ကိုယ်ဝန်သည်ပရိတ်သတ်တစ်ယောက်အတွက်ကအစ အသေးစိတ်ဂရုစိုက်ပေးတဲ့ စိုင်းစိုင်းခမ်းလှိုင်

ကိုယ်ဝန်သည်ပရိတ်သတ်တစ်ယောက်အတွက်ကအစ အသေးစိတ်ဂရုစိုက်ပေးတဲ့ စိုင်းစိုင်းခမ်းလှိုင်

အနုပညာလောကထဲကိုရောက်ရှိလာခဲ့တဲ့ ဆယ်စုနှစ်တစ်စုရှိခဲ့ပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ လက်ရှိအချိန်အထိလည်း နာမည်ကျော်ကြားတဲ့ အဆိုတော် တစ်ယောက်ဖြစ်နေဆဲပါပဲ။ဆယ်စုနှစ်တစ်စုကျော်တဲ့အထိ အနုပညာလောကထဲမှာ နေရာတစ်နေရာနဲ့ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းကတော့ သြချရလောက်အောင်ပါပဲ။ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်သလို ပရိတ်သတ်တွေအတွက်လည်း အသေးစိတ်ကအစတွေးပေးလို့ ပရိတ်သတ်တွေဆီကနေ သည်းသည်းလှုပ်အချစ်ခံနေရသူကြီးပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ အသက် (၃၉)နှစ်ပြည့်အတွက် (၁၅)ကြိမ်မြောက်ကျင်းပမယ့် မွေးနေ့ရှိုးပွဲမှာ ထိုင်ခုံကို စတိတ်စင်နဲ့ အနီးဆုံး ရှေ့ဆုံးမှာထားမလား ဒါမှမဟုတ် နောက်မှာထားရမလားဆိုတာနဲ့ပတ်သတ်ပြီး Sai Sai Kham Leng စာမျက်နှာထက်မှာ poll လုပ်ကာဆုံးဖြတ်စေခဲ့ပါတယ်။

အဆိုပါ poll နဲ့ပတ်သတ်ပြီး ကိုစိုင်းက “Guys..ပြီးခဲ့သောဇာတ်လမ်းအကျဉ်းတုန်းက ထိုင်ခုံနဲ့ပွဲလုပ်တာ အဆင်ပြေ အောင်မြင်ခဲ့ပါတယ်။ အခု ဒီနှစ် ၁၅ ကြိမ်မြောက် မွေးနေ့ပွဲကိုရော ဘယ်လို ဖြစ်စေချင်ပါသလဲ။ ကျနော့်မိတ်ဆွေတွေဟာ ကျနော်နဲ့အတူ ကြီးပြင်းလာကြပြီးတော့ အေးဆေးထိုင်ကြည့်ချင်တဲ့သူတွေလည်းရှိလိမ့်မယ်။ ဒါမှမဟုတ် ကျနော့်လိုပဲ ခုန်ပေါက်သောင်းကျန်းချင်နေတုန်းပဲလည်း ဖြစ်နိုင်ပါတယ်။ လူငယ်ပရိသတ်များရော ဘာပြောချင်ပါသလဲ။ အများစုရဲ့ဆန္ဒနဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားနေလို့ပါ။ ” လို့ရေးသားထားခဲ့ပါတယ်။

၁ရက်တာလုပ်ခဲ့တဲ့ poll မှာ ပရိတ်သတ်တွေက အပြိုင်အဆိုင် မဲပေးခဲ့ပါတယ်။ သူတို့ကိုယ်ပိုင်အကြံဥာဏ်တွေလည်းချပြရင်းပေါ့..။ အဲ့ဒီအချိန်မှာပဲ ကိုယ်ဝန်နဲ့အမျိုးသမီး ပရိတ်သတ်တစ်ယောက်က ယခုလိုပဲ အကြံပေးခဲ့ပါတယ်။ “ရှေ့မှာထိုင်ခုံလုပ်ပေးပါ ခိုခို ဒီကကိုယ်ဝန်နဲ့မို့ကြာကြာရပ်မကြည့်နိုင်ဘူး😁😁” လို့မှတ်ချက်ပေးခဲ့ပါတယ်။

ပရိတ်သတ်တွေရဲ့ အမြင်၊ အကြံဥာဏ်တွေကို အမြဲလိုလိုစောင့်ကြည့်နေတတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် အဆိုပါမှတ်ချက်ကို မြင်ပြီးတဲ့အချိန်မှာ ယခုလိုပဲ အကြောင်းပြန်ခဲ့ပါတယ်။ ” ဗိုက်ကြီးသည် လာသင့်မသင့် ကျနော် Sound Engineer နဲ့ တိုင်ပင်ပြီး အသံထွက် Decibels ဘယ်လောက်လဲ ပြန်ပြောပေးပါ့မယ်။ ” လို့ရှင်းပြခဲ့ပါတယ်။

တကယ့်ကို စိုင်းစိုင်းပါပဲ။ ဒီလိုတွေ လူမှုဆက်ဆံရေးကောင်းလို့လည်း စိုင်းစိုင်းဆိုတာ ယနေ့အချိန်အထိ လူအမျာလေးစားအားကျရတဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်တာဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ ဧပြီ ၁၀ရက်နေ့မှာလုပ်မယ့် မွေးနေ့ရှိုးကို မစောင့်နိုင်လောက်အောင်ကိုဖြစ်နေပါပြီဗျို့။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.