ဥာဏ်​ရည်​ထက်​မြက်​​စေဖို့ က​လေး​တွေကို လုံးဝ ​ကျောင်းမတက်​​စေခဲ့တဲ့ မိဘနှစ်​ဦး

ဥာဏ်​ရည်​ထက်​မြက်​​စေဖို့ က​လေး​တွေကို လုံးဝ ​ကျောင်းမတက်​​စေခဲ့တဲ့ မိဘနှစ်​ဦး

ကြားရတာ​တော့ အဆန်းတကြယ်​လို့ထင်​စရာရှိပါတယ်​။ ဒီ​နောက်​ကွယ်​မှာ​တော့ ဒီလို မိဘနှစ်​ပါးမှာ ဘယ်​လို ထူးခြားအ​တွေးအ​ခေါ်မျိုး​တွေ ဆန်းသစ်​ကိန်း​အောင်း​နေလဲဆိုတာ သိချင်​စရာ၊ စိတ်​ဝင်​စားဖို့​ကောင်း​နေပါတယ်​။

အခုဖြစ်​ရပ်​​လေးက​တော့ ဖိလစ်​ပိုင်​နိုင်​ငံက မိဘနှစ်​ဦးဟာ သူတို့ရင်​​သွေး​လေး​တွေအတွက်​ ပညာ​ရေးပိုင်းနဲ့ပတ်​သတ်ြ​ပီး ချမှတ်​စီစဉ်​ထားတဲ့ ဆုံးဖြတ်​ချက်​ပဲဖြစ်​ပါတယ်​။ စိန်​​ခေါ်မှု​တွေများတဲ့ ​ကျောင်းမတက်​​စေ​ရေး နည်းလမ်းနဲ့ပြုစုပျိုး​ထောင်​ရင်း က​လေး​တွေကို ​ကျောင်းတက်​တာထက်​ပိုပြီး ဥာဏ်​ရည်​ဥာဏ်​​သွေး​ပို​ကောင်းလာ​စေမယ်​လို့ မိဘ​တွေက ယုံကြည်​ထားကြတာဖြစ်​ပါတယ်​။Kiddo နဲ့ Amy တို့ စုံတွဲနှစ်​ဦးဟာ ​ခြောက်​နှစ်​သားအရွယ်​က​လေးတစ်​​ယောက်​ရယ်​၊ ​လေးနှစ်​အရွယ်​က​လေးနှစ်​​ယောက်​ရယ်​ က​လေးသုံးဦး ပိုင်​ဆိုင်​ထားကြပါတယ်​။ နဂိုက ဖိလစ်​ပိုင်​၊ မနီလာမြို့မှာ​နေထိုင်​ခဲ့ကြ​ပေမယ့်​ က​လေး​တွေရပြီး​နောက်​မှာ မြို့ပြရှုပ်​​ထွေးလူ​နေမှုစနစ်​ကိုစွန့်​ခွာပြီး ပင်​လယ်​ကမ်း​ခြေ​ဒေသ​လေးတစ်​ခုဖြစ်​တဲ့ La Union အရပ်​ကို​ပြောင်း​ရွှေ့လာခဲ့ကြပါတယ်​။

ဒီအရပ်​မှာပဲ ကိုယ်​ပိုင်​စီးပွားအ​နေနဲ့ ​ကော်​ဖီဆိုင်​​လေးဖွင့်​ထားကြတယ်​။ ​ကျောင်းလုံးဝမတက်​ရဘဲ ပင်​လယ်​ကမ်း​ခြေနဲ့နီးစပ်​ထိ​တွေ့​နေတာ​ကြောင့်​ က​လေး​တွေအတွက်​ စာသင်​ခန်းဆိုတာ ဒီပင်​လယ်​ကြီးပဲဖြစ်​ပါတယ်​။ ဒီမှာ​ရေကူးတယ်​။ ပင်​လယ်​ထဲ​ဆော့ကစားတယ်​။ ပင်လယ်​ရေ​မြေနဲ့ ​​သဘာဝတရားကြီးဆီက ​လေ့လာသင်​ယူကြတယ်​။ အ​ဖေနဲ့အ​မေကို ​ကော်​ဖီဆိုင်​မှာ အလုပ်​ဝိုင်းကူ​ပေးကြတယ်​။

ဆိုင်​ကို လာသမျှ ​ဖောက်​သည်​တိုင်းက က​လေး​တွေရဲ့ လုပ်​တတ်​ကိုင်​တတ်​ရှိမှု၊ ယဉ်​​ယဉ်​​ကျေး​ကျေး ရည်​ရည်​မွန်​မွန်​ နဲ့ လူကြီးလူငယ်​မ​ရွေး တ​လေးတစား​ပြောဆိုဆက်​ဆံတတ်​မှု၊ ဒါ​တွေအပြင်​ ဥာဏ်​ရည်​ဥာဏ်​စွမ်းရှိကြတာကိုပါ သ​ဘောတကျဖြစ်​ကြရပြီး သိပ်​ချီးမွမ်းကြပါတယ်​။ ​ဖေး​ဖေးမမရှိကြသလို လက်​​တွေ့မှာ လုပ်​ရည်​ကိုင်​ရည်​လည်း​ကောင်းမွန်​ကြတယ်​။နေ့တိုင်းမှာ သူတို့မိသားစုဟာ ပင်​လယ်​ဆီကိုသွားကြတယ်​။ ပင်​လယ်​​လေကိုရှူရှိုက်​ကြတယ်​။ က​လေး​တွေက ရာသီဥတု နဲ့ ပင်​လယ်​ပြင်​ အ​ကြောင်း ပိုမိုနားလည်​လာတယ်​။ ပိုပြီးသင်​ယူလာချင်​တဲ့အခါ မိဘ​တွေကို​မေးခွန်း​တွေထုတ်​ကြတယ်​။ ငှက်​​တွေအ​ကြောင်း၊ ဂဏန်း​တွေအ​ကြောင်း၊ ​တေးဂီတအ​ကြောင်း၊ ကာတွန်း​တွေအ​ကြောင်း၊ နင်​ဂျာ​တွေအ​ကြောင်း၊ ​လေယာဉ်​ပျံ​တွေအ​ကြောင်း စသဖြင့်​ က​လေးပီပီစူးစူးစမ်းစမ်း​မေးခွန်း​တွေထုတ်​ကြတယ်​။ ပြင်​ပ​လောကထဲက သူတို့စိတ်​ဝင်​စားသမျှအရာရာတိုင်းကို သဘာဝကျကျပဲ ရှင်းရှင်းလင်းလင်း​​​​​သိနားလည်​လာကြတယ်​။

” က​လေး​တွေရဲ့ ကိုယ်​ရည်​ကိုယ်​​သွေး၊ စိတ်​စူးစမ်းမှု၊ စိတ်​ပါဝင်​စားအားသန်​မှု၊ တိမ်းညွှတ်​မှု​တွေနဲ့ ပတ်​သက်​ပြီးသူတို့ကို ဘာဆက်​လုပ်​​ပေးရမလဲ ကျွန်​​တော့်​မှာစိတ်​ကူး​လေး​တွေရှိတယ်​။ သူတို့အသက်​ကြီးလာတာနဲ့အမျှ သူတို့ကိုသင်​ကြားနည်းမျိုးစုံနဲ့ အ​တွေ့အကြုံ​တွေ အမှန်​တကယ်​ လက်​​တွေ့ကျကျု ကြွယ်​ဝပြည့်​စုံ​စေချင်​တာပါ။ ” ဖခင်​ Kiddo က ​ပြောသွားခဲ့သလို မိခင်​ Amy ကလည်းအခုလို​ပြောပြပါတယ်​။” ကျွန်​မတို့ရည်​ရွယ်​တာက က​လေး​တွေက သင်​ယူ​လေ့လာမှုဆိုတာကို ​ကြောက်​မသွားဘဲ ချစ်​မြတ်​နိုးတန်​ဖိုးထားပြီး အရာရာအ​ပေါ်မှာ အမြဲစိတ်​ဝင်​တစားစူးစမ်း​လေ့လာ​နေ​စေဖို့ပဲ။ ဒီလိုပြုစုပျိုး​ထောင်​​ပေးဖို့က အ​ရေးအကြီးဆုံးပဲ​။ သူတို့စိတ်​ဝင်​စား​လေး​တွေကလည်း ​နေ့စဉ်​နဲ့အမျှ လိုက်​ပြီး​ပြောင်းလဲ​နေတယ်​​။ အကြီး​လေးဆို စာကိုစပြီးဖတ်​ချင်​လာပြီ။ ​နောက်​ရက်​ကျ​တော့သူကိတ်​မုန့်​ဖုတ်​ချင်​လာ​ရော… ဒါကို​တော့ ကျွန်​မတို့က အမြဲအား​ပေးတယ်​​။ လုပ်​ချင်​တာမှန်​သမျှ လုပ်​​စေရင်းသင်​ယူ​စေတယ်​။ လိုအပ်​တာ​တွေဖြည့်​ဆည့်း​ပေးထားတယ်​​။ ပြီးရင်​​တော့ အ​ကောင်းအဆိုးကို သူတို့နားဝင်​​အောင်​ ပြန်​ရှင်းပြ၊ ချိုချိုသာသာ​ပြောပြ​ပေးတယ်​။ အကြီး​လေးဆို ​ခေါင်းမာတတ်​​ပေမယ့်​ အ​တော်​ကြီးလုပ်​ရည်​ကိုင်​ရည်​​ကောင်းရှာတယ်​။ သူတို့ကို ​လောကထဲ အလွတ်​လပ်​ဆုံး၊ အ​ပျောက်​ရွှင်​ဆုံး ကြီးပြင်းလာတာကိုမြင်​ရတာကို ကျွန်​မ​တော့သိပ်​ကြည်​နူးမိတယ်​။ ”

တကယ်​​တော့ က​လေး​တွေကို ​ကျောင်းမထား​ရေး အသိအမြင်​ဟာ အမြင်​​တွေသိပ်​မကျယ်​ပွင့်​ကြ​သေးတဲ့ ၁၉၇၀ ကာလပတ်​ချာလည်​​လောက်​က အ​မေရိကန်​ပညာ​ရေးစနစ်​ထဲ ဂျွန်​​ဟော့က လူသိများ​စေခဲ့ဖူးပါတယ်​။ လူဆိုတာ ကိုယ်​ပိုင်​စိတ်​ဝင်​စားမှု၊ ကိုယ်​ပိုင်​အိပ်​မက်​၊ ကိုယ်​ပို​င်​​ခြေလှမ်းနဲ့ ကိုယ့်​လမ်းကို​ယ်​​လျှောက်​ဖို့သာပဲ ဆိုတဲ့ အ​တွေးအ​ခေါ်ကိုအ​ခြေခံပြီး ပညာ​ရေးဆိုတာ က​လေး​တွေရဲ့စိတ်​ဝင်​စားမှုအ​ပေါ်မှာသာ ဦးစား​ပေးရမယ့်​အ​ခြေအ​နေကိုဖန်​တီးဖြစ်​ဖို့ပါ လို့ ဆိုခဲ့ပါတယ်​။

ရှေးရိုးစွဲ သမားရိုးကျမှာသာ အသားကျပြီးသားဒီဘက်​​ခေတ်​အမြင်​မှာ​တော့ အာဂမိဘ​တွေအဖြစ်​အမြင်​ခံရတဲ့ ဖိလစ်​ပိုင်​စုံတွဲက​တော့ ​ကျောင်းထားခြင်းနဲ့ပတ်​သက်​ရင်​ မလိုအပ်​တဲ့မာန နဲ့ အပိုဆာဒါး ​ခေါင်းမာမှု​တွေကို မထားသူ​တွေပါ။ သားသမီး​တွေရဲ့အ​ရေး​တွေကိုသာ တန်ဖိုးတကြီး​​အ​လေးထားတာ​ကြောင့်​ က​လေး​တွေအတွက်​​တော့ ​ကျောင်းပညာ​ရေးက တကယ်​လိုအပ်​ချက်​ရှိလာခဲ့ရင်​၊ က​လေး​တွေရဲ့လိုအပ်​ချက်​အတွက်​ ​ကျောင်းထားချိန်​တန်​ပြီလို့ယူဆရင်​လည်း က​လေး​တွေကို ​ကျောင်းထား​ပေးဖို့ ဝန်​​လေး​နေမှာမဟုတ်​ဘူးလို့ ဆိုပါတယ်​​။ သူတို့ရဲ့ ရည်​ရွယ်​ချက်​ဦးတည်​ရာသာ သားသမီး​တွေအတွက်​သာမျှပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.