ကျောင်းသွားခါနီး အ​မေကို သီချင်းဖွင့်​ခိုင်းပြီး ကား​နောက်​ခန်းမှာ က​နေကြတဲ့ ​ခေတ်​​နဲ့ သစ်​တို့ရဲ့ ဗီဒီယို

ကျောင်းသွားခါနီး အ​မေကို သီချင်းဖွင့်​ခိုင်းပြီး ကား​နောက်​ခန်းမှာ က​နေကြတဲ့ ​ခေတ်​​နဲ့ သစ်​တို့ရဲ့ ဗီဒီယို

ချိုမြိန်​လွန်းလှတဲ့ မိသားစုဘဝ​လေးကို ပိုင်​ဆိုင်​ထားတဲ့ လင်းလင်းနဲ့ ချစ်​သု​ဝေတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ အရုပ်​​လေး​တွေလို ချစ်​စရာ​ကောင်းတဲ့ အမြွာသမီး​လေးနှစ်​ဦးကို ပိုင်​ဆိုင်​ထားတာပါ။ ​ခေတ်​နဲ့သစ်​​လေးတို့က​တော့ ​မေ​မေချစ်​သု​ဝေရဲ့ အမာခံပရိသတ်​​တွေမို့ အ​မေသီချင်း​တွေဆို အကုန်​ရပြီး အမူအယာ​လေး​တွေ လုပ်​ပြ​လေ့ရှိပါတယ်​။ လတ်​တ​လောမှာ​တော့ ​မေ​မေချစ်​သု​ဝေက သူမရဲ့သီချင်းကိုနား​ထောင်​ပြီး အားရပါးရက​နေတဲ့ ​ခေတ်​​လေးနဲ့ သစ်​​လေးတို့ရဲ့ဗီဒီယိုကို ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ မိဘနှစ်​​ယောက်​နဲ့တူလို့ ​ခေတ်​နဲ့ သစ်​တို့နှစ်​​ယောက်​လုံးက သံစဉ်​​တွေကို ချစ်​မြတ်​နိုးကြတာပဲ ဖြစ်​ပါတယ်​။

ချစ်​ပရိသတ်​​တွေအတွက်​ သီချင်းသံစဉ်​​တွေ​အောက်​မှာ စီး​မျောပြီးက​နေကြတဲ့ ​ခေတ်​​လေးနဲ့ သစ်​​လေးတို့ရဲ့ ချစ်​စရာ​ကောင်းလွန်းတဲ့ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

မေ​မေ ချစ်​သု​ဝေက​တော့ “မနက်ကျောင်းပို့လို့ကားပေါ်တက်ရင် မေမေ့သီချင်းဖွင့် ဆိုပဲ..ချစ်လိုက်တာ…”ခရီးသည်” သီချင်းလေးနဲ့ ကနေတာများ…he he အမာခံပရိသတ်တွေနော်..ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့🤪🤩🥰😍😘” ဆိုပြီး လည်​လွန်း တတ်​လွန်းတဲ့ သမီး​တွေ​ကြောင့်​ ကြည်​နူးရတဲ့အ​ကြောင်း ​ပြောထားပါ​သေးတယ်​။

ခေါင်း​တွေရမ်းပြီး ဘယ်​လို​တောင်​ Mood ဝင်​​နေလဲ​မေး❤

မေ​မေကို သီချင်းဖွင့်​ခိုင်းပြီး စည်းချက်​ညီညီက​နေကြတဲ့ ​ခေတ်​​လေးနဲ့ သစ်​​လေးတို့ရဲ့ ဗီဒီယို

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ ဖေဖေ၊ မေမေတို့ထက်တောင် ချစ်ခင်သူတွေ ပိုများတဲ့ ဆယ်လီမီးမီးလေးတွေကတော့ မိဘနှစ်ပါးနဲ့တူလို့ ဂီတကို ဝါသနာပါကြတာလည်း တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်စရာကောင်းလာကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွာသမီးလေးတွေကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.