လွန်ခဲ့တဲ့ (၁၁)နှစ် Melody World သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ သာဒီးလူရဲ့ ဗီဒီယို

လွန်ခဲ့တဲ့ (၁၁)နှစ် Melody World သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ သာဒီးလူရဲ့ ဗီဒီယို

သီချင်းကောင်းတွေကို သီဆိုရင်း ပရိသတ်တွေရဲ့ စိတ်နှလုံးကို ညှို့ငင်နိုင်သူ အဆိုတော် သာဒီးလူဟာ လူကြိုက်များအောင်မြင်တဲ့ အဆိုတော်တစ်ဦးပါပဲ။ သာဒီးလူရဲ့ သီချင်းတွေက ပရိသတ်ရဲ့ ခံစားချက်နဲ့ ထပ်တူကျလွန်းတာကြောင့် သူသီဆိုတဲ့ သီချင်းတိုင်းလိုလို အောင်မြင်တာကို တွေ့ရပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ သာဒီးလူဟာ အခုဆိုရင် အားပေးသူပရိသတ်အခိုင်အမာရရှိတဲ့ အဆိုတော်ကြီးတစ်ဦးလဲ ဖြစ်လို့နေပါပြီ။

ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ အဆိုတော် သာဒီးလူဟာ လွန်ခဲ့တဲ့ (၁၁)နှစ်ကျော်လောက်က Melody World သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။ ထိုအချိန်က သာဒီးလူရယ်လို့ မသိကြသေးတဲ့ ပရိသတ်တွေအတွက် Melody World သီချင်းဆိုပြိုင်ပွဲမှ သာဒီးလူရဲ့ ယှဉ်ပြိုင်သီဆိုနေပုံကို မျှဝေပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ (၁၁)နှစ် Melody World သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ သာဒီးလူရဲ့ ဗီဒီယို

“2008 မှာပြိုင်စဉ်က …ပြိုင်ပွဲဝင်တွေအားလုံး အပြိုင်အဆိုင်အစွမ်းပြခဲ့ကြတာ ဒိုင်တွေလဲ ရွေးရတာအတော်ဦးဏှောက်စားခဲ့ကြရမယ်ထင်တယ်။” ဆိုပြီး Melody World က သာဒီးလူကို ချီးကျူးထားတာကို တွေ့ရပါတယ်။

သာဒီးလူက ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပုံရိပ်ကို ပရိသတ်ကြီးလဲ သဘောကျကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ လူဆိုတာ ကြိုးစားရင် ဘမဆိုရရှိနိုင်တယ်ဆိုတာကို သာဒီးလူက သက်သေပြသွားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ မိမိတို့ရဲ့ အိပ်မက်တွေကို လက်မလျှော့စတမ်း ကြိုးစားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.