက်တိုင်တိုင်ဆေးထိုးတိုင်း သွေးစိမ်းများ ထွက်ခြင်း၂။ဆေးသွင်းစ ညိုမည်းသွားသော်လည်းအသားတော်မှာ တဖြည်းဖြည်းဖြင့်သက်သော်ရှိစဉ် ကဲ့သို့ ဝင်းထိန်တောက်ပလာခြင်း

၃။အသားတော်များမှာ သက်တော်ရှိစဉ်ကကဲ့သို့ ပျော့ပျောင်းနေခြင်း ၄။သက်တော်ရှိစဉ်က ရိတ်ခဲ့သောဆံတော်များမှာ ဓါတ်တော်ကဲ့သို့လုံးသွားခြင်း ၅။ခြေသည်း လက်သည်းများရှည်ထွက်လာခြင်း ၆။ဆံတော်များရှည်ထွက်ခြင်း ၇။ရုပ်ကလာပ်တော်ကို ဗဟိုစံကျောင်းမှဦးကျော်သိန်း ဒေါ်တင်လှ မဏ္ဍပ်သို့ပင့်ဆောင်လာစဉ် လူအုပ်အများကြီးပေါ်မှ ပျားကောင်ရေများစွာသည်ဆရာတော်ဘုရားကြီးကို ပူဇော်ဖူးမျှော်လျက်ပင့်ဆောင်လာသော လမ်းစဉ်အတိုင်း ပျံသန်းလိုက်ပါလာပြီး ရုပ်ကလာပ်ထားရှိသည့် မုခ်ဦးထိပ်တွင် ဝင်ရောက်စွဲအုံ့ကြခြင်း

၈။ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုလ်ရာတွင်အချိန်ကြာမြင့်စွာ မီးမစွဲဘဲ ကျိန်းစက်နေဘိသကဲ့သို့ စင်းစင်းပင် တည်ရှိခြင်း ၉။မီးစွဲလောင်သော်လည်း ရုပ်ကလာပ်မှာရုန်းခြင်း ကွေးခြင်း မရှိဘဲ ပကတိ ကျိန်းစက်သကဲ့သို့ တည်ရှိခြင်း ၁၀။ရုပ်ကလာပ်တော်မှ မကောင်းသောအနံ့များ မထွက်ခြင်း

၁၁။မီးသင်္ဂြိုလ်စဉ် ကောက်ယူထားသောအရိုးတော်များမှာ တဖြည်းဖြည်း ဓါတ်တော်များဖြစ်လာခြင်း ၁၂။မသင်္ဂြိုလ်ပြီးနောက် အုတ်ပလ္လင်မှအရိုးတော်တစ်ပိုင်း ဓါတ်တော်တစ်ပိုင်းရရှိခြင်း ၁၃။မီးသင်္ဂြိုလ်ပြီးနောက် အုတ်ပလ္လင်ဖျက်ပြီးမှ အရောင်စုံ အသွယ်စုံဓါတ်တော်များရရှိခြင်း၁၄။ မီးသင်္ဂြိုလ်ပြီးနောက် သက်တော်ရှိစဉ်သကဲ့သို့ အကြည်ဓါတ်မပျက် မီးမခဘဲမျက်လုံးတော်ကျန်ရှိခြင်း၁၅။မီးသင်္ဂြိုလ်ပြီးနောက် ချိတ်ဆက်ဖြစ်သောလက်သစ်ရိုးတော် ရရှိခြင်း

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ်ပ္ပတ္တိနှင့်ကျင့်စဉ်စာအုပ်မှ

(min min C/O Princess Khinkhin)

mmlivenews.com

Comments are closed.