ဖိနပ်တွေ ဘီယာဗူးတွေ နဲ့ အပေါက်ခံခဲ့ရတဲ့ အကြောင်း ပြောပြတဲ့ ဖြူဖြူထွေး

ဖိနပ်တွေ ဘီယာဗူးတွေ နဲ့ အပေါက်ခံခဲ့ရတဲ့ အကြောင်း ပြောပြတဲ့ ဖြူဖြူထွေး

အနုပညာအလုပ်တွေကို အများကြီးလုပ်ဖြစ်လာတဲ့ ဖြူဖြူထွေးက Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာသူရဲ့သင်္ကြန်နဲ့ပတ်သတ်ပြီးကြုံရတဲ့အဖြစ်ကလေးတစ်ခုကို ပြောပြထားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းကို ပြောချင်လွန်းလို့ မိတ်ဆွေများသိရအောင်ပြောပြလိုက်ပါတယ်နော်။

သင်္ကြန်မှာလေးရက်ရှိတယ် ။ သင်္ကြန်တစ်လမှာလေးရက်ရှိတယ် အဲ့ဒီလေးရက်စလုံးကျနော့်ဖျော်ဖြေရေးငှားထားတာ။ ကျနော်တို့ရော မမေကဗျာတို့ရော အများကြီးပေါ့အနုပညာရှင်တွေကိုလေ သိတယ်မလာား ။အဲ့ဒီမှာ ငှားလည်းငှားရော ကျနော့်ကိုဘာနဲ့ပေါက်သလဲဆိုတော့ ဘီယာဘူးနဲ့လေ ဘီယာဘူးနဲ့ကိုမှာ သူက အရည်ပါတာကို သူကတက်နင်းထားတာ တက်နင်းထားတော့ ဝိတ်ပါတယ်လေ။ ဘီယာဘူးနဲ့လှမ်းပေါက်ဝှီးခနဲဆိုလှမ်းပေါက်လိုက်တာ ဗိုက်ကိုမှန်ပါလေရော။ ဗိုက်ကိုမှန်လည်းမှန်ရော ကျနော်ဘယ်လိုဖြစ်သွားလဲဆိုတော့ အဲ့ဒီအချိန်မှာ(စဉ်းစားလျက်)ငိုပြီးတော့လေ စင်ပေါ်ကမကတော့ဘဲနဲ့ဆင်းပြေးသွားတာပေါ့ ။ ဝမ်နည်းသွားတာပေါ့လေ သိတယ်မလား ။ ကိုယ့်တင်အပေါက်ခံရတာမဟုတ်ဘူး ကျန်တဲ့လူတွေပါအကုန်ပိတ်လို့မရဘူး ။ အကုန်အပေါက်ခံရတော့ သူကလမ်းပိတ်လို့ကို လမ်းပိတ်လို့အပေါက်ခံရတာ ။အဲ့ဒီမှာကိုယ်ကတော့ငိုနေတဲ့အချိန်မှာ လုပ်ငန်းရှင်ကလာပြောသွားတာ သမီးအလုပ်လုပ်တာ Professionalမဆန်ဘူး တဲ့ အံ့မယ် ငိုပြီးထပြေးသွားလို့လေ။

စင်ပေါ်ကနေဆင်းပြေးသွားတာကို Professional မဆန်ဘူးလို့အပြောခံရတယ်။နောက်တစ်နေ့ကျတော့ ကျနော့်ကိုဘာနဲ့ပေါက်လဲဆိုတော့ All Star နဲ့ပေါက်တယ်။ All Star မှရေစိုနေတဲ့All Star ။ ဒါနောက်ဆုံးနေ့ဖြစ်သွားပြီ နောက်ဆုံးရက်ဖြစ်သွားလို့ကျနော်က သီချင်းတွေဆိုတာပေါ့နော် တဖြည်းဖြည်းစိတ်ကိုလျော့ ဒေါသမထွက်နဲ့နော် သီချင်းကလည်းမိုက်နေတာ ။ ကိုယ့်အတွက်တော့ဟုတ်နေတာ သူတို့အတွက်တော့မသိဘူးပေါ့လေ။ အဲ့ဒီအချိန်မှာကားလမ်းကလည်းပိတ်နေတော့ All Star ဖိနပ်နဲ့ပစ်လိုက်တာ သိုင်းကလည်းနည်းနည်းတက်တော့ ဒီလိုကြီးရှောင်ထည့်လိုက်တာ ဒီဘက်ကနေ ဟပ် ဆိုကပ်သွားတာ လူကိုခပ်သွားတာ နောက်ကDJဆရာနားသွားပြီးဗုန်းဆိုကျတာပဲ။

အဲ့ဒီဖိနပ်က အဲ့တာပြီးလည်းပြီးရော နောက်ဆုံးလဲရောက်တွေ ဂွတွေ၊ မူလီတွေ ဆိုင်ကယ်တွေကပိတ်နေတော့သွားလို့မရတော့ သူတို့က မဏ္ဍပ်ကြောင့်ဆိုပြီးပစ်ကြတာ။ ကျနော်တစ်ယောက်တည်း အပေါက်ခံရတာမဟုတ်ဘူး အကုန်အပေါက်ခံရတာ။ အဲ့ဒီထဲမှာကျနော်က ကြားညပ် All Star ပိုင်ရှင်လေးပေါ့နော်။ မျက်နှကြီးသာမှန်ရင်တည့်စုတ်ပြတ်သွားမှာ ရေစိုနေတာဆိုတော့ အလေးကြီးပဲလေ။ အဲ့ဒီသင်္ကြန်မှာပဲအပေါက်ခံရတာ ကျန်တဲ့နယ်ပွဲတွေသွားရင်အားပေးကြတယ် ချစ်ကြတယ် အားလည်းအားပေးကြတယ်။ တောင်းလည်းတောင်းဆိုကြတယ်။ ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.