လူတိုင်းစိတ်ဝင်စားနေကြတဲ့ ဖိုးလပြည့်ဗီဒီယို ပထမပိုင်း

လူတိုင်းစိတ်ဝင်စားနေကြတဲ့ ဖိုးလပြည့်ဗီဒီယို ပထမပိုင်း

နိုင်ငံခြား သီချင်းရဲ့ Cover သီချင်းတွေကို အဆင့်မြင့်မြင့် ရိုက်ကူးပြီး ပရိသတ်တွေ လက်ခံ အားပေးလာတဲ့ နေရွှေသွေးအောင် (ဖိုးလပြည့်) ကိုတော့ တော်တော်များများ ရင်းနှီးကြပါတယ်။ နေရွှေသွေးအောင်ကတော့ Cover သီချင်းတွေကို အမြဲတမ်းလိုလို ခပ်လန်းလန်း ရိုက်ကူးခဲ့ပြီး ယခုနောက်ပိုင်းမှာ သီချင်းတွေကို ခပ်စိပ်စိပ် တင်လာတာကြောင့် ပရိသတ်ပိုပြီးတော့ များလာတာ ဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ နေရွှေသွေးအောင်ကတော့ ပရိသတ်တွေ ပိုများလာတာနဲ့ အမျှ သူရဲ့ အကြောင်းလေးတွေကို သိချင်တဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ ဒါကြောင့်နေရွှေသွေးအောင် (ဖိုးလပြည့်) ကတော့ အစီအစဉ်လေး တခုလုပ်ခဲ့ပါတယ်။ ဒါကတော့ သူ့အနေနဲ့ သူ့ပရိသတ်တွေအနေနဲ့ သူ့အပေါ် သိလိုတဲ့ မေးခွန်းတွေကို မေးမြန်းနိုင်တဲ့ ကဏ္ဍလေးကို လုပ်ခဲ့ပါတယ်။ မီဒီယာပေါင်းစုံက မေးတဲ့ မေးခွန်းတွေကို၊ သူ့ပရိသတ်တွေကို မေးတဲ့ မေးခွန်းတွေကို ပြန်ပြီးတော့ ဖြေခဲ့ပါတယ်။

ဒီလိုဖြေမယ်ဆိုတဲ့ အကြောင်းလေးကိုတော့ သူ့ရဲ့ဖေ့ဘုတ်မှာ ကြေငြာထားတာ ရက်အနည်းငယ် ရှိနေပေမယ့်လည်း ယခုမှာတော့ သူ့ပရိသတ်တွေ မီဒီယာတွေမေးတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးထားတဲ့ ဗီဒီယိုလေးကို တင်လိုက်ပြီ ဖြစ်ပါတယ်။ နေရွှေသွေးအောင် အကြောင်း စိတ်ဝင်စားနေတဲ့ သူ့ပရိသတ်တွေအတွက်တော့ ဒီဗီဒီယိုလေးကတော့ စိတ်ဝင်စားစရာ ကောင်းလောက်ပါတယ်။

ယခု အပိုင်း ၁ အနေနဲ့ ထွက်ရှိလာတဲ့ နေရွှေသွေးအောင် (ဖိုးလပြည့်) ဗီဒီယိုလေးမှာတော့ သူ Cover ဆိုထားတဲ့ သီချင်းတွေကို ဘယ်လိုရိုက်ခဲ့ရလည်းဆိုတဲ့ အမှတ်တရလေးကိုလည်း ဖော်ပြထားခဲ့ပါတယ်။ ဗီဒီယိုလေးရဲ့ အောက်မှာလည်း သူ့ကို ဝန်းရံတဲ့သူတွေ တော်တော်များများ ရှိနေခဲ့ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။   နောက်ထပ်အပိုင်းတွေထွက်ရှိလာရင်လည်း ပြောချင်လွန်းလို့ ပေ့ခ်ျက ဆက်လက်ပြီး ဖော်ပြပေးသွားပါဦးမယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.