နေခြည်ဦးနဲ့ ရိုက်မယ့် Romance ကားလေးအကြောင်း ပြောပြတဲ့ နေတိုး

နေခြည်ဦးနဲ့ ရိုက်မယ့် Romance ကားလေးအကြောင်း ပြောပြတဲ့ နေတိုး

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လတ်ဖြစ်သလို ပရိသတ်အားပေးမှု အများအပြားရရှိနေတာ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ လာမယ့် ၅လပိုင်းမှာ စတင်ရိုက်ကူးမယ့် အခမ်းနားဆုံး မေတ္တာ ရုပ်ရှင်ကားမှာ အတူတူသရုပ်ဆောင်ရမယ့် နေခြည်ဦးနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ဖြေသွားခဲ့ပါတယ်။

နေတိုးက “Romance ပေါ့နော် နေခြည်ဦးနဲ့ ရိုက်မယ့် ဇာတ်ကားကတော့ Romance ပါ။ Romance ကိုမှ ကျွန်တော်တို့က နည်းနည်းလေး ခမ်းခမ်းနားနားလေး တင်ဆက်ရမယ့် ဇာတ်ကားလေးပေါ့နော်ဆိုတော့ အရမ်း ဇာတ်လမ်းက Heavy ကြီးမဟုတ်ဘူး။ ဒါပေမဲ့ ပရိသတ်ကိုပေါ့နော် နောက်တစ်နည်းနဲ့ ဆွဲဆောင်ရမယ့် ဇာတ်ကားလေးတစ်ကားပေါ့။ ဇာတ်လမ်းအမျိုးအစားနဲ့ ဇာတ်ကောင်တွေက တကယ့် Romance သရုပ်ဆောင်ရမယ့် ဇာတ်လမ်းလေးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

နေခြည်ဦးက နည်းနည်းလေးသွက်တဲ့အတွက်ကြောင့် နှစ်ယောက်သား ဘယ်လိုတွေ လုပ်ဆောင်သွားမလဲလို့ မေးမြန်းရာမှာ “ဇာတ်ကောင်ဖွဲ့စည်းတဲ့ ပုံစံတွေကတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့ကတော့ ဒီကားက ဇာတ်လမ်းထဲကိုပဲ ကျွန်တော်တို့ ပြန်သွားထားတာပေါ့။ လူသားဆန်ဆန် ဇာတ်လမ်းအမျိုးအစား ပေါ့နော်။ Romance ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့မှာ မတူညီတဲ့ဘဝတွေကို Balance လုပ်တဲ့နေရာတွေမှာ ခက်ခဲမှုရှိပြီးတော့မှ ဒီအခက်အခဲတွေထဲကမှ ကျွန်တော်တို့က အချစ်တစ်ခုကို တည်ဆောက်ရမယ့် ပုံစံမျိုး သရုပ်ဆောင်ရမှာဆိုတော့ ဒီဇာတ်ကောင်ကလည်း သူနဲ့လည်း တော်တော်လိုက်ဖက်လို့ Production ကလည်းရွေးတယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့ဆိုတော့ ဒီဇာတ်လမ်းကအစကတည်းက ရှိပြီးသား ရိုက်ဖို့အတွက်လည်း စဉ်းစားထားပြီးသား မင်းသမီးရွေးချယ်ရင်းနဲ့မှ ဒီကားလေးကို ရိုက်ကူးဖို့အတွက် ဖြစ်သွားတာပေါ့နော်။

အမှန်မှန်တော့ ကျွန်တော်တို့ဆီမှာ ရှိတဲ့ဇာတ်လမ်းတွေက 7sceneနဲ့ ရိုက်မယ့်ဇာတ်လမ်းတွေက အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီထဲကနေမှ ဘယ်ဟာကို ရှေ့ရိုက်မယ် ဘယ်ဟာကို နောက်ရိုက်မယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က သရုပ်ဆောင်ရိုက်ရက်တွေပေါ်မှာ မူတည်ပြီးတော့ သွားတာဆိုတော့ ဒီကားသည်သူနဲ့ လိုက်ဖက်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်တော်တို့ ရိုက်ကူးဖို့အတွက် စီစဉ်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

Comments are closed.