ပြင်သစ် Bugatti က ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကား

ပြင်သစ် Bugatti က ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကား

ပြင်သစ်ကားကုမ္ပဏီ Bugatti ကုမ္ပဏီဟာ ကမ္ဘာ့ဈေးအကြီးဆုံးကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီကားကို အခွန်မဆောင်ရသေးခင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁ သန်းနဲ့ အမည်မဖော်ပြတဲ့ ၀ယ်သူတစ်ဦးထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ရောင်းချလိုက်ရတဲ့ ဈေးနှုန်း အတိအကျကိုတော့ ကုမ္ပဏီက ထုတ်ပြန်သေးခြင်း မရှိပေမယ့် ယခင်က ကမ္ဘာ့ဈေးအကြီးဆုံးကားအဖြစ် စံချိန်တင်ထားတဲ့ Rolls-Royce Sweptail ရဲ့ ပေါင် ၈ သန်းနဲ့ ၉ သန်းကြား ဈေးနှုန်းထက်တော့ စံချိန်တင် ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခု ကားကို Bugatti ရဲ့ သက်တမ်း ၁၁၀ ပြည့်အဖြစ် ထုတ်လုပ်တာဖြစ်ပြီး အင်ဂျင်ပါဝါဟာ Ford Fiesta ထက် အဆ ၂၀ အားကောင်းပါတယ်။Porsche တည်ထောင်သူရဲ့ မြေးဖြစ်သူ Ferdinand Piech က ၀ယ်ယူသူဖြစ်နိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Piech ဟာ Bugatti က ပိုင်ဆိုင်တဲ့ Volkswagen ရဲ့ အမှုဆောင်အရာရှိဟောင်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့ Volkswagen အမှုဆောင်အရာရှိချုပ်သက်တမ်းမှာ ဈေးကြီးတဲ့ တည်ဆောက်ရေးစီမံကိန်းတွေကြောင့် Volkswagen ရဲ့ နာမည်ဂုဏ်သတင်း ပြန်လည်ထွန်းတောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၀ယ်ယူသူဟာ ကားတံဆိပ်အပေါ် ၀ါသနာကြီးသူတစ်ယောက်ပဲ ဖြစ်တယ်လို့ Bugatti က ပြောခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.