သင်တစ်ခါမှမမြင်ဖူးတဲ့ တိုက်တန်းနစ်ရဲ့ကြက်သီးမွေးညှင်းထလောက်စရာ ဓာတ်ပုံများ

သင်တစ်ခါမှမမြင်ဖူးတဲ့ တိုက်တန်းနစ်ရဲ့ကြက်သီးမွေးညှင်းထလောက်စရာ ဓာတ်ပုံများ

၁။ရေခဲစိုင်ကြီး

တိုက်တန်းနစ်ကြီးနစ်မြှုပ်ရတဲ့အကြောင်းရင်းက ရေခဲစိုင်ကြီးကိုတိုက်မိခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါမဲ့ ငြိမ်သက်နေတဲ့ရေပြင်နဲ့ ဘာအတားအဆီးမှရှိမနေမှုဟာရေခဲစိုင်ကြီးကိုမြင်နိုင်ဖို့ရာအတွက်ခက်ခဲစေပါတယ်။ ဒီပုံဟာဆိုရင်တော့တိုက်တန်းနစ်ကိုနစ်မြှုပ်စေခဲ့တဲ့ ရေခဲစိုင်ကြီးရဲ့တကယ့်ပုံပါ။ ပုံထဲမှာဆိုရင်တော့ ရေခဲစိုင်ဟာသိပ်ကြီးတဲ့ပုံမပေါ်ပါဘူး။ ဒါမဲ့ တကယ်ဒုက္ခဖြစ်စေခဲ့တာက ရေခဲစိုင်ရဲ့အောက်ပိုင်းဖြစ်ပါတယ်။

၂။တိုက်တန်းနစ်ရဲ့နောက်ဆုံးဓာတ်ပုံ

တိုက်တန်းနစ်ကိုဆောက်လုပ်နေစဉ်နဲ့ ဆောက်လုပ်ပီးစီးခါစအချိန်တွေမှာ ဓာတ်ပုံတွေအများကြီးရှိခဲ့ပါတယ်။ ဒါမဲ့ဒါကတော့ တိုက်တန်းနစ် မနှစ်မြှုပ်ခင်က နောက်ဆုံးဓာတ်ပုံဖြစ်ပါတယ်။ ဒီနောက်ဆုံးပုံကို သင်္ဘောပေါ်ကဘယ်သူမှရိုက်ခဲ့တာမဟုတ်ပါဘူး။ ဒီဓာတ်ပုံဟာ ရင်သပ်ရှုမောစရာကောင်းသလောက် နိမိတ်လဲမကောင်းတဲ့ဓာတ်ပုံလို့ဆိုရမှာပါ။ ဒီပုံကိုရိုက်ယူတဲ့အချိန်မှာ တိုက်တန်းနစ်ဟာ သူ့ကိုနစ်မြှုပ်စေမယ့်ရေခဲစိုင်ကြီးနဲ့ဘယ်လောက်အကွာမှာရှိနေခဲ့လဲဆိုတာလဲမသိနိုင်ပါဘူး။

၃။နစ်မြှုပ်သွားသောအစားအသောက်များ

ဒီပုံကိုကြည့်ရမယ်ဆိုရင်တော့ ပထမတန်းကခရီးသည်တွေဟာ ကုန်းပတ်ပေါ်ထိုင်ပီး အေးအေးဆေးဆေးနဲ့စားသောက်ဖို့လုပ်နေတယ်လို့ပဲထင်မိမှာပါ။ အမှန်တကယ်ကတော့ သူတို့အဲ့လိုလုပ်နေစဉ်မှာ တိုက်တန်းနစ်ကြီးကနစ်မြှုပ်နေတာဖြစ်ပီး သူတို့ဟာ အသက်ကယ်လှေကိုစောင့်နေခဲ့တာပါ။ အဲ့လိုအသက်ကယ်လှေကိုစောင့်နေစဉ်မှာလဲ စားပွဲထိုးတွေကသူတို့ကို ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်စတာတွေနဲ့ ဧည့်ခံနေခဲ့တာဖြစ်ပါတယ်။ ၃ နာရီအတွင်းမှာနစ်မြှုပ်ပီး လူပေါင်း ၁၅၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဒီသင်္ဘောပေါ်မှာ အဲ့လိုကိစ္စမျိုးတွေရှိလိမ့်မယ်လို့သင်လဲထင်ထားမိမှာတော့မဟုတ်ပါဘူး။

၎။တိုက်တန်းနစ်၏အသက်ကယ်လှေများ

သင်သိမှာပါ။ တိုက်တန်းနစ်နစ်မြှုပ်တဲ့အခါ အသက်ကယ်လှေမလုံလောက်ခဲ့ပါဘူး။ အကြောင်းရင်းကလဲ သူဟာ မနစ်မြှုပ်တဲ့သင်္ဘောဖြစ်တာကြောင့် သူတို့ရဲ့တန်ဖိုးရှိလှတဲ့ကုန်းပတ်နေရာလေးကိုပိုကျယ်ကျယ်ရနိုင်ဖို့အတွက် မလိုအပ်တဲ့ အသက်ကယ်လှေတွေကိုအများကြီးမသယ်ဖို့ ဆုံးဖြတ်ခဲ့ကြလို့ပါ။ တကယ်တမ်း နစ်မြှုပ်တဲ့အခါမှာတော့ အသက်ကယ်လှေမလုံလောက်မှုကြောင့် လူများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီပုံမှာဆိုရင်တော့ လူတွေကိုကယ်တင်ခဲ့တဲ့ တိုက်တန်းနစ်ရဲ့ အသက်ကယ်လှေ ၁၃ ခုရဲ့ပုံကိုဖော်ပြထားပါတယ်။

၅။ကာပီသီယာပေါ်က အသက်ရှင်ကျန်ရစ်သူများ

တိုက်တန်းနစ်ဟာ သူမနစ်မြှုပ်ခင်မှာ သူ့အနီးနားက သင်္ဘောတစ်စီးဆီကို အရေးပေါ်အကူအညီတောင်းတဲ့အချက်ပြပေးပို့ခဲ့ပါတယ်။ အဲ့အနီးနားက သင်္ဘောကတော့ ကာသီပီယာပဲဖြစ်ပါတယ်။ ကာသီပီယာဟာ တိုက်တန်းနစ်အနားကိုရောက်တဲ့အခါမှာတော့ တိုက်တန်းနစ်ဟာ နစ်မြှုပ်ပီးနေခဲ့ပါပီ။ အသက်ကယ်လှေပေါ်က ရှင်ကျန်နေတဲ့သူတွေကို ကာပီသီယာပေါ် ရွှေ့ပြောင်းခဲ့ပါတယ်။ ဒီဓာတ်ပုံဟာဆိုရင်တော့ သင်္ဘောပေါ်ကအသက်ရှင်ကျန်ရစ်သူတွေရဲ့ဓာတ်ပုံဆိုလဲမမှားပါဘူး။

၆။ကယ်တင်မှု

တိုက်တန်းနစ်ပေါ်က အသက်ရှင်ကျန်ရစ်သူတွေဟာ ၂ နာရီနီးပါးလောက် ပင်လယ်ထဲမှာပဲမျောနေခဲ့တာပါ။ ရာသီဥတုကလဲအေးခဲနေတဲ့အပြင် ချစ်ရတဲ့သူတွေကိုပါဆုံးရှုံးခဲ့ရပါတယ်။ အဲ့အပြင် သူတို့ကိုကယ်တင်မယ့်သူတွေလာပါ့မလား။ မလာရင် သူတို့အေးခဲပီးသေရတော့မယ် ဆိုပီးစိတ်ပူနေခဲ့ရတာပါ။ ဒီဓာတ်ပုံဟာဆိုရင်ကာပီသီယာက သူတို့ဘေးကိုရောက်လာခဲ့တဲ့အချိန်မှာ ရိုက်ထားတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာဆိုရင်တော့ ဝမ်းနည်းစရာကောင်းတဲ့စိတ်ဓာတ်ကျစရာကောင်းတဲ့ပုံစံဖြစ်နေပေမဲ့ အမှန်ကတော့ သင် ခရီးသည်တွေရဲ့ စိတ်အေးသက်သာရသွားခဲ့မှုတွေကိုခံစားလို့မရသေးတာပါ။

၇။ရေစုန်မျောနေခြင်း

ဒီပုံဟာလဲသင်တစ်ခါမှမမြင်ဖူးတဲ့ ကြက်သီးထလောက်စရာဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံထဲကရေတွေဟာတည်ငြိမ်နေသလောက် ခရီးသည်တွေကတော့အဲ့လိုမဟုတ်ပါဘူး။ တိုက်တန်းနစ်ပေါ်က ခရီးသည်တွေဟာ အသက်ကယ်လှေပေါ်ကိုတက်ဆိုလို့သာတက်ခဲ့ရပေမဲ့ သူတို့ရဲ့မိသားစုတွေ ချစ်ရတဲ့သူတွေ သေနေလား ရှင်နေလားဆိုတာ မသိခဲ့ကြပါဘူး။ အဲ့အပြင် အေးကလဲအေးစက်နေပီး သူတို့ကိုလူတွေလာကယ်ပါ့မလားဆိုတာလဲမသိခဲ့ကြပါဘူး။ ဒါအရမ်းကိုစိတ်ညစ်ဖို့ကောင်းတဲ့ပုံပါပဲ။

၈။ကပ္ပတိန် စမစ်သ်

တိုက်တန်းနစ် နစ်မြှုပ်မှုနဲ့ပတ်သတ်လာတဲ့အခါ လူတွေအကုန်လုံးက ကပ္ပတိန်စမစ်သ် ကိုအပြစ်တင်ကြပါတယ်။ သတင်းခေါင်းစဉ်မှာ နယူးယောက်ကိုရောက်နေပါပီလို့ ပါလာနိုင်ဖို့အတွက် လူတွေက ကပ္ပတိန်ကို အမြန်နှုန်းအမြန်နဲ့ မောင်းနှင်ဖို့ပြောခဲ့ကြပါတယ်။ ကပ္ပတိန် စမစ်သ်ဟာ ရေခဲစိုင်ကြီးကိုရှောင်ဖို့ကြိုးစားပီးအရှိန်လျှော့ခံ့ပါတယ်။ သင်္ဘောကြီး မနစ်သွားအောင်လဲသူကြိုးစားခဲ့ပါတယ်။တစ်ချို့အတွက်တော့သူက လူကောင်းဖြစ်ပီး တစ်ချို့အတွက်ကတော့ဗီလိန်ဖြစ်လို့နေပါတယ်။

၉။အသက်ရှင်ကျန်နေသူတွေကိုစောင့်ဆိုင်းနေခြင်း

ခရီးသည်တွေရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေဟာ သူတို့သေလားရှင်လားမသိရသေးတဲ့အတွက် သူတို့ပြန်အလာကိုမျှော်လင့်တကြီးနဲ့စောင့်နေကြတဲ့ပုံပါ။

၁၀။ပထမဆုံးသတင်းဆောင်းပါး

ဒါဟာဆိုရင် တိုက်တန်းနစ်ကြီးနစ်မြှုပ်သွားပါပီဆိုပီးရေးထားတဲ့ သတင်းစာကိုရောင်းနေတဲ့ကောင်လေးတစ်ယောက်ရဲ့ဓာတ်ပုံဖြစ်ပါတယ်။

၁၁။မိုလီဘရောင်း

တိုက်တန်းနစ်ပေါ်မှာ မိုလီဘရောင်းဆိုတဲ့အမျိုးသမီးတစ်ဦးလဲပါဝင်ပါတယ်။သူဟာအင်မတန်ကို သန်မာတဲ့ကြံ့ခိုင်တဲ့အမျိုးသမီးပါ။ တိုက်တန်းနစ်ကြီးနစ်ပီးတဲ့နောက်သူမကို မနစ်နိုင်တဲ့မိုလီဘရောင်းဆိုပီးခေါ်ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ အသက်ကယ်လှေတွေကိုသင်္ဘောဆီပြန်သွားပီး လူတွေကိုကယ်ဖို့တိုက်ပွဲဝင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒါကတော့မိုလီနဲ့ ကပ္ပတိန် ကာပီသီယာ တို့ရဲ့ဓာတ်ပုံဖြစ်ပါတယ်။ မိုလီဟာ ကပ္ပတိန်ကိုလဲ လူတွေကိုကယ်တင်ခဲ့လို့ဆိုပီး ရဲရင့်ဆုကိုပေးအပ်ခဲ့ပါသေးတယ်။

၁၂။ရှင်ကျန်ခဲ့တဲ့မိသားစု

မိသားစုတစ်ခုလုံးအသက်ရှင်ကျန်ရစ်ဖို့ဆိုတာရှားပါးတဲ့ကိစ္စပါ။ အသက်ကယ်လှေတွေဟာ အရင်ဆုံး မိန်းမတွေနဲ့ ကေလးတွေကိုကယ်ထုတ်ပါတယ်။ နောက်တော့မှယောကျာ်းလေးတွေကိုကယ်တာဖြစ်ပါတယ်။ ဒါဟာဆိုရင်တော့ မိသားစုလိုက်အသက်ရှင်ကျန်ရစ်ခဲ့သူတွေပဲဖြစ်ပါတယ်။

၁၃။သင်္ဘောမထွက်ခင်

ဒီပုံဟာဆိုရင် တိုက်တန်းနစ်မထွက်ခင်မှာရိုက်ထားတဲ့နောက်ဆုံးဓာတ်ပုံဖြစ်ပါတယ်။

၁၄။ သင်္ဘောထွက်ဖို့ပြင်ဆင်ခြင်း

ဒီပုံဟာဆိုရင် သင်္ဘောထွက်ဖို့ပြင်ဆင်တဲ့အခါမှာရိုက်ထားတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကလူတွေရော ဆိပ်ကမ်းကလူတွေကပါ ခရီးစဉ်နဲ့ပတ်သတ်ပီး တိုက်တန်းနစ်အတွက်အောင်ပွဲခံနေကြတာဖြစ်ပါတယ်။

၁၅။နှုတ်ဆက်ခြင်း

ဒီပုံဟာဆိုရင် တိုက်တန်းနစ်ကြီးခရီးသွားတာကိုနှုတ်ဆက်တဲ့ပုံရိုက်ထားတာပါ။ ဒါမဲ့ အခုလိုထာဝရနှုတ်ဆက်လိုက်ရမယ်ဆိုတာဘယ်သူမှမသိခဲ့ပါဘူး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Writer -Min Thu (Daily Hot News )

Comments are closed.