ရေခဲတောင်မှာ ရုပ်ရှင်ရိုက်ရင်း မိသားစုတွေနဲ့ သုံးပတ်လောက် အဆက်အသွယ်ပြတ်နေတဲ့ မြင့်မြတ်၊ သင်ဇာဝင့်ကျော်

ရေခဲတောင်မှာ ရုပ်ရှင်ရိုက်ရင်း မိသားစုတွေနဲ့ သုံးပတ်လောက် အဆက်အသွယ်ပြတ်နေတဲ့ မြင့်မြတ်၊ သင်ဇာဝင့်ကျော်

သရုပ်ဆောင် အနုပညာရှင်များဖြစ်ကြတဲ့ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ ယုန်လေး၊ Kညီတို့ အဖွဲ့ဟာဆိုရင် ရုပ်ရှင်ကားကြီးရိုက်ကူးရန်အတွက် ရေခဲတောင်ကို သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစတင်၍ ရုပ်ရှင်ကားကြီးရိုက်ကူးရန် ရေခဲတောင်ပေါ်ကို စတင်ပြီး သွားရောက်ခဲ့ကြတဲ့ သူတို့ အနုပညာရှင် မောင်နှမအဖွဲ့ကတော့ ရေခဲတောင်ပေါ်မှာ အခက်အခက်တွေများစွာနဲ့ ခက်ခက်ခဲခဲ နေခဲ့ကြရပေမယ့်လည်း ရုပ်ရှင်ကားကြီးကိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ရိုက်ကူးနေကြဆဲပဲ ဖြစ်ပါတယ်။

မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ ယုန်လေး၊ Kညီတို့က ရေခဲတောင်မှာ မမြင်နိုင်တဲ့ ပစ္စုပ္ပန် (သို့) အေးခဲသွားသောMemory ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာဖြစ်ပြီး အခုဆို သုံးပတ်တာမျှ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ သုံးပတ်တာမျှ မိသားစုတွေ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူတို့ကို ပရိသတ်တွေက စိတ်ပူနေကြတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ယုန်လေးက “ရေခဲတောင်ကို မြင့်မြတ် ယုန်လေး Kညီ သင်ဇာဝင့်ကျော် ဒါရိုက်တာ ဒေါင်လွဏ်း ငြိမ်းသော် ဘောက်နူး .DOP ကိုသားကျော် . ကိုဝေယံ . ကိုငြိမ်းချမ်း . ထမင်းချက် ဦးထွန်း နှင့်အဖွဲ့ . Nurse .ဆက်တင် နေလင်း အတာ . မေခ ရုပ်ရှင်ထုပ်လုပ်ရေးမှ ညီအစ်ကိုများ ပါဝင်သော အဖွဲ့ သားများ အားလုံး အိမ်တွေကို အဆက်အသွယ် ၃ပတ် နီးပါ ပြတ်နေပါသည် ။ စိတ်ပူနေသော အဖွဲ့ဝင်များ၏့ မိသားစုဝင်များ အားလုံးကို တစ်ယောက်မကျန် နေကောင်းကျမ်းမာကြောင်း သတင်းကောင်းပါအပ်ပါသည်။”

” ကျွန်တော် ယုန်လေး တစ်ယောက်ထဲသာ အရင်ပြန်လာပြီ။ မြင့်မြတ် သင်ဇာ Kညီ နှင့် ကျန်အဖွဲ့သားများ အားလုံး နောက်၃ ရက်လောက်မှ ဖုန်းအဆက်သွယ် ရသည့်နေရာသို့ ရောက်ရှိမည်ဖြစ်ပါသည်။ အရမ်းခက်ခဲပါသည် . အန္တရာယ် အရမ်းများပါသည်။ တစ်ဖွဲ့ သားလုံး စည်းလုံးမူ့ကြောင့် အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပါသည်။ ဇာတ်ကား နာမည်အကြမ်း မမြင်နိုင်တဲ့ ပစ္စုပ္ပန် (သို့) အေးခဲသွားသောMemory အားလုံး Peace . . .” ဆိုပြီး ပရိသတ်တွေ စိတ်မပူဖို့ ယုန်လေးက ပြောထားပါတယ်။

ကြမ်းတမ်းလှတဲ့ ရေခဲတောင်ပေါ်မှာ အခက်အခဲတွေများစွာနဲ့ ကြုံတွေ့နေခဲ့ရပေမယ့်လည်း မလျှော့သောဇွဲနဲ့ ၁ လတိတိကြာမြင့်အောင် အချိန်ယူပြီး မဖြစ်ဖြစ်အောင် ရိုက်ကူးသွားကြမယ့် မြင့်မြတ်တို့ အနုပညာရှင် ညီအစ်ကို မောင်နှမများအဖွဲ့ရဲ့ အနုပညာချစ်စိတ်က လေးစားစရာပဲနော်။ မြင့်မြတ်၊ သင်ဇာဝင့်ကျော်၊ ယုန်လေး၊ Kညီတို့လဲ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.