လိင်တံကြီးထွားအောင် ခွဲစိတ်ရာမှ ပြင်သစ်စိန်ကုန်သည် ဘီလျှံနာသူဌေးကြီး သေဆုံး

လိင်တံကြီးထွားအောင် ခွဲစိတ်ရာမှ ပြင်သစ်စိန်ကုန်သည် ဘီလျှံနာသူဌေးကြီး သေဆုံး

ပြင်သစ်နိုင်ငံက စိန်ကုန်သည် ဘီလျှံနာသူဌေးကြီး အာရေးလာနက်ဟာ လိင်တံကြီးထွားအောင် ခွဲစိတ်ကုသရင်း သေဆုံးခဲ့ပါတယ်။ပါရီက ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ လာနက်ဟာ လိင်တံကြီးထွားအောင် ခွဲစိတ်ကုသခံရင်း နှလုံးဖောက်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး-ဘယ်ဂျီယံ နွယ်ဖွား သူဌေးကြီးလာနက်ဟာ ခွဲစိတ်ကုတင်ပေါ်မှာပဲ သေဆုံးတာလို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။လာနက်ရဲ့ လိင်တံထဲ ဆေးထိုးသွင်းချိန်မှာ ပြဿနာစပေါ်ကာ သေဆုံးရတာဖြစ်တယ်လို့ ဘယ်ဂျီယံသတင်းတွေက ဖော်ပြပါတယ်။

သူပိုင် စိန်ကုန်တိုက် Omega Diamonds ကုမ္ပဏီကလည်း သေဆုံးကြောင်းကို အတည်ပြုပါတယ်။“အမြော်အမြင်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ခွဲခွာနှုတ်ဆက်ရတာပါ။ ကျွန်တော်တို့ရဲ့ တည်ထောင်သူကြီး လာနက် ကွယ်လွန်တာကို ပြောရတာဟာ အလွန်ဝမ်းနည်းစရာပါပဲ။”လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

လာနက်ဟာ ကိုယ်ရဲ့ သွင်ပြင်ပုံပန်းကို အမြဲတမ်းဂရုစိုက်သူဖြစ်ပြီး အခြားသူတွေ သူ့ကို ဘယ်လိုထင်မြင်သလဲဆိုတာအပေါ်မှာလည်း အလေးအနက်ထားတတ်သူဖြစ်ပါတယ်လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

“အာဂျင်တီးနားကြီးလို့ ကျွန်တော်တို့ဟာ သူ့စိန်ကုန်တိုက်မှာ သူ့ကို ခေါ်လေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ တန်ဂိုအကသမားတစ်ဦးနဲ့ တူလို့ပါပဲ။”လို့ ၎င်းက ပြောသည်။

ဒါပေမယ့် လိင်တံ ပိုကြီးလိုတဲ့ လာနက်ကတော့ သေဆုံးခြင်း ဆိုက်ခဲ့ရပြီ ဖြစ်ပါတယ်။ကျော်ကြားသူတွေနဲ့ မော်ဒယ်တွေကို နှစ်သက်တဲ့ သူဌေးကြီး လာနက်ကို သူ့ရဲ့ မွေးရပ်မြေ အစ္စရေးဆီ နောက်ဆုံးလဲလျောင်းရာအဖြစ် ပို့ဆောင်မှာ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Rf; Canoe

Writer – မောင်သံဆင့်(Daily Hot News)

Comments are closed.