နမူနာဗီဒီယိုအတိုနဲ့တင် မျက်ရည်စို့ခဲ့ရတဲ့ “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီး

နမူနာဗီဒီယိုအတိုနဲ့တင် မျက်ရည်စို့ခဲ့ရတဲ့ “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီး

စာ​ရေးဆရာမ စံပယ်​ဖြူနုရဲ့နာမည်​ကြီး ဖြစ်ရပ်မှန် ဝတ္တုဇာတ်လမ်းတစ်​ပုဒ်​ဖြစ်​တဲ့ ” လှပ်၍လွင့်သော ကမ္ဘာ” ကို ဒါရိုက်​တာဝိုင်းက ရုပ်​ရှင်​အဖြစ်​နဲ့ အကောင်းဆုံး ပုံ​ဖော်​ထားတဲ့ “လှပ်​၍လွင့်​​သော” ရုပ်​ရှင်​ဇာတ်ကားကြီးကို​တော့ မကြာခင်​မှာပဲ ပိတ်ကားထက်မှာ ပရိသတ်​​တွေ ကြည့်​ရှုကြရ​တော့မှာပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းမြုပ်ကွက်တွေအပြင် သရုပ်ဆောင်တွေရဲ့သဘာဝကျကျ သရုပ်ဆောင်မှုတွေကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်ကားတစ်ကားဖြစ်လာမယ်ဆိုတာကတော့ မလွှဲမသွေပါပဲ။ အဆိုပါရုပ်​ရှင်​ဇာတ်ကားကြီးထဲမှာ​တော့ နာမည်​ကြီး သရုပ်ဆောင်တွေဖြစ်​ကြတဲ့ ကျော်ရဲအောင်၊ မို့မို့မြင့်​​အောင်​၊ ​ဖွေး​ဖွေးနဲ့ ခင်​ဝင့်​ဝါတို့သုံး​ယောက်​ရဲ့အမိုက်​စားသရုပ်​​ဆောင်​ချက်​​တွေကို ​တွေ့မြင်​ရမှာပါ။

အဆိုပါဇာတ်ကားထဲမှာတော့ ခင်ဝင့်ဝါက မောင်လေးကို အရမ်းချစ်တဲ့ အမတစ်ယောက်နေရာက မာန်အပြည့်နဲ့ သဘာဝကျကျ သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေက ပိုလို့ စိတ်ဝင်စားနေကြတာပါ။

နှစ်ပေါင်းများစွာ မောင်လေးအတွက် မတရားသဖြင့် ခံစားနေရတဲ့ “​မကြည်ပြာ” အဖြစ် မို့မို့မြင့်အောင်ကို သူမရဲ့ဝါရင့်အနုပညာစွမ်းရည်တွေအပြည့်နဲ့ သရုပ်ဆောင်ထားပါတယ်။

ကြည့်ရင်းနဲ့ကို မျက်ရည်စို့ခဲ့ရတဲ့ “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားနမူနာဗီဒီယိုအတို

“လှပ်​၍လွင့်​​သော” ရုပ်​ရှင်​ဇာတ်ကားကြီးကို​တော့ ဒါရိုက်တာ ဝိုင်းက ဖန်​တီးပုံ​ဖော်​ထားတာဖြစ်​ပြီး ကျော်ရဲအောင်၊ မို့မို့မြင့်​​အောင်​၊ ​ဖွေး​ဖွေးနဲ့ ခင်​ဝင့်​ဝါတို့က အ​ကောင်းဆုံး သရုပ်​​ဆောင်​ထားကြတယ်​လို့ သိရပါတယ်​။ ပရိသတ်​​တွေကို ခံစားချက်​မျိုးစုံ ​ပေးစွမ်းနိုင်​မယ့်​ “လှပ်​၍လွင့်​​သော” ရုပ်​ရှင်​ဇာတ်ကားကြီးကို​တော့ မတ်လ၂၂ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရုံတင်သွားမယ်​လို့ သိရပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ဒိတ်​ဒိတ်​ကြဲ သရုပ်​​ဆောင်​​တွေရဲ့ အမိုက်​စား သရုပ်​​ဆောင်​ချက်​​တွေကို​တွေ့မြင်​ရမယ့်​ “လှပ်​၍လွင့်​​သော” ရုပ်​ရှင်​ဇာတ်ကားကြီးရုံတင်​ရင်​ အား​ပေးကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.