သူတင်တဲ့ဗီဒီယိုတိုင်း ကြည့်ရှုသူ မီလီယံနဲ့ချီလို့ ကျေးဇူးတင်စကားဆိုလိုက်တဲ့ ​နေ​ရွှေသွေးအောင်

သူတင်တဲ့ဗီဒီယိုတိုင်း ကြည့်ရှုသူ မီလီယံနဲ့ချီလို့ ကျေးဇူးတင်စကားဆိုလိုက်တဲ့ ​နေ​ရွှေသွေးအောင်

Cover song တွေကို အမိုက်စားသီဆိုပြီးတော့ သီချင်း MV တွေကို ထူးထူးခြားခြားရိုက်ကူးလေ့ရှိတဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ သူကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စားပြန်လည်သီဆိုလေ့ရှိတဲ့ နေရွှေသေးအောင်ကတော့ လတ်တလောမှာ သူတင်တဲ့ ဗီဒီယိုတွေတိုင်း ကြည့်ရှုသူ မီလီယံနဲ့ချီလို့ ကျေးဇူးတင်တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လူငယ်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဆန်းသစ်တဲ့ ဗီဒီယိုတွေကို ဖန်တီးလေ့ရှိတဲ့ နေရွှေသွေးအောင်ကတော့ တကယ့်ကို အရည်အချင်းရှိသူတစ်ဦးပါပဲနော်။

ချစ်ပရိသတ်တွေအတွက် သူတင်တဲ့ ဗီဒိယိုတိုင်း မီလီယံနဲ့ချီပြီး ပေါက်လို့ ကျေးဇူးတင်ထားတဲ့ နေရွှေသွေးအောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေရွှေသွေးအောင်ကတော့ “Always been a million hit! Thank you so much 🙂 (Supremo Furniture Commercial)” ဆိုပြီး ကြော်ငြာဗီဒီယိုတောင် မီလီယံနဲ့ချီပြီး ပေါက်လို့ ကျေးဇူးတင်စကားဆိုထားတာပါ။

နေရွှေသွေးအောင်ရဲ့နာမည်ကြီးသီချင်းဗီဒီယိုတွေဖြစ်တဲ့ “Hero”၊ “Tonight I’m Loving You” အစရှိတဲ့သီချင်းတွေကလည်း ၁ မီလီယံချီပြီး ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာကို ချစ်မြတ်နိုးတဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ လတ်​တ​လောမှာလည်း ပရိသတ်တွေကို သူ့ရဲ့ အမိုက်​စားအနုပညာ​တွေကို ချပြဖို့ ကြိုးစား​နေတာပဲ ဖြစ်ပါတယ်။ ကြော်ငြာဗီဒီယိုတောင် မီလီယံချီတဲ့ နေရွှေသွေးအောင်ရဲ့အောင်မြင်မှုကတော့ မသေးပါဘူး။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ဆန်းသစ်တဲ့ အနုပညာတွေကို ချပြဖို့ကြိုးစားနေတဲ့ ​​နေရွှေသွေးအောင်ကို သ​ဘောကျတယ်​ဆိုရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.