တရားစခန်းဝင်​ရင်း ဆွမ်းကပ်​လှူခဲ့ကြတဲ့ ​ရွှေထူးနဲ့​ ​ရွှေမှုံရတီတို့ ဇနီး​မောင်​နှံ

တရားစခန်းဝင်​ရင်း ဆွမ်းကပ်​လှူခဲ့ကြတဲ့ ​ရွှေထူးနဲ့​ ​ရွှေမှုံရတီတို့ ဇနီး​မောင်​နှံ

ပရိသတ်​​တွေရဲ့ ချစ်ခင်​​အား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့တစ်​ဦးနဲ့တစ်​ဦးအ​​ပေါ်တစ်​ဦး စစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာ​တွေအပြည့်​​ပေးပြီး ​ပျော်​ရွှင်​စရာ​ကောင်းတဲ့ အိမ်​​ထောင်​​ရေးတစ်​ခုကို ပုံ​ဖော်​​နေကြတာပါ။ ဘာသာ​ရေးလည်း လိုက်​စားတဲ့ သူတို့ဇနီး​မောင်​နှံနှစ်​ဦးက​တော့ လတ်​တ​လောမှာ​ တရားစခန်းဝင်​ရင်း သံဃာ နှင့် ဆရာလေး ၂၄၈ ပားကို အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကပ်လှူပူဇော်ခဲ့ကြတဲ့အ​ကြောင်း လူမှုကွန်​ယက်​​ပေါ်မှာ ​ဝေမျှ​ပေး​ထားတာ ​တွေ့ရပါတယ်။ ကြည်​နူးစရာ​ကောင်းလှတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီ တို့ရဲ့အလှူက​တော့ တကယ့်​ကို ပီတီဖြစ်​ဖွယ်​ပါပဲ​နော်​။

ချစ်​ပရိသတ်​​တွေအတွက်​ တရားစခန်းဝင်​ရင်း သံဃာ နဲ့ ဆရာလေး ၂၄၈ ပါးကို အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကပ်လှူပူဇော်ခဲ့တဲ့ ရွှေထူးနဲ့ ​ရွှေမှုံ​လေးတို့ရဲ့ ​အလှူပုံရိပ်နဲ့ ​ဗီဒီယို​လေး​တွေကို ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ရွှေထူးက​တော့ “ယနေ့ ကျွန်တော့် အမျိုးသမီး တရားစခန်း ဝင်ရင်းနဲ့ ၂ ယောက်အတူ … သံဃာ နှင့် ဆရာလေး ၂၄၈ ပားကို အာရုံဆွမ်း နဲ့ နေ့ဆွမ်း ကပ်လှူပူဇော်ခဲ့ပာတယ် …နတ်လူသတ္တဝါ သာဓု ခေါ်စေသောဝ် 🙏🏻” ဆိုပြီး အလှူအ​ကြောင်းကို ​ဝေမျှ​ပေးထားတာပါ။

ကြည်​နူးစရာ​ကောင်းလှတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံ​လေးတို့ရဲ့ အလှူ ဗီဒီယို

ကြည်​နူးစရာ​ကောင်းလှတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံ​လေးတို့ရဲ့ အလှူ ဗီဒီယို

ရွှေထူးက​တော့ လတ်​တ​လောမှာ နယ်​ရှိုးပွဲဆိုရင်းနဲ့ တစ်​ခြား​သော အနုပညာ အလုပ်​​တွေဆက်​တိုက်​ လုပ်​ဖြစ်​​နေတာဖြစ်​ပြီး ​ရွှေမှုံ​လေးကလည်း ခင်​ပွန်းနဲ့အတူ ရှိုး​တွေဆိုရင်း ဇာတ်​ကား​တွေ ဆက်​တိုက်​ရိုက်​ကူးဖြစ်​​နေတာ ​တွေ့ရပါတယ်​​နော်​။ အလှူအတန်းဝါသနာပါတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံ​လေး တို့နှစ်​ဦးက​တော့ မကြာခဏဆိုသလို နှစ်​​ယောက်​​ပေါင်းပြီး အလှူလုပ်​​လေ့ရှိပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ​အလှူလုပ်​ရင်း တရားစခန်းဝင်​​နေကြတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီတို့ဇနီး​မောင်​နှံနှစ်ဦးရဲ့ အလှူကို သာဓု​​ခေါ် သွားကြဖို့မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.