ဆေးပေါ့လိပ်မှာတောင် ရွှေအပ်ကံစမ်းမဲ ထည့်လာ

ဆေးပေါ့လိပ်မှာတောင် ရွှေအပ်ကံစမ်းမဲ ထည့်လာ

” ချက်ချင်းသောက် ချက်ချင်းပေါက် ကံစမ်းမဲ အစီအစဉ် ”သောက်သုံးသူ မိဘပြည်သူများ၏ ကျေးဇူးကို တုန့်ပြန်သည့် အနေဖြင့် (၁/၃/၂၀၁၉) မှစ၍ ဈေးကွက်အတွင်း ဖြန့်ချီမည့်“ရတနာ ဆေးပေါ့လိပ်” များ အတွင်း၌ ရွှေအပ်များ ထည့်သွင်းကာ လက်ဆောင်အဖြစ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။

သို့ပါ၍ မြန်မာ့ရိုးရာ ဆေးပေါ့လိပ်၏ ကောင်းခြင်း အဖြာဖြာကို ခံစားရင်း ရွှေအပ်များ ဆွတ်ခူးနိုင်မည် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ ၁၉၈၈ ခုနှစ် မှစ၍ နှစ်ပေါင်း (၃၀) ကျော် ကာလတလျောက် ရတနာမိသားစု မှ အကောင်းဆုံး ဆေးလိပ်များအား သင့်တင့်သည့် ဈေးနှုံးဖြင့် သောက်သုံးသူ ပြည်သူများထံ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဖြန့်ချီ လျှက်ရှိပါသည်။

ဒေသခံ ဆေးလိပ်ခုံ ဖြစ်ရကား ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည့် အပြင်၊ရရှိသည့် အကျိုးအမြတ်ထဲမှ အချို့တ၀က်ကို တောင်ကြီးမျြို့ မင်းကွန်းကျောင်းတိုက်အတွင်း “မင်းကွန်း ကုသိုလ်ဖြစ်ဆေးခန်း” ကို ဦးဆောင် ဖွင့်လှစ်ကာ လူမျိုးဘာသာ၊အသက်အရွယ် ဆင်းရဲချမ်းသာ မရွေး ကြွရောက်လာသူတိုင်းကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သည်မှာ (၄) နှစ်တာက ကျော်လွန်ခဲ့ပါပြီ။

ထို့အပြင် ပအိုဝ်း နာရေးကူညီမှု အသင်းထံ သို့လည်း နိဗ္ဗာန်ယာဉ် တစ်စင်း လှူဒါန်းကာ ဒေသခံပြည်သူ့အကျိုးကို တတ်နိုင်သမျှ ထမ်းပိုးလျှက်ရှိပါကြောင်း ဂုဏ်ယူစွာ အသိပေးအပ်ပါသည်။သို့ပါ၍ ရတနာဆေးပေါ့လိပ်ကို သောက်သုံးခြင်းဖြင့် အထက်ပါ ပရဟိတလုပ်ငန်းများတွင် ကိုယ်တိုင် ငွေကြေးစိုက်ထုတ်

လှူဒါန်းသကဲ့သို့ ကောင်းမှု ကုသိုလ်တိုးပွားပြီးဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်မည့် အရေး ရင်းနှီးချစ်ကြည်စွာ တင်ပြလိုက်ပါသည် ခင်ဗျား။(၁၃၈၁) ခုနှစ် အတာသင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲရင်း ကျန်းမာချမ်းသာကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည် ခင်ဗျား။

“စေတနာ အရာမှာ ရတနာ ကသာ ပါတယ် ” …ရတနာဆေးပေါ့လိပ်မိသားစုတောင်ကြီးမြို့ . သတိ . ရတနာဆေးပေါ့လိပ် ကိုသောက်ရင် ကံစမ်းမဲပေါက်တတ်သည်။မီးညှိပြီး မကြာမီ ရွှေအပ်ကို တွေ့မြင်ရပါမည်။၎င်း ရွှေအပ်များကို ထိုနေ့ပေါက်ဈေးအတိုင်း “ရွှေနန်းသစ္စာ ရွှေဆိုင်ကြီး” တွင် ငွေသားဖြင့် လာရောက်လဲလှယ် နိုင်ပါသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

တချောင်း၉၀၀၀/ိ+ တန်ဖိုးရှိပါသည်။

Comments are closed.