မနက်တိုင်း ကိုယ့်ကျင်ငယ်ရည်ကိုယ်ပြန်သောက်သုံးပြီးနောက် ကျန်းမာရေးအလွန်ကောင်းလာတယ် ဆိုတဲ့ အမျိုးသား

မနက်တိုင်း ကိုယ့်ကျင်ငယ်ရည်ကိုယ်ပြန်သောက်သုံးပြီးနောက် ကျန်းမာရေးအလွန်ကောင်းလာတယ် ဆိုတဲ့ အမျိုးသား

မနက်တိုင်း ကိုယ့်ကျင်ငယ်ရည်ကိုယ်စတင်သောက်သုံးပီးတည်းက ပိုပီးကျန်းမာရေးကောင်းမွန်လာကြောင်း အမျိုးသားတစ်ဦးကပြောဆိုခဲ့ပါတယ်။ အဲ့အပြင် ကျင်ငယ်ရည်ဟာ ခါးသက်သက်ဘီယာအရသာမျိုးရတယ်လို့လဲပြောဆိုခဲ့ပါသေးတယ်။

ယော့ရှိုင်းယားတောင်ပိုင်း၊ ရှက်ဖီးလ် က အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ဖာဘီယန် ဖာကူဟာဆန် ဆိုတဲ့အမျိုးသားဟာ လွန်ခဲ့သော ၃ နှစ်က အွန်လိုင်းကျန်းမာရေးသတင်းဆောင်းပါးတစ်ခုကိုဖတ်ရှုပီးနောက်ပိုင်းတည်းကဒီအလေ့အကျင့်ကိုစတင်ခဲ့တာပါ။ ဒီအိမ်တွင်းအလှဆင်ဒီဇိုင်နာဟာဆိုရင် နေ့စဉ်နေ့တိုင်း ၃၀၀-၄၀၀ မီလီရှိတဲ့ကျင်ငယ်တွေကိုစတင်သောက်သုံးခဲ့ပါတယ်။ အဲ့လိုသောက်သုံးပီးတဲ့နောက်ပိုင်းမှာ ဒီတမူထူးခြားတဲ့ရေငတ်ပြေမှုဟာ သူ့ကိုပိုပီးကျန်းမာလာစေတယ်။ ပျော်ရွှင်လာစေတယ်။ စမတ်ဖြစ်လာစေတယ်လို့ခံစားရပါတယ်လို့ဆိုပါတယ်။

သူကိုယ်တိုင်ကလဲ အဆိုပါကျင်ငယ်ရည်နဲ့ပတ်သတ်တဲ့သတင်းကိုဖတ်တဲ့အချိန်မှာ သူ့ကျန်းမာရေးအတွက်သောက်သုံးသင့်တဲ့ဆေးဝါးများ အကြောင်းကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်ဟာအမြဲတမ်းအဲ့လိုအရာတွေကိုစမ်းကြည့်ဖို့အတွက်ဆိုအဆင်သင့်ဖြစ်နေခဲ့တာပါ။ အဲ့တာနဲ့ပဲသတင်းကိုဖတ်လိုက်ပီးတဲ့အခါ လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။”

“အစပိုင်းမှာတော့ခါးသက်သက်ဘီယာလိုခံစားရပါတယ်။ အတော်လဲပြင်းပါတယ်။ ဒါမဲ့သိပ်အဆိုးရွားကြီးလဲမဟုတ်ပါဘူး။ဒါ့ကြောင့်လဲ တစ်ခွက်ကုန်အောင်သောက်နိုင်ခဲ့ပါတယ်။” “သောက်ပီးနာရီဝက်လောက်အကြာမှာတော့ တကယ်အံ့ဖွယ်ကိုခံစားလာရပါတယ်။ အဲ့တာက ကိုယ်ထဲကနေ စွမ်းအားတွေရုတ်တရက်ထွက်လာသလိုပါပဲ။ အခုဆိုရင် ကျွန်တော်တစ်နေ့ကိုအဲ့တာမသောက်ရရင် မနေနိုင်တော့ပါဘူး။ အားလုံးကိုလဲစမ်းသောက်ကြည့်ဖို့အကြံပေးချင်ပါတယ်။”

ဖာဘီယန် ဟာ ၂၀၁၃ မှာ ဝမ်းဗိုက်မှာနာကျင်မှုတွေကိုခံစားခဲ့ရပါတယ်။ ဆရာဝန်တွေကလဲဘာဖြစ်တယ်ဆိုတာကိုတပ်အပ်မပြောနိုင်ခဲ့သလိုမကုသပေးနိုင်ခဲ့ပါဘူး။ အဲ့အခါမှာသူစတင်ပီး သူ့ခန္ဓာကိုယ်အတွက်ကောင်းမွန်မယ့်ဆေးတွေကို ရှာဖွေခဲ့ပါတော့တယ်။ “ကျွန်တော့အလုပ်က ခရီးသွားရတာတွေဘာတွေလဲရှိတော့ အမြဲလိုလို လွယ်ကူတဲ့အသင့်စားတွေဖြစ်တဲ့ ဘာဂါတို့ ဘာတို့ကိုအများအပြားစားခဲ့ပါတယ်။ အဲ့တာကြောင့်လားတော့မသိပါဘူး။ ကျွန်တော့ဗိုက်ကနာကျင်မှုတွေကတိုးပီးတိုးလာနေပါတယ်။ ရောဂါကဘာလဲဆိုတာကိုလဲမရှာဖွေနိုင်ခဲ့ပါဘူး။ အဲ့တာနဲ့ ကျွန်တော်လဲ အင်တာနက်ပေါ်ကဆေးနည်းတွေကိုစပီးရှာဖွေခဲ့တာပါ။”လို့ဖာဘီယန်ကဆိုပါတယ်။

“ကျွန်တော်ကနဂိုတည်းကကျန်းမာရေးနဲ့ပတ်သတ်ရင်စိတ်ဝင်စားပါတယ်။ ပထမဆုံး ဘယ်လိုကျန်းမာရေးလိုက်စားဖြစ်လဲဆိုတော့ ကျွန်တော့ရဲ့စားသောက်နေထိုင်မှုကနေပါ။” ဖာဘီယန် ဟာဆိုရင် အခုလက်ရှိဘရီဟမ် မှာခေတ်စားနေတဲ့ သစ်သီးစားသုံးမှုပုံစံအတိုင်းလုပ်ဆောင်နေပီး ပြောင်းလဲလာတာတွေကိုလဲခံစားရပါတယ်လို့ဆိုပါတယ်။ “ကျွန်တော် ပုံမှန်စားသောက်နေတာတွေအကုန်လုံးကိုရပ်လိုက်ပီးအသီးအနှံတွေပဲစားပါတော့တယ်။ ဥပမာအားဖြင့် သရက်သီး၊ နာနတ်သီး၊ စတော်ဘယ်ရီ စတာတွေပါ။”

“ကျွန်တော်မြန်မြန်ဆန်ဆန်ပဲအံ့သြစရာတွေကိုခံစားရလာပါတယ်။ အရင်ကထက်ပိုပီးတော့လဲအားပြည့်လာတယ်။ ကိုယ့်ကိုကိုယ်တိုးတက်နေတာကိုလဲခံစားရတယ်။”သူဟာဆိုရင် ၂၀၁၅ မှာဒီအလေ့အကျင့်ကိုစတင်ခဲ့တာဖြစ်ပါတယ်။ သူ့မိဘတွေနဲ့သူငယ်ချင်းတွေကတော့ဒီကိစ္စနဲ့ပတ်သတ်ပီးမအံ့သြကြပါဘူး။ဘာလို့လဲဆိုတော့ သူဟာကျန်းမာရေးနဲ့ပတ်သတ်လာရင် အမြဲအဲ့လိုပဲမို့လို့ပါလို့ဆိုကြပါတယ်။ ကျင်ငယ်ရည်ရဲ့ကောင်းကျိုးတွေကိုခံစားရပီးမှာတော့ သူဟာလိုချင်တဲ့ PH 9 level ရောက်အောင်ကျင်ငယ်ရည်ကိုတစ်လကြာသိုလှောင်ထားတဲ့အခါမျိုးတောင်ရှိပါတယ်။ ဒီလိုသိုလှောင်ထားခြင်းဖြင့် ပိုပီးအကျိုးသက်ရောက်မှုရှိစေတယ်လို့လဲသူကဆိုပါသေးတယ်။

“ကျွန်တော်သိုလှောင်တဲ့အခါမှာ ဖန်ဘူးတွေကိုအသုံးပြုတယ်။ ပီးရင် စသိုလှောင်တဲ့နေ့စွဲကိုရေးတယ်။ ရက် ၃၀ လောက်ထားတယ်။”

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Writer -Min Thu (Daily Hot News )

Comments are closed.