ဂီတမှာ ရန်ကုန်သား မန္တလေးသားမရှိဘူးဆိုတဲ့ လင်းလင်း

ဂီတမှာ ရန်ကုန်သား မန္တလေးသားမရှိဘူးဆိုတဲ့ လင်းလင်း

ပရဟိတ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပြီး ချစ်စရာ ဇနီးလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ တေးရေးတေးဆို လင်းလင်းကိုတော့ ဂီတချစ်ပရိသတ်တွေကိုတော့ အထွေထူး မိတ်ဆက်ပေးစရာ မလိုတော့ပါဘူး။ လင်းလင်းကတော့ ဂီတအနုပညာနဲ့ ပတ်သက်ရင် ဝါရင့်တယောက်လည်း ဖြစ်တာကြောင့် သူ့ရဲ့ ဂီတအပေါ် ခံယူချက်တွေကတော့ သံသယဖြစ်စရာမရှိပါဘူး။ လင်းလင်းကတော့ ဂီတမှာ ရန်ကုန်သား မန္တလေးသားဆိုတာ မရှိဘူးလို့ ပြောကြားသွားခဲ့ပြီး ဘယ်လိုခံယူရမလဲဆိုတာကို ပြောသွားခဲ့ပါတယ်။

အကုန်သိနဲ့ အင်တာဗျူးမှာတော့ လင်းလင်းက “ကျွန်တော့်အမြင်ကတော့ ဂီတမှာ မန္တလေးသား ရန်ကုန်သားဆိုပြီးတော့ မရှိပါဘူး။ ဂီတအပေါ် ဘယ်လောက်ထိ စိတ်စေတနာထားမလည်း ဘယ်လောက်ထိ ကြိုးစားပြီးရှေ့ဆက်မလဲပေါ့။ ဒါပေမယ့်လည်း အခြေခံ အကြောင်းတရားအနေနဲ့ နယ်ကလာတဲ့သူတွေအရင်ဆုံး ကြုံရမယ့် အခက်ခဲကတော့ ရန်ကုန်လာရင် ကျောတခင်းစာနဲ့ စားဖို့ပေါ့။ အဲ့ဒါတခုပါပဲ။ ရန်ကုန်နယ်ခံထက်တွေတော့ အဲ့ဒါကနည်းနည်းလေး ပိုပြီးတော့ အခက်တွေ့နိုင်ပါတယ်။

အဲ့ဒီဟာလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ဟာကတော့ ရန်ကုန် မန္တလေးရယ်ဆိုပြီးတော့ မရှိပါဘူး။ ဒီအပေါ်မှာ သက်ဝင်ယုံကြည်မှု စိတ်နေစိတ်ထားနဲ့ သူဘယ်လိုကြိုးစားထားလည်း အပေါ်မှာပဲ မူတည်မယ်”

“ကျွန်တော် ခွေလေးတွေ ထုတ်ပေးနေတယ်။ ထွက်မယ့်ခွေလေးတွေလည်း ရှိတယ်။ အမှန်ဆို ဒီအချိန်လောက်မှာ ကျွန်တော့်ခွေထွက်မယ်ဆိုပြီးတော့ လုပ်ထားတာ။ ဒါပေမယ့်လည်း ကျွန်တော်က သူတို့ခွေတွေကို အရင်ဆုံးထွက်လိုက်တာ။ ကျွန်တော့်ခွေကတော့ ပြီးသလောက်တော့ ရှိနေပြီ။ သင်္ကြန်နောက်ပိုင်းတော့ လာမယ်။ အဲ့ဒါလေး လုပ်နေတယ်ပေါ့။ လောလောဆယ်တော့ ရန်ကုန်မှာ ၂၃ ရက်နေ့ ရှိုးပွဲရှိတယ်။ အဲ့ဒါတွေ အတွက် ပြန်ပြီးတော့ ပြင်ဆင်နေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.