တူလေးနဲ့ ပျော်ရွှင်နေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ Video

တူလေးနဲ့ ပျော်ရွှင်နေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ Video

ဝတ်မှုန်ရွှေရည်ရဲ့ ညီမလေး နဒီရွှေရည်ဟာ ပြီးခဲ့တဲ့နှစ်က လက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ နဒီရွှေရည်ဟာ သားသားလေးနဲ့ ချစ်တဲ့ခင်ပွန်းနဲ့ သာယာအေးချမ်းတဲ့ အိမ်ထောင်ရေးလေးပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ သားလေးကလည်း မိဘတွေနဲ့တူလို့ ဘမျိုးဘိုးတူဆိုသလို အရမ်းကိုရုပ်ဖြောင့်ပြီး ကြီးလာရင် လူချောလေးဖြစ်မယ့်မျက်နှာပေါက်မျိုးပါ။ အဒေါ်ဖြစ်သူ ဝတ်မှုန်ရွှေရည်ကတော့ တူလေးကို ချစ်မဝနိုင်အောင်ဖြစ်လို့နေပါပြီ။

ကစ်ဟာ အမြဲတမ်းနီးပါးအလုပ်တွေရှုပ်နေတတ်ပြီး ကိုယ်ပိုင်အချိန်ဆိုလို့မရှိသလောက်ကို ဖြစ်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဒါပေမယ့်လည်း ကစ်က မရှိမဲ့ရှိမဲ့ ကိုယ်ပိုင်အချိန်လေးထဲကနေ မိသားစုကို အချိန်ပေးဖို့လည်းမမေ့တတ်တဲ့ လူသားဆန်တဲ့မင်းသမီးလေးလည်းဖြစ်ပါတယ်။အခုတော့ ကစ်ရဲ့အချိန်တွေကို အပိုင်စီးမယ့်နောက်ထပ်လူသားတစ်ယောက်ရှိလာပါပြီ။ အဲဒါကတော့ မင်းသား ဒေါင်းမဟုတ်တဲ့ ဖိုးပြုံးချိုလေးပါ။ ဖိုးပြုံးချိုလေးလို့ ချစ်စနိုးခေါ်တဲ့ ကစ်ရဲ့တူလေးဟာ မိသားစုတစ်ခုလုံးရဲ့အချစ်တွေပိုင်ဆိုင်ထားပြီးအခုဆိုရင် တူလေးနားမှာ တကပ်ကပ်လုပ်နေပြီးချစ်မဝနိုင်ဖြစ်နေရတဲ့ ကစ်လေးကြောင့် ပရိသတ်တော်တော်များများရဲ့အချစ်တွေကိုပါ ရရှိနေပါပြီ။

ကစ်လေးက ဖိုးပြုံးချိုလေးနားမှာ တကပ်ကပ်လုပ်နေပြီး ဖိုးပြုံးချိုလေးက အရမ်းလှတဲ့ အဒေါ်ဖြစ်သူရဲ့အချစ်ခံရလို့ မာန်တက်နေပြီး အသည်းယားစရာကောင်းလောက်အောင်ပြုံးရယ်နေတဲ့ ဗီဒီယိုလေးကို သူမရဲ့ Instagram story လေးတွေမှာ တင်ထားခဲ့တာကြောင့် ပရိသတ်တွေက ဖိုးပြုံးချိုလေးကို အချစ်တွေပိုနေကြပါတယ်။ ကစ်ကိုလည်းတူလေးကိုပဲချစ်မနေပဲ ကိုယ်တိုင်အိမ်ထောင်ပြုဖို့တိုက်တွန်းတဲ့ပရိသတ်တွေရှိပေမယ့် နဒီရွှေရည်ကတော့ ကိုယ့်အစ်မကိုနှမျောလို့ အိမ်ထောင်မပြုစေချင်သေးပါဘူးတဲ့။

ကစ်ကိုတော့ ပရိသတ်တွေက လိပ်ပြာစံအိမ်ဇာတ်ကားအပြီးမှာ ဒေါင်းနဲ့အရမ်းကိုသဘောတူနေကြပြီး ဒေါင်းကလည်း ကစ်နဲ့တွေ့ချိန်တိုင်း ခြေမကိုင်မိလက်မကိုင်မိပုံပေါက်အောင်ပျော်ရွှင်နေပြီး တည်ကြည်အေးချမ်းတဲ့ဒေါင်းဟာ ကစ်နဲ့ အနီးတဝိုက်မှာအမြဲတမ်းပြုံးရယ်နေတတ်သလို ကစ်ကို မျက်စိအောက်ကအပျောက်မခံအောင် အမြဲတမ်းငေးစိုက်နေတတ်သူလည်းဖြစ်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖိုးပြုံးချိုလေးကိုချစ်ကြလား။ ကစ်ကိုရော ဒေါင်းနဲ့ သဘောတူကြလား။ မြန်မြန်ချစ်သူတွေဖြစ်သွားစေချင်နေပြီလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.