အမျိုးသမီး ဇာတ်ဆောင်ဆု အတွက် ရင်ခုန်နေတဲ့ နေခြည်ဦး

အမျိုးသမီး ဇာတ်ဆောင်ဆု အတွက် ရင်ခုန်နေတဲ့ နေခြည်ဦး

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ Beauty Bloggerတစ်ယောက်ဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားတွေရော ရိုက်လာပြီး ပရိသတ်အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦး ကတော့ မကြာခင်မှာ ကျင်းပတော့မယ့် တစ်နိုင်ငံလုံးက လူတွေရဲ့ အားပေးကြမယ့် ကြည့်ကြမယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဇာတ်ဆောင်ဆုထဲမှာ မုန်းစွဲကားမှ နေတိုးကို ရစေချင်တယ်လို့ ပြောခဲ့ပြီး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် သူကိုယ်တိုင်ပါဝင်ထားတဲ့ ရန်သူ ကားနဲ့ သူ့ကိုသူလည်း ရင်ခုန်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နေခြည်ဦးက “ဆုပေးပွဲက နီးလာပြီဖြစ်တဲ့အတွက် ပထမဦးဆုံး ကိုယ်တက်ရောက်ရမယ့် ကိုယ့်ဇာတ်ကားလေးပါဝင်တော့ ကိုယ်တက်ရလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ပြီးတော့ ဆုတွေထဲမှာဆိုရင် မင်းသားတွေထဲမှာဆိုရင် ကိုနေတိုးကို ရစေချင်တယ်။ မုန်းစွဲကားလေးကို နေခြည်အရမ်းကြိုက်တယ်။ မင်းသမီးထဲမှာဆိုရင်တော့ နေခြည့်ကားလေးလည်း ပါတဲ့အတွက် ရင်ခုန်နေပါတယ်။

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရအောင် မနည်းကြိုးစားထားရတာပါ။ အဲ့အတွက် အများကြီးကြိုးစားထားပါတယ် အထူးသဖြင့် နေခြည့်ပရိသတ် နေခြည့် ချီလီတွေက တစ်ခုခုဆိုရင် နေခြည့်နောက်က အမြဲတမ်း အားပေးတဲ့အတွက် ဒီလိုမျိုး ပထမဦးဆုံး အကယ်ဒမီဖြစ်တဲ့အတွက်လည်း နေခြည့်အနေနဲ့ ဒီ Public ပေါ့။ တစ်နိုင်ငံလုံးကြည့်တဲ့ပွဲ တစ်နှစ်မှ တစ်ခါလုပ်တဲ့ ပွဲနေခြည်အတတ်နိုင်ဆုံးအကောင်းဆုံး အသင့်တော်ဆုံး ဝတ်စုံကို နေခြည်ပြင်ဆင်ထားပါတယ်။”လို့ မကြာခင်မှာ ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး “နောက်လဆိုရင် ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပါတယ်။ Confirm မဖြစ်သေးဘူးပေါ့နော် ပြီးတော့ နေခြည့်ရဲ့ Beautybynaychi Blog မှာလည်းစဉ်ဆက်မပြတ် Content အသစ်တွေ ချပြဖို့ရှိပါတယ်။”လို့ နေခြည်ဦးကပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.