ဝတ်လစ်စလစ်နဲ့ သရုပ်ဆောင်ရမှာ မရှက်ဘူးဆိုတဲ့ ရွှေအိမ်စည်

ဝတ်လစ်စလစ်နဲ့ သရုပ်ဆောင်ရမှာ မရှက်ဘူးဆိုတဲ့ ရွှေအိမ်စည်

ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ မြန်မာဂုဏ်ဆောင် International Miss ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်လေ့ရှိတဲ့ မြန်မာအလှမယ် ရွှေအိမ်စည်ကတော့ သူမကို အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိနေပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပရိသတ်တွေ အခိုင်မာ ရရှိလာတာကြောင့် ရွှေအိမ်စည်ကတော့ လက်ရှိမှာ အနုပညာနယ်ပယ်ထဲကို ခြေချရုံသာမက ရုပ်ရှင်တွေကိုလည်း ရိုက်လာတော့မယ်လို့ သိရပါတယ်။ ရွှေအိမ်စည်ကတော့ လက်ရှိမှာ ရုပ်ရှင်တွေကို စတင်ရိုက်တော့မှာ ဖြစ်ပြီး သူရိုက်မယ့် ရုပ်ရှင်ထဲမှာလည်း သူများနဲ့မတူတဲ့ ကာရိုက်တာ ကို သရုပ်ဆောင်ရမှာ ဖြစ်ပြီး ဝတ်လစ်စလစ်နဲ့ သရုပ်ဆောင်ရမယ့် အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

အကုန်သိနဲ့ အင်တာဗျူးမှာတော့ ရွှေအိမ်စည်က ဝတ်လစ်စလစ်နဲ့ ရှပ်ရှင်ရိုက်ရမယ်ဆိုတဲ့ အပေါ်မှာတော့ “မရှက်ဘူးလေ။ ဘာလို့ရှက်မှာလဲ။ အလုပ်လုပ်တာကွာ အိမ်စည်ထင်တာကတော့ Type ကွာတယ်ထင်တယ်။ ဒါဝတ်လို့ရှိရင် အားလုံးကို ကြူပြီးတော့ နုနေတဲ့ မိန်းမတွေရှိသလို ကိုယ့်အလုပ်ကို လုပ်တဲ့သူတွေ အဲ့လိုမျိုးသာဝတ်ထားတယ်။ ကိုယ့်အလုပ်ကို လုပ်ပြီးတော့ ဟိုပြေးဒီပြေးနေတော့ Sexy ဖြစ်မနေဘူး။ အဲ့လိုမျိုးလည်း အချိန်မရှိဘူးလေ။ အားလုံးလည်း မြင်နေကြပဲဆိုတော့ ရိုးမှာပဲလေ”

“ဝေဖန်တဲ့သူကတော့ ရှိမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ်တခုခုလုပ်တဲ့ထဲမှာ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိမှာပဲလေ။ အိမ်စည်ကတော့ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ အိမ်စည်အဲ့ဒါတွေကို လက်ခံတယ်။ ကိစ္စမရှိပါဘူး။ ဝေဖန်ခံနိုင်လို့လည်း ဒီချိန်ထိ ရောက်လာတာ”

“ပြင်ဆင်မှုကတော့ မိတ်ကပ်လောက်ပါပဲ။ အရမ်းကြီးမရှိပါဘူး။ ဘာလို့လဲဆိုတာ ကာရိုက်တာက အရမ်းငြိမ်တယ်။ တော်တော်ကို ငြိမ်တယ်။ သရဲမဆိုတော့ သရဲမကလည်း လျှောက်ပြေးနေတာမှ မဟုတ်တာ။ အဲ့တော့ ငြိမ်တယ်။ တော်တော်လေးကို ငြိမ်ပါတယ်”

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.