အကယ်ဒမီပွဲမှာ ဘယ်လိုအဆန်းထွင်မလဲ ပြောပြတဲ့ စည်သူ ပလပ်ကျွတ်

အကယ်ဒမီပွဲမှာ ဘယ်လိုအဆန်းထွင်မလဲ ပြောပြတဲ့ စည်သူ ပလပ်ကျွတ်

စူပါဟီးရိုးဝတ်စုံတွေ Anime ဇာတ်ကောင်တွေရဲ့ဝတ်စုံတွေ တစ်စုံပြီးတစ်စုံဝတ်ပြီး ပရိတ်​​တွေ တ​ဖြေး​ဖြေး စိတ်​ဝင်​တစား​စောင့်​ကြည့်​​နေရတဲ့ သရုပ်ဆောင်စည်သူပလပ်ကျွတ်က ဒီ​နေ့မှာ​တော့ အကယ်​ဒမီ ​ပေးပွဲနဲ့ ပတ်​သက်​ပြီး ရင်​ခုန်​စိတ်​လှုပ်​ရှားမှု​တွေ အဲ့​နေ့မှာ ဘယ်​လို​တွေ ဝတ်​ဆင်​သွားမလဲ သူ့သီချင်းအတွက်​ ဘယ်​လို​တွေပြင်​ဆင်​ပြီး သီချင်းနဲ့ ဘယ်​လို performance ​တွေပြုလုပ်​သွားမလဲဆိုတာကို ​ပြောပြသွားပါတယ်

ကို​ပေါဇာတ်​ကားရုံတင်​ရင်​ အကယ်​ဒမီရင်​ခုန်​ခွင့်​နဲ့ ပတ်​သက်​ပြီး သူ့အ​နေနဲ့ ” အမယ်​​လေး​လေး ရင်​ခုန်​ဖို့​နေ​နေသာသာ စိတ်​က​လေးနဲ့​ အိပ်​မက်​ထဲ​တောင်​ ထည့်​မမက်​ရဲပါဘူး အကယ်​ဒမီက ကိုယ့်​ထက်​​တော်​တဲ့ သရုပ်​​ဆောင်​​တွေအများကြီး​တောင်​ မရခဲ့တာ ကျန်​တာ အ​ဝေးကြီး မကြည့်​နဲ့ ကျွန်​​တော်​ အားကျရတဲ့ Idol ကိုခင်​လှိုင်​​တောင်​ မှ ကြည့်​​လေ သရုပ်​​ဆောင်​ပိုင်းမှာ အကြမ်းလာမလား အနုလာမလား ဟာသလာမလား စကားလုံး​တွေလာမလား ဘယ်​လိုလာမလဲ ကြိုက်​တဲ့ပုံစံမျိုးလာ သူ​တောင်​မှ လွဲခဲ့​သေးတာပဲ​ဗျာ ကျွန်​​တော်​လို ဘာမှမဟုတ်​တဲ့ဟာ​လေးက အခု​ပြောတာ​တောင်​ ကြက်​သီးထသွားပြီ မ​ပြောရဲပါဘူး။

အဲ့​တော့ သူများရတာကို အား​ပေးမယ်​ ဒါ​ပေမယ့်​ ကျွန်​​တော့်​ ကို​ပေါကားထဲမှာ​တော့ အစွမ်းကုန်​​ ကြိုးစားထားပါတယ်​ အဲ့ကားက​တော့ location ဇာတ်​လမ်း ဇာတ်​အိမ်​က အကယ်​ဒမီစာရင်းဝင်​တဲ့ကားဖြစ်​​နေတယ်​ ဆင်​ဆာလူကြီး​တွေကိုယ်​တိုင်​က ကြိုက်​​နေတဲ့ကား အဲ့ဒီကားက​တော့ ကျွန်​​တော်​ ရင်​ခုန်​လို့ရတယ်​ ကျွန်​​တော့်​အတွက်​​တော့ မဟုတ်​ပါဘူး တခြားသူ​တွေအတွက်​ပါ ကိုဆင်​မတို့ cameramanတို့ locationအတွက်​တို့ ပရိုဂျူဆာအတွက်​တို့ ရဲရဲဝင့်​ဝင့်​ ထုတ်​လုပ်​​ပေးလို့ သူတို့ကို​တော့ ကျွန်​​တော်​က ရင်​ခုန်​​ပေးချင်​ပါတယ်​”လို့ သူရဲ့ အကယ်​ဒမီနဲ့ပတ်​သက်​ပြီး ရင်​ခုန်​သံကို​ပြောပြသွားပါတယ်​။

ဆက်​လက်​ပြီး အကယ်​ဒမီ​ပေးပွဲကို တက်​​ရောက်​ဖြစ်​မယ့်​ပုံကို သူက”အဲ့​နေ့မှာ ဘယ်​လိုဝတ်​မလဲ ဆိုတာကို ကျွန်​​တော်​ ​တွေးထားပါတယ်​ ကြိုတင်​ပြင်​ဆင်​​နေပါပြီ မရိုင်း​အောင်​​တော့ ပြင်​ဆင်​​နေပါတယ်​ ​တော်​ကြာ ​ဝေဖန်​မှု​တွေ မြှင့်​တက်​​နေမှာလည်း စိုးရ​သေးတယ်​ ပွဲနဲ့လည်း ကိုက်​ညီ​အောင်​ အစည်းအရုံးကလူကြီး​တွေလည်း ကြိုက်​​အောင်​ ပြီး​တော့ ပရိတ်​သတ်​​တွေလည်း ကြိုက်​နှစ်​သက်​​အောင်​ အားလုံးရဲ့ အမြင်​မှာ ဆန်းလည်း ဆန်းရမယ်​ ကြည့်​​ကောင်းရမယ်​ဆိုတဲ့ဟာ​လေး​တော့ ဖန်​တီးဖို့ လုပ်​​နေပါတယ်​ ဘယ်​လိုပုံစံလဲဆိုတာကို​တော့ မ​ပြော​သေးဘူး”လို့ အကယ်​ဒမ်ီ​ပေးပွဲကို တက်​မယ့်​ ဝတ်​စုံအ​ကြောင်း​ပြောကြားသွားပါတယ်။

လတ်​တ​လော အနုပညာ လှုပ်​ရှားမှု အ​နေနဲ့ “ကျွန်​​တော်​ အခု marvelသီချင်းရယ်​ DCသီချင်း နှစ်​ပုဒ်​ကို ​ကချင်​ပြည်​နယ်​က ​တေးဆရာ အလွမ်းနဲ့ ​တေး​ရေး ဒိုး တို့နှစ်​​ယောက်​နဲ့ အဲ့သီချင်းနှစ်​ပုဒ်​လုပ်​​နေပါတယ်​ သီချင်းထွက်​တာနဲ့ super hero ဝတ်​စုံ​တွေဝတ်​ပြီး Showပွဲကြီး ဆိုပြချင်​ပါတယ်​ သင်္ကြန်​ပြီးရင်​ Sponsor ရတာနဲ့ ​မျှော်​စင်​ကျွန်းမှာ ပြုလုပ်​သွားမှာပါ”လို့ ​ပြောပြသွားပါတယ်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.