ေက်းဇူးရွင္ခဲဖ်က္ေလး

ေက်းဇူးရွင္ခဲဖ်က္ေလး

သူငယ္ခ်င္းေတြျဖစ္ၾကတဲ့ ခဲတံနဲ႔ခဲဖ်က္တို႔ စကားစျမည္ေျပာေနၾကတုန္း ခဲတံေလးက “ေတာင္းပန္ပါတယ္ေနာ္”လို႔ေျပာလိုက္တဲ့အခါ “ဘာအတြက္ေတာင္းပန္တာလဲ”လို႔ ခဲဖ်က္ေလးက ေမးခြန္းျပန္ေမးလိုက္ပါတယ္။

အဲဒီအခါ ခဲတံေလးက ” ဒီလိုေလ…ငါ အမွားေတြ အထပ္အထပ္အခါအခါလုပ္မိတဲ့အခါတိုင္း မင္းရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေလးနဲ႔ ငါ့ရဲ႕အမွားေတြကို ျပန္ဖ်က္ေပးရတာ မင္းနာက်င္မွာပဲ။ ခုလည္းၾကည့္ပါဦး…မင္းရဲ႕ကိုယ္ခႏၶာဟာ တျဖည္းျဖည္းနဲ႔ ေသးလာၿပီ။ မင္းကို ၾကည့္ၿပီး ငါစိတ္မေကာင္းျဖစ္မိတယ္ သူငယ္ခ်င္းရာ”လို႔ေျပာလိုက္ပါတယ္။

ခဲဖ်က္ေလးက” မင္းေျပာသလို မင္းအမွားေတြကို ေပ်ာက္ကြယ္သြားရေအာင္ ေဖ်ာက္ဖ်က္ေပးေနရလို႔ ငါ့ခႏၶာကိုယ္ တျဖည္းျဖည္း ေသးငယ္သြားတာကေတာ့ အမွန္ပါပဲ။ ဒါေပမဲ့ ငါစိတ္ထဲမထားပါဘူး။ မင္းဘာေတြဘယ္လိုပဲမွားမွား မင္းမွားခဲ့တဲ့အမွားေတြအားလုံးကို ေဖ်ာက္ဖ်က္ေပးဖို႔တာဝန္ ငါ့မွာရွိတယ္ေလ။ အမွားေတြကို လိုက္ဖ်က္ေပးၿပီး ငါ့ခႏၶာကိုယ္ တျဖည္းျဖည္းပါးလာမယ္။ ၿပီးရင္ လုံးဝေပ်ာက္ကြယ္သြားနိင္တယ္ဆိုတာလည္း ငါေမၽွာ္လင့္ၿပီးသားပါ။ အဲဒီအတြက္ စိုးရိမ္ပူပန္ၿပီး ဝမ္းမနည္းပါနဲ႔ သူငယ္ခ်င္း”လို႔ ျပန္ေျပာလိုက္ပါတယ္။

ဒီအေၾကာင္းအရာေလးကေန ေပးခ်င္တဲ့အသိေလးတစ္ခုရွိပါတယ္။ အဲဒါကေတာ့ ကၽြန္ေတာ္တို႔ဟာ ခဲတံေလးေတြနဲ႔တူပီး ကၽြန္ေတာ္တို႔ရဲ႕မိဘေတြကေတာ့ ခဲဖ်က္ေလးမ်ားနဲ႔တူၾကပါတယ္။ မိဘေတြဟာ ခဲဖ်က္ေလးမ်ားလိုပဲ သားသမီးေတြရဲ႕အမွားေတြကို ဘဝနဲ႔ရင္းၿပီး ျပင္ဆင္ေပးတတ္ၾကပါတယ္။ မွားေနရင္မွန္ေအာင္ လြဲေနေခ်ာ္ေနရင္ တည့္မတ္ေအာင္ ေျဖာင့္တန္းေအာင္ ၫႊန္ၾကားျပသေပးၾကပါတယ္။ ငယ္စဥ္ကေလးဘဝကတည္းက အ႐ြယ္ေရာက္တဲ့အထိ သားသမီးေတြရဲ႕ အမွားမွန္သမၽွကို မၿငိဳျငင္ဘဲ လိုက္လံျပင္ဆင္ေပးတတ္ၾကတဲ့ ေက်းဇူးရွင္ ခဲဖ်က္ေလးမ်ားဟာ အခုဆိုရင္ အားနည္းလို႔ေနပါၿပီ။ အားနည္းေနတဲ့ေက်းဇူးရွင္ခဲဖ်က္ေလးေတြရဲ႕ ေက်းဇူးတရားကို ေအာက္ေမ့သတိရၿပီး ဂ႐ုတစိုက္နဲ႔ျပန္လည္ေပးဆပ္ဖို႔ကေတာ့ ကၽြန္ေတာ္တို႔ သားသမီးတိုင္းရဲ႕ တာဝန္ပဲျဖစ္ပါတယ္။

Ref: “Pencil and Eraser”

Paradise (႐ိုးရာေလး)

[Unicode]

သူငယ်ချင်းတွေဖြစ်ကြတဲ့ ခဲတံနဲ့ခဲဖျက်တို့ စကားစမြည်ပြောနေကြတုန်း ခဲတံလေးက “တောင်းပန်ပါတယ်နော်”လို့ပြောလိုက်တဲ့အခါ “ဘာအတွက်တောင်းပန်တာလဲ”လို့ ခဲဖျက်လေးက မေးခွန်းပြန်မေးလိုက်ပါတယ်။

အဲဒီအခါ ခဲတံလေးက ” ဒီလိုလေ…ငါ အမှားတွေ အထပ်အထပ်အခါအခါလုပ်မိတဲ့အခါတိုင်း မင်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးနဲ့ ငါ့ရဲ့အမှားတွေကို ပြန်ဖျက်ပေးရတာ မင်းနာကျင်မှာပဲ။ ခုလည်းကြည့်ပါဦး…မင်းရဲ့ကိုယ်ခန္ဓာဟာ တဖြည်းဖြည်းနဲ့ သေးလာပြီ။ မင်းကို ကြည့်ပြီး ငါစိတ်မကောင်းဖြစ်မိတယ် သူငယ်ချင်းရာ”လို့ပြောလိုက်ပါတယ်။

ခဲဖျက်လေးက” မင်းပြောသလို မင်းအမှားတွေကို ပျောက်ကွယ်သွားရအောင် ဖျောက်ဖျက်ပေးနေရလို့ ငါ့ခန္ဓာကိုယ် တဖြည်းဖြည်း သေးငယ်သွားတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ငါစိတ်ထဲမထားပါဘူး။ မင်းဘာတွေဘယ်လိုပဲမှားမှား မင်းမှားခဲ့တဲ့အမှားတွေအားလုံးကို ဖျောက်ဖျက်ပေးဖို့တာဝန် ငါ့မှာရှိတယ်လေ။ အမှားတွေကို လိုက်ဖျက်ပေးပြီး ငါ့ခန္ဓာကိုယ် တဖြည်းဖြည်းပါးလာမယ်။ ပြီးရင် လုံးဝပျောက်ကွယ်သွားနိင်တယ်ဆိုတာလည်း ငါမျှော်လင့်ပြီးသားပါ။ အဲဒီအတွက် စိုးရိမ်ပူပန်ပြီး ဝမ်းမနည်းပါနဲ့ သူငယ်ချင်း”လို့ ပြန်ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့အသိလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ဟာ ခဲတံလေးတွေနဲ့တူပီး ကျွန်တော်တို့ရဲ့မိဘတွေကတော့ ခဲဖျက်လေးများနဲ့တူကြပါတယ်။ မိဘတွေဟာ ခဲဖျက်လေးများလိုပဲ သားသမီးတွေရဲ့အမှားတွေကို ဘဝနဲ့ရင်းပြီး ပြင်ဆင်ပေးတတ်ကြပါတယ်။ မှားနေရင်မှန်အောင် လွဲနေချော်နေရင် တည့်မတ်အောင် ဖြောင့်တန်းအောင် ညွှန်ကြားပြသပေးကြပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက အရွယ်ရောက်တဲ့အထိ သားသမီးတွေရဲ့ အမှားမှန်သမျှကို မငြိုငြင်ဘဲ လိုက်လံပြင်ဆင်ပေးတတ်ကြတဲ့ ကျေးဇူးရှင် ခဲဖျက်လေးများဟာ အခုဆိုရင် အားနည်းလို့နေပါပြီ။ အားနည်းနေတဲ့ကျေးဇူးရှင်ခဲဖျက်လေးတွေရဲ့ ကျေးဇူးတရားကို အောက်မေ့သတိရပြီး ဂရုတစိုက်နဲ့ပြန်လည်ပေးဆပ်ဖို့ကတော့ ကျွန်တော်တို့ သားသမီးတိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။

Comments are closed.